အခမဲ့ တင်ပေးပါရှင့်🙏🙏🙏
ကျွန်မ အိမ်ထောင်သည်တစ်ယောက်ပါ
အိမ်ထောင်သက် ၄ နှစ်ရှိပါပြီ ကျွန်မအမျိုးသားက ကလေးအရမ်းချစ်တက်တဲ့သူပါ
ကျွန်မက ကလေးယူတာ ခဏခဏ ပျက်ကျပါတယ်
ဒီလိုနဲ့ ကျွန်မ ခုတစ်ခေါက် သေချာပြသပြီး ပြန်ယူကြည့်ပါတယ်
ခုဆို ကျွန်မ ဗိုက်က ၅ လထဲရောက်ပါပြီ သူက အရင်ကလည်း ကျွန်မအပေါ်အရမ်းကောင်းခဲ့ပါတယ်
လစာဆို အကုန်အပ်တယ် အိမ်အလုပ်လည်း ဝိုင်းကူလုပ်ပေးပါတယ်
မိန်းမ အရှုပ်ရှင်းကင်းပြီး အနေအေးတဲ့အထဲပါ ပါတယ်
တခါတလေ အသောက်စားလေးတော့ရှိပါတယ် ကျွန်မ ကလေးလေးရတဲ့အချိန်မှာ ကျွန်မ အမျိုးသားက အရမ်းကျွန်မအပေါ် အရမ်းဂရုစိုက်လိမ့်မယ်လို့မျော်လင့်ခဲ့မိတယ်
ဒါပေမဲ့ထင်ထားတာနဲ့တခြားစီပါပဲ သူငယ်ချင်းတွေကလည်း တွေ့ရင် နင့်ယောကျ်ားက ဘယ်လောက်ပျော်နေမလဲ
ဘယ်လောက် ချစ်လိုက်မလဲလို့ပဲ ပြောကြတာပါ
ဒါပေမဲ့ သူက ခုဆို ထင်သလောက်ဂရုမစိုက်ပါဖူး
ဗိုက် ဘယ်နှစ်လထဲရောက်လည်း သူမသိဖူး Due date ဘယ်နေ့လဲသူမသိဖူး
မေးလည်းမမေးဖူး ဆေးခနိးပြရင်လိုက်ပို့တယ် ဒီလောက်ပဲ
တခါတလေ သောက်လာတဲ့အချိန်ကြ ရန်ဖြစ်ကြပါတယ် အဲ့ကြ လက်ပါ ပါချင်တယ်
ကျွန်မ ဝမ်းနည်းတယ် ကိုယ်ဝန်နဲ့တောင် ငါ့အပေါ်လုပ်ရက်လေခြင်းဆိုပြီး
ခုလည်း ရန်ဖြစ်ပြီးကတည်းက အခန်းခွဲအိပ်ပါတယ် ကျွန်မရှိတဲ့နားလည်း မလာပါဖူး
ကျွန်မ ဘာစားစား ဘာလုပ်လုပ်စိတ်မဝင်စားသလိုနေနေပါတယ်
သူအဲ့လိုနေလေ ကျွန်မဝမ်းနည်းလေပါပဲ
သူလိုချင်တဲ့ ကလေးလေးကိုတောင် သူဂရုမစိုက်တော့ပါလားဆိုပြီး တွေးမိတယ်
ကျွန်မထွက်သွားချင်တယ် တခါတလေ Suicide လုပ်ဘို့ထိအတွေးတွေ ဝင်နေတယ်
ငါမဖြစ်ဖူး ငါကလေးလေးရှိသေးတယ်ဆိုပြီး ပြန်အားတင်းထားရတယ်
တစ်ခုရှိတာက ကျွန်မကလည်း စိတ်ကြီးတဲ့အထဲပါပါတယ်
သူသောက်လာရင် ဒေါသတကြီးအော်မိပါတယ် သူက အဲ့လိုအော်ရင်မကြိုက်ပါဖူး
ကျွန်မဘယ်လိုလုပ်ရမလဲရှင့် အကြံညဏ်လေးပေးကြပါအုံး နော်
အခမဲ့ တင်ပေးပါရှင့်🙏🙏🙏
ဒါပေမဲ့ထင်ထားတာနဲ့တခြားစီပါပဲ သူငယ်ချင်းတွေကလည်း တွေ့ရင် နင့်ယောက်ျားက ဘယ်လောက်ပျော်နေမလဲ