မိသားစုအကြောင်းကနေစပြီးရင်ဖွင့်ပါရစေ။
မိသားစုထဲမှာအကြီးဆုံးပါ မွေးချင်းညီအစ်မနှစ်ယောက်ပဲရှိပါတယ်။
တစ်ဝမ်းကွဲအကိုနဲ့မောင်နှစ်ယောက်လည်းရှိပါသေးတယ် မိဘတွေမရှိတော့တဲ့ညီအကိုမလို့ အိမ်မှာပဲအတူနေကြပါတယ်
ဝမ်းကွဲအကိုနဲ့မောင်က အိမ်ကိုလစာအပ်နိုင်ပါတယ်
ညီမကအကြွေးတေမတင်ခင်တုန်းကလည်း အိမ်ကိုလစာတစ်ဝက်အပ်ပါတယ်
အကြွေးဆယ်ဂဏာန်းကျော်လောက်ရှိတော့မအပ်နိုင်တာ၅လ၆လရှိပါပြီ
လစာမအပ်နိုင်တော့ အမေကတင်ကျွေးထားရလို့ဆိုပြီးဘာလုပ်လုပ်အကောင်းမမြင်အပြစ်ပဲပြောပါတယ်
ဝမ်းကွဲတွေနဲ့လည်းယှဥ်ယှဥ်ပြီးပြောပါတယ် အိမ်အလုပ်လည်းအကုန်တတ်နိုင်တာမှန်သမျှကူညီပေးပါတယ်
ညီမ အလုပ်က အရိပ်ထဲလုပ်ရပြီးချွေးမထွက်နေမထိုး မပင်ပန်းပေမယ့် တစ်နေကုန် ထိုင်ခုံနဲ့တင် ကပ်လျှက်မခွာနိုင်ပဲအလုပ်လုပ်ရပါတယ်
နေရိပ်ထဲလုပ်ရလို့မပင်ပန်းဘူးလို့ထင်နေတာပါ နေပူမှာလုပ်မှပင်ပန်းတာလည်းမဟုတ်ပါဘူး
သူ့ဟာနဲ့သူတော့ အထိုက်အလျောက်ပင်ပန်းကြပါတယ် ညီမက ပိုက်ဆံမပေးနိုင်တော့အမျိုးမျိုးပြောဆိုပါတယ်
ကျိန်ဆဲတာတေအထိပါ ပါပါတယ် ညီမဘုရားလုပ်နေရင်လည်း မကြာတကြားဆဲဆိုစောင်းမြောင်းပြောပါတယ်
အခု ဘုရားတရားမလုပ်ပဲနေတော့လည်းမလုပ်လို့တဲ့ပြောပါတယ်
ညီမအကြွေးတေဆယ်ချီထိအကြွေးတင်ခဲ့တာ ၅၀၀၀ ၁၀၀၀၀ လည်းကူမဆပ်ပေးရပါဖဲ ညီမကိုငြူစူပါတယ်
အကြွေးကိစ္စနဲ့ပတ်သတ်ပြီး ညီမကို ဖာသည်မအထိတောင်ပြောပါတယ်
အခုအသက်၂၆ ထဲမှာပါ ချစ်သူရည်စားရှိနေတော့လည်း ညီမတို့သမီးရည်းစားကြားထဲလည်းဝင်ရှုပ်ပါတယ်
ဝင်ရှုပ်တယ်ဆိုတာကလည်း ချစ်သူအချင်းချင်းဖုန်းပြောနေရင် သူဝင်ဝင်ပြောတာပါ
ချစ်သူနဲ့မှမဟုတ်ပါဘူး ဘယ်သူငယ်ချင်းမိန်းကလေးယောကျာ်းနဲ့မှမဆိုဝင်ဝင်ပြောတာပါ
ဒီအကြွေးကိစ္စနဲ့ပတ်သတ်ပြီးမလိုရင်မလိုသလိုစောင်းမြောင်းဆဲဆိုပါတယ်
အမေတစ်ယောက်အနေနဲ့ ကိုယ့်သမီးဖျားလို့နေထိုင်မကောင်းဖြစ်နေရင်တောင် ဆူပူပါတယ်
ဂရုတစိုက်ဆေးတိုက်တာဆေးခန်းပြပေးတာမျိုးမရှိပါဘူး ညီမက အိမ်ကညီကိုမောင်နှမတွေနဲ့ယှဥ်လိုက်ရင်အမြဲအတူအဆဲခံရဆုံးစောင်းမြောင်းခံရပါတယ်။
မတရားနိုင်ထက်စီးနင်းပြောဆိုလာလို့ပြန်ပြောတော့လည်း အပြစ်ကမလွတ်ဖူး သူများကိုစိတ်မကြည်ရင်လည်းညီမပဲအဆူအဆဲခံရတယ်
ညီမလေ သေရင်တောင်ငရဲရောက်မယ့်သူပါ နှုတ်ကနေပြန်မပြောမိလည်း စိတ်ကနေပြစ်မှားမိတယ်
ညီမ့လက်ရှိပြဿနာတေကြောင့်သာ လစာမအပ်နိုင်တာတစ်ခုထဲနဲ့မကာမိအောင်ပြောဆိုခံရတာ မိဘအိမ်မှာနေချင်စိတ်ကုန်လှပါပြီ
နေလည်းမနေချင်တော့ပါဘူး မိဘအိမ်ကအေးမြတယ်တဲ့ မိဘအရိပ်သာအကောင်းဆုံးတဲ့ ညီမအတွက်ကတော့ပူလောင်ရတယ်
စိတ်ချရတဲ့နေရာတစ်ခုမှာအလုပ်လုပ်ချင်ပါတယ် ညီမအမေကတော့ပြောပါတယ် နင်က Farသည်မပဲ ဖြစ်မှာတဲ့
ညီမဘဝ Far ဖြစ်ခဲ့ရင်တောင် မိဘကိုထောက်ပံ့ပေးချင်စိတ်ကအပြည့်အဝရှိနေတာပါ
နိုင်ငံခြားထွက်အလုပ်လုပ်ချင်တယ် ငွေကြေးကမတတ်နိုင်ဘူး မြန်မာပြည်တွင်းမှာစိတ်ချရတဲ့နေရာမှာအလုပ်လုပ်ချင်တယ်
အိမ်ကနေပေးမထွက်ဘူး ညီမကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်တယ်
အမေနဲ့အတူမနေနိုင်တော့ဘူး အဝေးကနေပဲပံ့ပိုးထောက်ပံ့ပေးချင်တယ် အမေ့ကိုစိတ်ကုန်တယ်စိတ်နာတယ်
ညီမ၁၀ တန်းဖြေချင်တာတောင်ပေးမဖြေဘူး သူနာပြုသင်တန်းတတ်ချင်တာပေးမတတ်ဖူး ပြောရရင်ညီမဘဝအတွက်တက်လမ်းတွေကိုပိတ်ဆို့ထားတာပါ
ညီမကအပယ်ခံလိုပါပဲ သူ့ဒေါသစိတ်ဖြေဖို့ သပ်သပ်အဖြစ်နေနေရတာပါ
ညီမ မွန်းကြပ်လှတယ်ငရဲလည်းကြီးလှပြီ။ညီမ နိုင်ငံခြားသွားချင်တယ်အလုပ်လုပ်ချင်တယ်
မိဘအိမ်ရဲ့အဝေးမှာပဲနေချင်တယ် ညီမဆီငွေကြေးလည်းမရှိဘူး အကြွေးတေလည်းကြေခါနီးနေပြီ
အခုချိန်ထိ မိဘတေကူဆပ်ပေးခဲ့တာမရှိပါဘူး ညီမသတ်သေဖို့ထိစိတ်ကူးခဲ့တာပါ ညီမကို ပြောပြပေးကြပါနော်