ရင်ဖွင့်ချင်လို့ပါရှင် ကျွန်မအသက်27ပါ သူက 38 ပါ အိမ်ထောင်သက် 9 နှစ်ရှိပါပြီ
စယူကစကသူ့မှာအလုပ်မရှိပါဘူး သူ့မိဘကထောက်ပံ့ပေးကျွေးထားပါတယ်
သူတို့သားကိုအလုပ်လည်းမခိုင်းပါဘူး
ယူပြီး 3လနေတော့ညီမကိုယ်ဝန်ရှိပါတယ်
အဲ့တလျှောက်ကတော့ဘာမှလုပ်စရာမလိုဖူးဖူးမှုတ်ချစ်ပြကျပါတယ်
ဗိုက်ကြီးတော့အမေ့အိမ်သွားနေချင်တာ်ညီမကပြောတော့သူရောလိုက်ပြောင်းနေပါတယ်
ညီမအမေကနည်းနည်းအနေအထိုင်ဟော့ပါတယ် နောက်အိမ်ထောင်နဲ့ပါ
အဖေကငယ်ငယ်ထဲကမရှိတော့ပါဘူး
ညီမအမေကလည်းအနေအထိုင်အပြောအဆိုလည်းသိပ်မတတ်ပါဘူး
ကိုယ့်သမက်ကို အဲ့ကောင်မကိုချော့ခိုင်းတို့ ချော့ခိုင်းရင်ရတယ်လို့ ပထွေးရှေ့မှာပါပြောပါတယ်
ကိုကအမေတယောက်ပဲရှိတော့တယ်ဆိုပြီးအစစအရာရာစေတနာထားပါတယ်
နောက်ပိုင်းအိမ်ထောင်သက်ကြာလာတော့ ကို့မိဘကတောင်အဲ့လိုပြောထားတော့ယူထားတဲ့လင်ကပါ
ကို့အမေလည်းမလေးစားတော့ ညီမကိုလည်းရိုက်နှက်ပြောဆိုတော့တာပါပဲ
စိတ်အရမ်းဆင်းရဲရပါတယ် မောင်နှမသားချင်းလည်းမရှိပါဘူး
ကိုယ့်နာက်မှာပြန်ကြည့်ကျောပဲရှိပါတယ် အားကိုးရမလားလို့ယူထားတဲ့ယောကျားကလည်းအမြဲနှိမ်
ည 12နာရီဆိုအသံပြဲနဲ့မျိုးစုံဆဲဆိုပါတယ် ဓားနဲ့ရွယ်ပါတယ် အရမ်းလည်းရှက်ရပါတယ်
အဲ့လိုတွေပြုမူခံရချိန်လဲဘယ်သူ့အားကိုးရမလဲလဲ ညီမမသိပါဘူး
အခုလည်းသူနဲ့မညားခင်က မိဘကပစ်ထားလို့ဖာခံစားနေတဲ့ကောင်မကိုယူမိတာ
ငါ့မိဘတွေ ငါ့သူငယ်ချင်းတွေကမယူခိုင်းဘူး ပြောဆိုပါတယ်
ညီမအပျိုဘဝကိုသူ့ကိုပဲချစ်ပြီးပေးခဲ့တာပါ သူကအိမ်ထောင်ကွဲခလေးတော့မရှိပါဘူး
အာ့တောင်စော်ကားပြောဆိုရိုက်နှက်ခံရပါတယ် လူမျိုးစုံနဲ့ပေးစားပါတယ်
လူ့ရတာသူရွှေလုပ်ဝတ်ပြီး ညီမကျမသိချင်ယောင်စောင်နေပါတယ် အရမ်းဝမ်းနည်းပါတယ်
ညီမအိမ်မှာသူနေပြီးသူလာစော်ကားတာတွေခံနေရပါတယ်
တခါရန်ဖစ်တုန်းကလည်းခလေးခေါ်ပြီးသူ့အမေအိမ်သွားနေပါတယ်
အဲ့အချိန်စိတ်ဖိစီးပြီးသူရိုက်နှက်တဲ့ဒဏ်ကြောင့်ကိုယ်ဝန်ပျက်ကျသွားပါတယ်
အိမ်မှာတယောက်ထဲသေမလိုလူးလဲခံစားရပါတယ် ခလေးတွေ့ချင်လို့သူအမေအိမ်အောက်ကျခံလိုက်သွားတော့လဲ ခြေထောက်နဲ့ပြေးကန်နှင်ထုတ်ပါတယ်
လိုင်းပေါ်မှာလည်းရှုတ်ထားတာမိပါတယ် သူ့အရင်မိန်းမကလည်း သူကိုစကားလာလာပြောပါတယ် နိုင်ငံခြားကနေ
ရန်ဖစ်တိုင်းလည်းပတ်ပတ်စက်စက်ပြောဆိုခံရပါတယ်
ခလေးမခွဲနိုင်လို့အောင့်အီးပေါင်းပေမဲ့ဒဏ်မခံနိုင်တော့ပါဘူး
သူကခလေးကိုခေါ်ခေါ်သွားပြီးပေးမတွေ့ပါဘူး
ညီမဘယ်လိုရှေ့ဆက်သင့်လဲ
ညီမကိုနွေးထွေးမှုပေးမယ့်သူတယောက်မှမရှိပါဘူး တယောက်ထဲအထီးကျန်ပြီးသေချင်စိတ်ပေါက်နေလို့ပါ
ဗိုက်ကြီးတော့အမေ့အိမ်သွားနေချင်တ်ာညီမကပြောတော့သူရောလိုက်ပြောင်းနေပါတယ်