စာဖတ်ရတာတအားရှည်နေမှာစိုးလို့ လိုရင်းပဲရေးပါမယ်ရှင့်
ညီမ အသက်၂၃ပါ အိမ်ထောင်ရှိပါတယ် အမျိုးသားက ၃၀ သဘော်သားပါ
အိမ်ထောင်ကျတာ ၁နှစ်နဲ့ ၂လပါ သမီးလေးခွဲမွေးထားတာ ၂ပတ်ပဲရှိပါသေးတယ်
မနေ့ညကမှ အမျိုးသားရဲ့ fake accကိုဖုန်းထဲမှာတွေ့လို့ပါ
မိန်းမ တော်တော်များများနဲ့ အိပ်ယာပေါကကိစ္စတွေပြောထားတာ
တချို့ကျ အခကြေးငွေနဲ့တချို့ကျ သမီးရည်းစားပုံစံမျိုးတွေ
ဖတ်ဖတ်ချင်းကွကိုယ်လဲ မယုံနိုင်လို့ ဖုန်းနဲ့ ရိုက်ထားမိလိုက်ပါတယ်
မသိချင်ယောင်ဆောင်နေဖို့တကယ်မတက်နိုင်လို့ မေးလိုက်တော့ စိတ်ထွက်ပေါက်အနေနဲ့သုးံတာဆိုပီးပဲပြောနေပါတယ်
သူ့ကိုလည်းခွင့်လွတ်ပေးဖို့နဲ့ ဒုတိယ အကြိမ်အခွင့်အရေးပေးပါပဲ ပြောနေပါတယ်
ဒါပေမဲ့ အိမ်ထောင်သက် ၁နှစ် ၂လ လုးံ အလိမ်ခံလာရတာမို့ သူ့ကိုခွင့်မလွတ်န်ိုင်ဖစ်နေတာပါ
အဲ့accကိုစသုးံတာ ညီမနဲ့ မညားခင်ကတည်းကပါ
ညားပီးလည်း ရန်ဖစ်တဲ့အချိန်တွေကျ ဝင်ကြည့်ပီး active now တွေတဲ့ကောင်မလေးတိုင်းနဲ့စကားပြောတာပါတဲ့
ယုံကြည်ပေးလို့လည်းမရတော့ဘူး နှစ်ဖက် မိဘတွေကတစ်လင်တစ်မယားစနစ်နဲ့နေလာတာဆိုတော့
ကွာရှင်းတာအထိမလုပ်ချင်ပေမဲ့ သူ့ကို မယုံကြည်နိုင်ဖစ်နေတာပါ
သူ့ကို့မြင်တိုင်း ပြောထားတဲ့စာတွေပဲပြေးမြင်ပီး လူက ဆောက်တည်ရာမရဖစ်နေလို့ပါ
ဘာဆက်လုပ်ရမလဲဆိုတာလည်း မစဥ်းစားတက်တော့ဘူး
ကိုယ်တိုင်က ခွင့်မလွတ်နိုင်မှန်းသိလို့ စွန့်လွတ်ဖို့ပဲ စိတ်ကတွေးနေမိတယ်
တကယ်လည်းမလုပ်နိုင်တော့ကွကိုယ်နှိပ်စက်နေသလိုပါပဲ အကြံညဏ်လေးပေးကြပါအုးံရှင့်
အမျိုးသား ကတအားအလိုက်ပီးတအားချစ်ပေးလို့ သူအဲ့လိုလုပ်ခဲ့တာလည်းမယုံနိုင်အောင်ပါပဲ
နှစ်ဖက်မိဘ မသိသေးပါဘူး စာအရေးအသားမတက်ရင်ခွင့်လွတ်ပေးကြပါ
ဒါပေမဲ့ အိမ်ထောင်သက် ၁နှစ် ၂လ လုးံ အလိမ်ခံလာရတာမို့ သူ့ကိုခွင့်မလွတ်နိုင်ဖစ်နေတာပါ