အမေ မရှိတော့တဲ့ နောက် အမကြီး တော့ အမိရာ အနေ နဲ့
အိမ်ထောင်ရေး ကံမကောင်းတဲ့ ကို့ညီမလေး ကို ရုန်းထွက်စေချင် လို့ပါရှင့်
သူ မိန်းမသားတစ်ယောက်ဒုက္ခ ရောက်နေတာ တွေကိုလဲ မကြည့် ရက်တော့လို့ပါ
၁။ မိဘ မရှိတော့ဘူး မောင်နှတွေတော့ရှိတယ်
၂။အိမ်ထောင်ကျတာက ၃နှစ်ကျော်ကျော် ခလေး ၃နှစ်ရှိ
၃။ ခလေးရှိလို့ ဆိုပြီး ခလေးမျက်နှာကိုကြည့်ပြီး ယောက်ျားကို မကွာနိုင်ဖစ်နေတယ်
၃။အမဖစ်တဲ့ ကိုက သူ့ကို ဘတ်နဲ့ ၃ထောင် မြန်မာနဲ့ ဆို ၂သိန်း တစ်လကို ထောက်ပံ့ပေးတယ်
အဲ့ဒါကို သိချင်နေတာ မလုံလောက်သေးဘူးလားရှင့်
၄။အရေးကြီးဆုံးက အမတစ်ယောက်ရဲ့ဆန္ဒက အဲ့ယောက်ျားဆီကနေ ရုန်းထွက်စေချင်တာ
သူ့ကို ဘယ်လိုနားချရမလဲ မသိတော့လို့ပါ ကူညီပြီးပြောပြပေးကြပါလားရှင့်
ဘယ်လို ပြောပြော ဘယ်လောက် ကူညီကူညီ မရဘူးဖစ်နေလို့
၅။ သူ့ကိုတော့ပြောထားတယ် နင်ခံနိုင်ရည်ရှိနေသေးရင်တော့ ဆက်ခံ နင်ခံနိုင်ရည် မရှိတော့တဲ့
တနေ့ကြရင် နင့်အမ ဆီပြန်လာခဲ့ လို့မှာလိုက်တယ် မှားလားရှင့်
၆ ။ အနေဝေးတယ် ကျနော်က ထိုင်း သူက နယ်စပ်မှာ လူနဲ့သွားတွေ့မရလို့ အရမ်းလဲစိတ်ပူတယ်
ယောက္ခမက အစ ဒုတ်နဲ့ရိုက်တာ ယောက်ျားက ခြေထောက်နဲ့ ကန်တာ အဆုံး
သူမပြောပြရဲ့လို့ လိုက်စုံစမ်းမှ သိရတာ သူ့ကိုထိုးလို့ မျက်ကွင်းတွေရောင်
၇။ ကိုယ်တွေတောင် အဲ့လို မရိုက်ဖူးဘူး သူ့ကိုအဲ့ လိုရိုက်တော့
အမဖစ်တဲ့ကိုက သူ့အစား အရမ်းနာကျည်းတယ် ခွင့်မလွတ်ဘူး အဲ့ကောင်ကို
၈။ သူရုန်းထွက်နိုင်နိုင်အောင် ဘယ်လို စကားတွေ ဘယ်လို လုပ်ရမလဲ အကြံ လိုချင်လို့ပါ
ကျေးဇူးပြု၍ ကူညီပြီး အကြံ ပေးပါအုံးရှင့်
သူဒုက္ခရောက်နေတာကို မသိစိတ်က အိပ်မက် လာလာပေးနေလို့ စိတ်မချမ်းသာရပါဘူး ဖုန်းခေါ်ရင် သူငိုပဲငိုနေတယ်
စာရေးတာ နားမလည်တာရှိရင် sorryပါရှင့်
ကရင်တိုင်းရင်းသူ မို့ပါ ကျေးဇူးတင်ပါတယ် မင်မင်