ညီမကောင်လေးနဲ့ ညီမအလုပ်ကိစ္စကြောင့်တွေ့ခဲ့တာပါ
စတွေ့တုန်းကသူ့ဘက်ကတအားတွေချစ်ပေးခဲ့တယ် မျက်နှာတစ်ချက်မပျက်အောင်အလိုလိုက်ပေးတယ်
နေ့တိုင်းသူသင်တန်းပြီးရင်လာလာတွေ့တယ်
သူကမန္တလေးကနေရန်ကုန်ကိုသင်တန်းတာတက်တာမို့ သူ့သင်တန်းမပြီးခင်အထိ သူ့ဘက်ကညီမအနားမှာလိုလေသေးမရှိချစ်ပေးခဲ့ပါတယ်
ညီမလဲ သူ့ကိုမတွေ့ရရင်မနေနိုင်လောက်တဲ့အထိချစ်မိခဲ့တာပါ
သူနေမကောင်းလို့ သူ့အဆောင်ထိ လေးဝယ်ပို့ဆေးလဲဝယ်ပေးနဲ့ဂရုစိုက်ပေးခဲ့တာပါ
ဒီလိုနဲ့တစ်ရက်ကျပြသနာတက်လို့ သူရဲစခန်းရောက်တယ်
မနက်အိမ်ကပြန်ခေါ်လို့ပြန်ရတော့မယ်ဆိုပြီးပြောပါတယ်
ညီမလဲသိသိချင်းမျက်ရည်နဲ့မျက်ခွက် ငိုယိုနေခဲ့ရတာပါ
မနက်သူပြန်မယ့်ကားချိန်မတိုင်ခင်ဖုန်းဆက်ပါ လာတွေ့ပါ့မယ်ဆိုပြီး သူ့ကိုပူဆာခဲ့ပါတယ်
သူကလဲလာတွေ့ဆိုပြီးပြောလို့ တစ်ညလုံးမအိပ်ပဲစောင့်ခဲ့ရပါတယ်
မနက်ကျသူပြန်ပြီးဆိုပြီးဖုန်းပဲဆက်တယ် ပြီးတော့ခေါ်လို့မရတော့ပါဘူးဖုန်းကို
ညီမလဲငိုဖို့ကလွဲပြီးမသိတော့လို့ငိုပဲငိုနေလိုက်တယ်
နေ့လည်ကျညီမအလုပ်ပေါ်လာလို့ မြေနီကုန်းကိုအသွား လှည်းတန်းမှာ ညီမစီးလာတဲ့ကားပေါ်သူနဲ့သူငယ်ချင်းအုပ်စုလိုက်တက်လာပါတယ်
ညီမကိုမြင်တော့သူကဆင်းပြေးပေမယ့် ညီမမြင်လိုက်လို့ သူ့ကိုဖုန်းခေါ်ခဲ့ပါတယ်
အဲ့အထိသူပြန်ပြီလို့လိမ်နေတုန်းပါ
ခနနေမှညီမကိုအမှန်တိုင်းပြောပါတယ် သူ့သူငယ်ချင်းတွေနဲ့နေချင်လို့ ညီမကိုသူ့ဘော်ဒါတွေပမခေါ်ခိုင်းလို့မခေါ်တာပါလို့ပြောတယ်
ညီမလဲစိတ်တအားတိုပြီးသူ့ကိုစိတ်ကောက်ခဲ့မိပါတယ်
သူက စိတ်ကောက်ရမလားဆိုပြီး သူ့အိမ်ကိုတကယ်ပြန်သွားပါတယ်
သူပြန်တဲ့နေ့ကစပြီး အဆက်အသွယ်သေချာမရတော့ပါဘူး
ဖုန်းလဲမကိုင်တော့ပါဘူး ညီမလဲအဲ့ရက်တွေမှာရောဂါဟောင်းပြန်ထလို့သေမလိုဖြစ်နေခဲ့တာပါ
ရက်နည်းနည်းကြာတော့ သူ့မိုင်ဒေးမှာ သူစပရိုက်ဂေ့ဖ်ရတဲ့အကြောင်းတင်ထားပါတယ်
ညီမလဲမေးကြည့်တော့သူ့ကောင်မလေးပေးတာဆိုပြီးပြောပါတယ်
သိသိချင်းပူထူသွားပေမယ့် သူ့ကိုချစ်လို့ညီမလက်ခံပေးခဲ့ပါတယ်
ဒါပေမယ့် သူ့ဘက်ကနှစ်ယောက်ထဲကတစ်ယောက်ကိုရွေးခိုင်းရင်စိတ်ဆိုးပါတယ်
ညီမကိုလဲချစ်တယ်လို့ပြောပါတယ် ဟိုကောင်မလေးကိုလဲညီမကိုယ်ချင်းစာလို့ အတင်းမရွေးခိုင်းခဲ့ပါဘူး
ဒါပေမယ့်သူက ညီမတို့ကိုပေါ့ပျက်ပျက်ပဲသဘောထားပြီး ညီမပြောတာတွေကိုလဲအဖက်မလုပ်ပါဘူး
ဟိုကောင်မလေးကိုလဲချစ်တယ် နင့်ကိုလဲလက်လွှတ်မပေးဘူးလို့ပြောပါတယ်
အခုညီမသူ့ကိုပြတ်သားချင်ပေမယ့် ချစ်တာကြောင့်ပြတ်သားမရဲဖြစ်နေပါတယ်
ကျေးဇူးပြုပြီး ညီမအတွက်အကြံလေးပေးကြပါ
တစ်ဖက်မိန်းကလေးကိုလဲ ညီမဒီပိုစ့်ကိုပြမှာပါ သူ့အတွက်လဲအကြံပေးကြပါဦး တအားမွန်းကြပ်နေလို့ပါ
ညီမေကာင္ေလးနဲ႔ ညီမအလုပ္ကိစၥေၾကာင့္ေတြ႕ခဲ့တာပါ
စေတြ႕တုန္းကသူ႔ဘက္ကတအားေတြခ်စ္ေပးခဲ့တယ္ မ်က္ႏွာတစ္ခ်က္မပ်က္ေအာင္အလိုလိုက္ေပးတယ္
ေန႔တိုင္းသူသင္တန္းၿပီးရင္လာလာေတြ႕တယ္
သူကမႏၲေလးကေနရန္ကုန္ကိုသင္တန္းတာတက္တာမို႔ သူ႔သင္တန္းမၿပီးခင္အထိ သူ႔ဘက္ကညီမအနားမွာလိုေလေသးမရွိခ်စ္ေပးခဲ့ပါတယ္
ညီမလဲ သူ႔ကိုမေတြ႕ရရင္မေနႏိုင္ေလာက္တဲ့အထိခ်စ္မိခဲ့တာပါ
သူေနမေကာင္းလို႔ သူ႔အေဆာင္ထိ ေလးဝယ္ပို႔ေဆးလဲဝယ္ေပးနဲ႔ဂ႐ုစိုက္ေပးခဲ့တာပါ
ဒီလိုနဲ႔တစ္ရက္က်ျပသနာတက္လို႔ သူရဲစခန္းေရာက္တယ္
မနက္အိမ္ကျပန္ေခၚလို႔ျပန္ရေတာ့မယ္ဆိုၿပီးေျပာပါတယ္
ညီမလဲသိသိခ်င္းမ်က္ရည္နဲ႔မ်က္ခြက္ ငိုယိုေနခဲ့ရတာပါ
မနက္သူျပန္မယ့္ကားခ်ိန္မတိုင္ခင္ဖုန္းဆက္ပါ လာေတြ႕ပါ့မယ္ဆိုၿပီး သူ႔ကိုပူဆာခဲ့ပါတယ္
သူကလဲလာေတြ႕ဆိုၿပီးေျပာလို႔ တစ္ညလုံးမအိပ္ပဲေစာင့္ခဲ့ရပါတယ္
မနက္က်သူျပန္ၿပီးဆိုၿပီးဖုန္းပဲဆက္တယ္ ၿပီးေတာ့ေခၚလို႔မရေတာ့ပါဘူးဖုန္းကို
ညီမလဲငိုဖို႔ကလြဲၿပီးမသိေတာ့လို႔ငိုပဲငိုေနလိုက္တယ္
ေန႔လည္က်ညီမအလုပ္ေပၚလာလို႔ ေျမနီကုန္းကိုအသြား လွည္းတန္းမွာ ညီမစီးလာတဲ့ကားေပၚသူနဲ႔သူငယ္ခ်င္းအုပ္စုလိုက္တက္လာပါတယ္
ညီမကိုျမင္ေတာ့သူကဆင္းေျပးေပမယ့္ ညီမျမင္လိုက္လို႔ သူ႔ကိုဖုန္းေခၚခဲ့ပါတယ္
အဲ့အထိသူျပန္ၿပီလို႔လိမ္ေနတုန္းပါ
ခနေနမွညီမကိုအမွန္တိုင္းေျပာပါတယ္ သူ႔သူငယ္ခ်င္းေတြနဲ႔ေနခ်င္လို႔ ညီမကိုသူ႔ေဘာ္ဒါေတြပမေခၚခိုင္းလို႔မေခၚတာပါလို႔ေျပာတယ္
ညီမလဲစိတ္တအားတိုၿပီးသူ႔ကိုစိတ္ေကာက္ခဲ့မိပါတယ္
သူက စိတ္ေကာက္ရမလားဆိုၿပီး သူ႔အိမ္ကိုတကယ္ျပန္သြားပါတယ္
သူျပန္တဲ့ေန႔ကစၿပီး အဆက္အသြယ္ေသခ်ာမရေတာ့ပါဘူး
ဖုန္းလဲမကိုင္ေတာ့ပါဘူး ညီမလဲအဲ့ရက္ေတြမွာေရာဂါေဟာင္းျပန္ထလို႔ေသမလိုျဖစ္ေနခဲ့တာပါ
ရက္နည္းနည္းၾကာေတာ့ သူ႔မိုင္ေဒးမွာ သူစပ႐ိုက္ေဂ့ဖ္ရတဲ့အေၾကာင္းတင္ထားပါတယ္
ညီမလဲေမးၾကည့္ေတာ့သူ႔ေကာင္မေလးေပးတာဆိုၿပီးေျပာပါတယ္
သိသိခ်င္းပူထူသြားေပမယ့္ သူ႔ကိုခ်စ္လို႔ညီမလက္ခံေပးခဲ့ပါတယ္
ဒါေပမယ့္ သူ႔ဘက္ကႏွစ္ေယာက္ထဲကတစ္ေယာက္ကိုေ႐ြးခိုင္းရင္စိတ္ဆိုးပါတယ္
ညီမကိုလဲခ်စ္တယ္လို႔ေျပာပါတယ္ ဟိုေကာင္မေလးကိုလဲညီမကိုယ္ခ်င္းစာလို႔ အတင္းမေ႐ြးခိုင္းခဲ့ပါဘူး
ဒါေပမယ့္သူက ညီမတို႔ကိုေပါ့ပ်က္ပ်က္ပဲသေဘာထားၿပီး ညီမေျပာတာေတြကိုလဲအဖက္မလုပ္ပါဘူး
ဟိုေကာင္မေလးကိုလဲခ်စ္တယ္ နင့္ကိုလဲလက္လႊတ္မေပးဘူးလို႔ေျပာပါတယ္
အခုညီမသူ႔ကိုျပတ္သားခ်င္ေပမယ့္ ခ်စ္တာေၾကာင့္ျပတ္သားမရဲျဖစ္ေနပါတယ္
ေက်းဇူးျပဳၿပီး ညီမအတြက္အႀကံေလးေပးၾကပါ
တစ္ဖက္မိန္းကေလးကိုလဲ ညီမဒီပိုစ့္ကိုျပမွာပါ သူ႔အတြက္လဲအႀကံေပးၾကပါဦး တအားမြန္းၾကပ္ေနလို႔ပါ