ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၂၄

ညီမက Tom boy တစ်​ယောက်ပါ

အရမ်းချစ်ပြီးတွဲခဲ့ကြတဲ့ ညီမရဲ့​ကောင်မ​လေး တစ်​ယောက်ရှိတယ်

ညီမက သူ့ကိုအရမ်းချစ်လို့ မိန်း ဆိုပြီး​ခေါ်ပါတယ်

၂​ယောက်အတူ လက်တွဲ​ရှေ့ဆက်ကြဖို့ ဆုံးဖြတ်ပြီး​နေခဲ့ကြတာပါ

သူ့မှာ ညီမထက်အရင် Ex(boy)ရှိခဲ့ဖူးပါတယ် ညီမနဲ့​တွေ့ပြီး​နောက်မှာ သူ့ Ex ကိုဖြတ်ခဲ့တာပါ

ညီမနဲ့သူ တကယ်ကို အရမ်းချစ်ခဲ့ကြတာပါ ဖုန်းမ​ပြောရ မ​နေနိုင် စာမပို့ရရင်မ​နေနိုင်​အောင်ပါပဲ

၂​ယောက်စလုံးက ဝန်ထမ်း​တွေမို့ ၁လ ၂ကြိမ် ၃ကြိမ် ​တွေ့ဖြစ်ကြတယ်ဗျ

ဘဝ​ရှေ့​ရေးအတွက်တိုင်ပင်ပြီး တစ်​နေရာတည်း အ​ပြောင်းတင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်

ဒီလိုနဲ့ပဲ ၂​ယောက်သား စကားများကြတယ်

ညီမတို့ စကားများလို့ စကားမ​ပြောဖြစ်ချိန် ၂ပတ်​လောက်မှာ သူ့အရင် Exနဲ့ ပြန်တွဲသွားတယ်

အရမ်းခံစားခဲ့ရတယ် သူ့ကို အမျိုးမျိုး​တောင်းပန်ခဲ့တယ် ပြန်လက်တွဲကြဖို့ပါ

ညီမနဲ့သူက ၂ဖက်မိဘ အတိုင်းဝိုင်းအကုန်သိပြီး တွဲခဲ့ကြတာပါ

သူကလဲ သူ့အိမ်ကို ညီမကိုပဲချစ်တယ် ညီမနဲ့ပဲ​နေမယ်ဆိုပြီး ​ပြောထားတာပါ

သူ့အိမ်ကလဲ သ​ဘောတူ ညီမအိမ်ကလဲ သ​ဘောတူကြပါတယ်

ခုကျ သူက အရင် Ex နဲ့ယူ​တော့မယ်တဲ့ ခုဆိုညီမ သူ့အနားမှာ ၁နှစ်​ကျော်​လောက်ထိ လိုအပ်တာဖြည့်ဆည်း​ပေးပြီး​နေခဲ့တာပါ

ညီမသူ့ကို အရမ်းချစ်တယ် သူက ညီမအတွက် အရာရာပါပဲ တစ်ချိန်ကျရင် ထားခဲ့မယ်မှန်း သိသိကြီးနဲ့ ညီမ ခုထိဆက်ချစ်​နေမိတယ်

သူ့ရဲ့ ရင့်သီးတဲ့စကားလုံး​တွေ ​ပြောဆို ဆူဆဲတာ​တွေကအစ သီးခံပြီး​နေ​ခဲ့တာပါ

move on လုပ်ဖို့အကြိမ်ကြိမ်ကြိုးစား​ပေမဲ့ မ​အောင်မြင်ပါဘူး ​

နေ့တိုင်းဖုန်း​ပြောဖြစ်သလို လိုင်း​ပေါ်လဲ​နေ့တိုင်း​ပြောဖြစ်ကြတယ်

သူပြဿနာတစ်ခုခုဖြစ်တိုင်း စိတ်ညစ်စရာရှိတိုင်း သူ့အိမ်ကိုမ​ပြောပဲ ညီမကိုပဲ​ပြောဆိုတိုင်ပင်တာပါ

သူ ပြန်မလာဘူးဆိုတာ အ​သေခြာသိ​ပေမဲ့ ​မေ့လို့မရဘူး သူလိုအပ်ချိန်တိုင်း အနားမှာရှိ​နေ​ပေးချင်​နေမိတယ်

ညီမ သူ့ကို​မေးဖူးတယ် (ချစ်က မိန်းအတွက်ဘာလဲ ချစ်ကို ဘယ်လိုသ​ဘောထားလဲ ပွင့်လင်း​ပြောပြ​ပေးပါ အားမနာပါနဲ့)ဆိုပြီး​မေး​တော့ သူမ​ပြောဘူး

သူ့မျက်နှာ​လေးညှိုး​နေတယ် အမှန်တိုင်း​ပြောရရင် ခုချိန်ထိ သူ့ကို ​​မျှော်လင့်​နေဆဲပါ

တစ်ဘဝလုံးစာအတွက် အမြဲတမ်းသူ့ကို ချစ်​နေမှာပါ

​နောက်တစ်​ယောက်ဆိုတာ ညီမအတွက် ရှိလာမှာ မဟုတ်​တော့ဘူး တကယ်ပါ

ညီမ သူ့ကို အရမ်းချစ်တယ် ညီမလိုအဖြစ်မျိုး ရှိကြလား ရှိရင် ဘယ်လို​နေခဲ့ကြလဲ ​ပြောပြ​ပေးပါ

##စာဖတ်​ပေးသူ တစ်​​ယောက်စီတိုင်းကို ​ကျေးဇူးတင်ပါတယ်🙏

ညီမက Tom boy တစ္​ေယာက္ပါ

အရမ္းခ်စ္ၿပီးတြဲခဲ့ၾကတဲ့ ညီမရဲ႕​ေကာင္မ​ေလး တစ္​ေယာက္ရွိတယ္

ညီမက သူ႔ကိုအရမ္းခ်စ္လို႔ မိန္း ဆိုၿပီး​ေခၚပါတယ္

၂​ေယာက္အတူ လက္တြဲ​ေရွ႕ဆက္ၾကဖို႔ ဆုံးျဖတ္ၿပီး​ေနခဲ့ၾကတာပါ

သူ႔မွာ ညီမထက္အရင္ Ex(boy)ရွိခဲ့ဖူးပါတယ္ ညီမနဲ႔​ေတြ႕ၿပီး​ေနာက္မွာ သူ႔ Ex ကိုျဖတ္ခဲ့တာပါ

ညီမနဲ႔သူ တကယ္ကို အရမ္းခ်စ္ခဲ့ၾကတာပါ ဖုန္းမ​ေျပာရ မ​ေနႏိုင္ စာမပို႔ရရင္မ​ေနႏိုင္​ေအာင္ပါပဲ

၂​ေယာက္စလုံးက ဝန္ထမ္း​ေတြမို႔ ၁လ ၂ႀကိမ္ ၃ႀကိမ္ ​ေတြ႕ျဖစ္ၾကတယ္ဗ်

ဘဝ​ေရွ႕​ေရးအတြက္တိုင္ပင္ၿပီး တစ္​ေနရာတည္း အ​ေျပာင္းတင္ဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္

ဒီလိုနဲ႔ပဲ ၂​ေယာက္သား စကားမ်ားၾကတယ္

ညီမတို႔ စကားမ်ားလို႔ စကားမ​ေျပာျဖစ္ခ်ိန္ ၂ပတ္​ေလာက္မွာ သူ႔အရင္ Exနဲ႔ ျပန္တြဲသြားတယ္

အရမ္းခံစားခဲ့ရတယ္ သူ႔ကို အမ်ိဳးမ်ိဳး​ေတာင္းပန္ခဲ့တယ္ ျပန္လက္တြဲၾကဖို႔ပါ

ညီမနဲ႔သူက ၂ဖက္မိဘ အတိုင္းဝိုင္းအကုန္သိၿပီး တြဲခဲ့ၾကတာပါ

သူကလဲ သူ႔အိမ္ကို ညီမကိုပဲခ်စ္တယ္ ညီမနဲ႔ပဲ​ေနမယ္ဆိုၿပီး ​ေျပာထားတာပါ

သူ႔အိမ္ကလဲ သ​ေဘာတူ ညီမအိမ္ကလဲ သ​ေဘာတူၾကပါတယ္

ခုက် သူက အရင္ Ex နဲ႔ယူ​ေတာ့မယ္တဲ့ ခုဆိုညီမ သူ႔အနားမွာ ၁ႏွစ္​ေက်ာ္​ေလာက္ထိ လိုအပ္တာျဖည့္ဆည္း​ေပးၿပီး​ေနခဲ့တာပါ

ညီမသူ႔ကို အရမ္းခ်စ္တယ္ သူက ညီမအတြက္ အရာရာပါပဲ တစ္ခ်ိန္က်ရင္ ထားခဲ့မယ္မွန္း သိသိႀကီးနဲ႔ ညီမ ခုထိဆက္ခ်စ္​ေနမိတယ္

သူ႔ရဲ႕ ရင့္သီးတဲ့စကားလုံး​ေတြ ​ေျပာဆို ဆူဆဲတာ​ေတြကအစ သီးခံၿပီး​ေန​ခဲ့တာပါ

move on လုပ္ဖို႔အႀကိမ္ႀကိမ္ႀကိဳးစား​ေပမဲ့ မ​ေအာင္ျမင္ပါဘူး ​

ေန႔တိုင္းဖုန္း​ေျပာျဖစ္သလို လိုင္း​ေပၚလဲ​ေန႔တိုင္း​ေျပာျဖစ္ၾကတယ္

သူျပႆနာတစ္ခုခုျဖစ္တိုင္း စိတ္ညစ္စရာရွိတိုင္း သူ႔အိမ္ကိုမ​ေျပာပဲ ညီမကိုပဲ​ေျပာဆိုတိုင္ပင္တာပါ

သူ ျပန္မလာဘူးဆိုတာ အ​ေသျခာသိ​ေပမဲ့ ​ေမ့လို႔မရဘူး သူလိုအပ္ခ်ိန္တိုင္း အနားမွာရွိ​ေန​ေပးခ်င္​ေနမိတယ္

ညီမ သူ႔ကို​ေမးဖူးတယ္ (ခ်စ္က မိန္းအတြက္ဘာလဲ ခ်စ္ကို ဘယ္လိုသ​ေဘာထားလဲ ပြင့္လင္း​ေျပာျပ​ေပးပါ အားမနာပါနဲ႔)ဆိုၿပီး​ေမး​ေတာ့ သူမ​ေျပာဘူး

သူ႔မ်က္ႏွာ​ေလးညႇိဳး​ေနတယ္ အမွန္တိုင္း​ေျပာရရင္ ခုခ်ိန္ထိ သူ႔ကို ​​ေမွ်ာ္လင့္​ေနဆဲပါ

တစ္ဘဝလုံးစာအတြက္ အၿမဲတမ္းသူ႔ကို ခ်စ္​ေနမွာပါ

​ေနာက္တစ္​ေယာက္ဆိုတာ ညီမအတြက္ ရွိလာမွာ မဟုတ္​ေတာ့ဘူး တကယ္ပါ

ညီမ သူ႔ကို အရမ္းခ်စ္တယ္ ညီမလိုအျဖစ္မ်ိဳး ရွိၾကလား ရွိရင္ ဘယ္လို​ေနခဲ့ၾကလဲ ​ေျပာျပ​ေပးပါ

##စာဖတ္​ေပးသူ တစ္​​ေယာက္စီတိုင္းကို ​ေက်းဇူးတင္ပါတယ္🙏