ညီမ အကြံလေးတောင်းချင်လို့ပါရှင့်
ကိုနဲ့ညီမနဲ့ချစ်သူဖြစ်တာ၁နှစ်နဲ့၄လရှိပါပြီး online RSပါ
အဓိကပြသနာကသူကအရမ်းဆဲသလို အဖေတွေမောင်တွေနဲ့ပါပေးစားဆဲတာပါ
အမှန်ပြောရရင် ညီမonline မှာသူနဲ့မတွေ့ခင်ရည်းစားတစ်ယောက်ထားခဲ့ဖူးပါတယ်
မညာတမ်းပြောရရင်onlineမှာတောင်းဆိုမှုရှိလို့ လိုက်လျောခဲ့မိပါတယ်
အပြင်မှာတော့ယောက်ကျားလေးရည်းစားမထားဖူးပါဘူး ဒါကိုလည်းသူသိပါတယ်
သူဆိုရင်ထားသမျှရည်းစားနဲ့ဟိုတယ်သွားKTVပါ အစသွားခဲ့တယိလိမ်ပြီးတော့
ဒါကိုနားလည်ပေးခဲ့တယ် ဘီယာမူးပြီးဆိုရင်အခြားယောက်ကျားလေးတွေနဲ့စကားပြောs*x chat တယ်ဆိုပြီးစွတ်စွဲဆဲ
အဖေနဲ့မောင်နဲ့ပေးစားဆဲ သူပြောင်းလဲမှာပါဆိုပြီးသည်းခံပြီးနေပေးခဲ့တယ်
သူအခုမြန်မာပြည်ပြန်ရောက်တော့လည်းဆဲနေတုန်းပါ
မိဘတွေကိုသူသွားတော့မိဘတွေကသဘောကျတယ်
သူ့ကိုအသက်ကညီမထက်၁၀နှစ်ကြီးတယ် သံယောဇဥ်ရှိတာမှန်တယ်
ဦးနှောက်နဲ့စဥ်းစားရင်မယူသင့်ဘူးဆိုတာလည်းသိတယ်
အခုလောလောဆယ်ခံစားရတာတွေပြေပျောက်ပြီးစိတ်ကိုတည်ငြိမ်အောင်ဘာလုပ်သင့်လဲရှင့်
မိဘတွေကိုပဲအမှန်ပြောပြသင့်လား မိဘတွေကမသိတော့သဘောတူတယ်
ညီမကလည်းနိုင်ငံခြားမှာဆိုတော့ဒီနှစ်ကုန်ပြန်ရင်သူကယူမယ်ပြောတယ်
အကြံလေးကျေးဇူးပြု၍ပေးကြပါနော် မှားတါပါသွားရင်လည်းခွင့်လွတ်ပေးကြပါနော် အားလုံးကိုကျေးဇူးတင်ပါတယ်
ကိုနဲ့ညီမနဲ့ချစ်သူဖြစ်တာ၁နှစ်နဲ့၎လရှိပါပြီး online RSပါ
အကြံလေးကျေးဇူးပြု၍ပေးကြပါနော် မှားတါပါသွားရင်လည်းခွင့်လွတ်ပေးကြပါနော် အားလုံးကိုကျေးဇူးတင်ပါတယ2