ရင်ဖွင့်စာဆိုတာထပပ် အကြံဉာဏ်တောင်းချင်လို့ပါရှင့်
သူများတွေက ၃ပွင့်ဆိုင် ဇာတ်လမ်း ညီမလှည့်ကျမှ ၄ပွင့်ဆိုင်ဇာတ်လမ်းဖြစ်နေပါတယ် 🥺
နံဘတ်အစားထိုးတွေနဲ့ပဲသုံးလိုက်ပါတော့မယ်
နံဘတ်၁က ကျွန်မချစ်သူ ၂က သူနဲ့လေးနှစ်လောက်တွဲလာတဲ့မိန်းခလေး
၃က ပထမတယောက်နဲ့တွဲနေရင်း နောက်ထပ်တွဲတဲ့မိန်းခလေး ၃က ညီမပါ
ညီမနဲ့က တွဲတာ၁နှစ်ကျော်လောက်ရှိပါပြီ
ပြသနာက စတွဲထဲက သူမှာရှေ့က၂ယောက်လုံးနဲ့ပြတ်ပြီးဆိုမှတွဲခဲ့တာပါ
တခါတလေ အ့မိန်းခလေးတွေနဲ့ ဖုန်းဆက် စာပို့တွေရှိနေပါတယ်
ညီမသိတော့ရန်ဖြစ်ရင် နောက်မဖြစ်တော့ပါဘူး မလုပ်တော့ပါဘူးနဲ့
ညီမ မသိအောင်ဆက်သွယ်တဲ့အချက်တွေရှိပါတယ်
သူရဲ့အချို့သူငယ်ချင်းတွေကလဲ ဝိုင်းကူညီကျတယ်
သူကိုယ့်မေးရင် မလုပ်ဘူး မဟုတ်ဘူးပဲဖြေတယ်
အ့လိုတွေရှိနေတော့ ညီမဘယ်လိုရှေ့ဆက်ရမလဲရှင့် အကြံဉာဏ်ပေးကျပါ အမတို့ 🥺