ရည်းစားနဲ့ ချစ်လာတာ 2နှစ်ရှိပီ
Hsလဲ ရှိခဲ့ပါတယ်
ကိုယ်က ခေါင်းအရမ်းမာတယ်
အရာရာ ကိုယ့်စိတ် ကိုယ့်သဘော ကိုယ့်ဆန္ဒတိုင်းဖြစ်ချင်တဲ့ လူမျိုးပါ
ရည်းစားကိုလဲ အရမ်းချစ်ပါတယ်
ကျွန်မအသက်က 22နှစ် 23ပြည့်တော့မှာမို့ငယ်သေးတယ်လို့ဆိုရမှာပါဘဲ(အလုပ်အကိုင်ရှိပါတယ်)
သူကတော့ 28 ပါ
ရည်းစားကို ချစ်လွန်းတော့ စိတ်မချဘူး
ယူရအောင်ကလဲ ကိုယ်က ငယ်လဲ ငယ်သေးမို့ ယူဖို့က မဖြစ်နိုင်သေးပါဘူး
ရည်းစားက ပွေရှူပ်တဲ့ထဲ ပါ,ပါတယ်(ဗီဇအရရော ကားသမားမို့ရောပါ)
ကိုယ်လဲ သူပွေရှုပ်မှန်း စတွဲကတည်းက သိပီးသားပါ
သူ့ဖုန်းထဲ တစ်ခြားမိန်းကလေးတွေနဲ့ စာပို့ထားတာ သိရင်တောင် ကျွန်မ တစ်ခွန်းမှ မတားဘူး မပြောခဲ့ဘူး
နောက်ပီး ရည်းစားက အရက်လဲသောက်တယ်
လောင်းကစားလဲ နဲနဲပါးပါးလုပ်တယ်(ကိုယ့်ပိုက်ဆံလဲ မသိဘဲ ချေးပေးခဲ့မိတယ်)
အရင်က ဆေးသုံးတယ်ကြားတယ်(အခုတော့ ပြတ်ပီထင်မိ)
အိမ်ထောင်ကွဲ ဆိုလားဘဲ အသိထဲက တစ်စွန်းတစ်စပြောသံလဲ ကိုယ်ကြားမိတယ်
သေတော့ မသေချာပေမဲ့ အရမ်းလန့်မိတယ်
ရည်းစားဆီမေးတော့လဲ နှစ်ခါမေးရင် အဖြေကနှစ်မျိုးထွက်ပါတယ်
သူကအပေါင်းသင်းလဲမက်တယ်
ကိုယ်လဲ ဒါတွေသိတယ် ချစ်ရင် အရာရာခွင့်လွှတ်ပေးနိုင်ရမှာပေါ့ဆိုပီး ကိုယ်တစ်ခွန်းမှ မတားဘူ
( သူအရက်သောက်မယ်ဆိုရင်တောင် အစာတစ်ခုခုစားပီးမှ သောက်နော်
မဟုတ်ရင် ဘေးဖြစ်နေအုံးမယ်ဆိုပီး ကိုယ်တိုင်စိတ်ပူလို့ အဲ့လိုမှာပီး သောက်ခိုင်းပါတယ်)
ချစ်တယ်ဆိုတာထက် ရည်းစားဦးမို့ အရူးအမူးဖြစ်မိပါတယ်
(တစ်ခါတစ်ခါ သူအပြင်တွေမှာသောက်နေတာ သိရင် ကိုယ့်မှာ အရမ်းစိတ်ပူတယ်
အိမ်များ ပြန်မအိပ်ဘဲသူငယ်ချင်းအိမ်တွေ သွားအိပ်နေမလား ဟိုတယ်မှာ တစ်ခြားမိန်းကလေးတွေနဲ့များ သွားအိပ်နေမလားပေါ့)
တစ်ခါက ကိုယ့်လည်ပင်းကိုတောင် သူစိတ်ဆိုးပီး ညှစ်ဖူးတယ်
ကိုယ့်ကိုလဲ သူအားနဲ့ အကြိမ်ကြိမ် လဲကျသည်ထိ ပစ်တွန်းဖူးတယ်
အော် သူဘီယာသောက်ပီး ငါ ရစ်တာ မခံနိုင်လို့ စိတ်ဆိုးတာနေမှာပါဆိုပီး အပြစ်လဲ မမြင်ခဲ့ပါဘူး
ဒါပေမယ့် တစ်ခါတစ်လေတော့ သူ့ကို အရမ်းစိတ်ပျက်မိပါတယ်
စိတ်ပျက်လို့ သူ့ကို တစ်ခါတစ်လေ ရန်ရှာ ဂျီတိုက် စိတ်ဒုက္ခပေးပီး သူစိတ်ညစ်ပီး ကျွန်မကို blockပီး ထားသွားပါစေဆိုပီး
အကြိမ်ကြိမ်သူ့ကို စိတ်ဒုက္ခလဲပေးမိခဲ့တယ်
ဒါပေမယ့် တကယ်တမ်း သူ ပစ်ထားတော့ မနေနိုင်ဘူး သူ့ကို အရမ်းလွမ်းတယ်
အဲ့နဲ့ ကိုယ့်ဘက်ကဘဲ ပြန်ချော့ပြန်ခေါ်တယ်
အဲ့လိုဘဲ သံသရာလည်နေတယ်
အိမ်က မိသားစုကပြောတယ်
အရမ်းချစ်နေရင် ယူလိုက်တဲ့ မတားဘူးတဲ့
အဲ့လိုကျပြန်တော့လဲ ကျွန်မ တကယ် မယူရဲပါဘူး
သူ့အကြောင်းကို တွဲလာတာ နှစ်ကြာတော့ ကောင်းကောင်းသိပီမို့
သူနဲ့ယူရင် အနဲ နဲ့အများ စိတ်ဆင်းရဲရမှာပါ 100%မှာ 95%လောက်က စိတ်ဆင်းရဲရဖို့ များပါတယ်
ကိုယ့်အပေါ် မကောင်းမှန်း သိရက်နဲ့လဲ သူ့ကို သေထိ စွန့်ခွာသွားဖို့ စိတ်ကူးကလဲ မရှိပြန်ပါဘူး
ကောင်းကောင်းဆိုးဆိုး သူ့ဗီဇအရ သူဆိုးချင်သလောက်ဆိုးစမ်းပါ ကျွန်မ ဘေးကနေ ပြုံးပြုံးကြီးကြည့်ပီး ချစ်ပေးချင်တာပါ
သူဆိုးနေရင်တောင် အဲ့အဆိုးထဲမှာ သူ့ကို တစ်ယောက်ထဲ ချန်မထားခဲ့နိုင်ပြန်ဘူး
ကျွန်မ သူနဲ့အတူရှိနေချင်သေးတယ်
စိတ်တွေက ဘားမှ ရေရေရာရာ မဆုံးဖြတ်နိုင်ပါဘူး သူနဲ့ ဝေးရာ ပြည်ပထွက် အလုပ်လုပ်ရမလားလို့ စဉ်းစားမိတယ်
ဒါပေမယ့် မလိမ္မာဆိုးသွမ်းတဲ့ သူ့ကိုလဲ တကယ်လို့ မတတ်သာတဲ့ အဆုံး အချစ်နဲ့ ဝေးရမယ် ဆိုရင်တောင်
အချစ်ကို လူကောင်းသူကောင်းလေးအဖြစ် ဘဝမှာ အဆင်ပြေပြေဖြတ်သန်းနေတာဘဲ မြင်ချင်တာပါ
ပစ်ထားခဲ့ဖို့ စိတ်ကူးပြန်ရင်လဲ စိတ်လုံး၀ မချဘူး အော် ဘယ်ဘဝက ဝဋ်ကြွေးလဲနော်
Hsလဲ ရှိခဲ့ပါတယ်
သူကတော့ 28 ပါ