ညီမအသက်က ၁၉နှစ်ပါ ညီမကောင်လေးက ၃၁နှစ်ပါ
သူနဲ့ညီမ ညိစွန်းခဲ့ပါတယ် ကိုယ်၀န်လဲရရော သူကတာ၀န်မယူနိုင်ဘူးပြောပါတယ်
ဖြတ်ချဖို့ ပိုက်ဆံ၂၇၀၀၀၀ပေးတယ်
ညီမကလဲ သူ့ကိုနောက်မှအေးဆေးပြောပြမယ်ဆိုပီးနေခဲ့ပါတယ်
ဒါပေမဲ့ ညီမမဖြတ်ချပါဘူး ခလေးကိုမွေးမှာပါ
ညီမသူ့ကိုပြောမယ်ဆိုပီး လုပ်တော့ သူက နိုင်ငံခြားထွက်သွားပီ
သူအဆက်သွယ်ပြန်လုပ်လာတော့လဲ ညီမကို စကားအကောင်းမပြောဘူး
သူတာ၀န်မယူနိုင်ဘူး သူညီမကို ယူလိုမရဘူးဘဲပြောတယ်
ခလေးကိုလဲ ကိုယ့်ဘာသာမွေးရင် ကိုယ့်ဒုတ်ခကိုယ်ခံတဲ့
သူ့အမကိုပြောလဲ သူ့အမက သူ့မောင်သူမနိုင်ဘူးပြောပီး bl သွားတယ်
အခုဆို ဗိုက်၅လရှိပီ ရှက်လို့ အိမ်ထဲက အိမ်ပြင်တောင်မထွက်ရဲဘူး
ခလေးကိုလဲ မသတ်ချင်ဘူး ရင်ဖွင့်စရာလူလဲ မရှိလို့ပါ😔