ညီမသူနဲ့ချစ်သူဖြစ်လာတာ ၃နှစ်ပြည့်ဖို့ရက်ပိုင်းပဲလိုပါတော့တယ် ။
စတွဲကတည်းက အခုချိန်ထိ သူညီမအပေါ်ကိုလည်းအစစအရာရာကောင်းပါတယ် ဂရုလည်းစိုက်ပါတယ် ။
သူကညီမရဲ့အချစ်ဦးပါ ညီမအသက်က၂၁ပါ သူက၂၇ပါ
ညီမထက်လည်းအသက်၆နှစ်ကြီးပါတယ် ညီမအပေါ်လည်းအလိုလိုက်ပါတယ်
ရည်းစားသက်တမ်း၁နှစ်ကျော်တော့ညီမနာမည်နဲ့ anni dateတွေတောင်သူ့လက်ပေါ်တက်တူးတွေထိုးပေးခဲ့ပါတယ်။
သူနဲ့ရည်းစားသက်တမ်း၈လထဲက ldrsတွေဖြစ်ခဲ့ကြတာပါ ၁နှစ်ကိုတစ်ခါ သင်္ကြန်ပိတ်ရက်ဆို ၁ပတ်လောက်လာတွေ့ပါတယ်
မနှစ်ကလည်း ညီမမိဘတွေဆီ လာတွေ့ပီး သူစုမိဆောင်းမိဖြစ်လာတာနဲ့နောက်၃နှစ်အတွင်း လာတောင်းရမ်းပါ့မယ်လို့ပြောပါတယ်။
နှစ်ဖက်မိဘလုံးကလည်းသဘောတူကြပါတယ်။
သူ့အမေကလည်း vcတွေခေါ်ပီး လိမ်လိမ်မာမာနေကြဖို့နဲ့အချိန်ကျရင်လာတောင်းမယ့်အကြောင်းတွေညီမက်ုပြောပါတယ်။
ညီမကောင်လေးကလည်း ညီမမကြိုက်တဲ့အရာဆိုဘာမှကိုမလုပ်ခဲ့ဖူးပါဘူး
အမြဲစိတ်ချမ်းသာပီး အချစ်ခံရမူဆိုတာ ဘယ်လိုအရာလည်းဆိုတာလည်း သူ့ကြောင့်သိခဲ့ရပါတယ်။
ပြသနာက အခုမှစတာပါ ။လက်ထပ်ပီးရင်ညီမတို့နေဖို့ဆိုပီး ခြံ၀ိုင်းတစ်ကွက်ကို သူ၀ယ်ခဲ့ပါတယ်
သူ့အမေကတစ်၀က်စိုက်ပေးပီး တစ်၀က်ကိုသူ့စုငွေနဲ့၀ယ်ခဲ့တာပါ ။
ညီမဖြစ်စေချင်တာက အခု ၁လပိုင်းကနေစပီး စုလို့ရတဲ့ငွေကို အိမ်ဆောက်ဖို့တွေဖြစ်စေချင်တာပါ
သူလည်းအဲ့လိုပဲညီမကိုတိုင်ပင်ခဲ့ပါတယ်။
အခု သူ့အဖေကုမ္ပဏီက ဒေ၀ါလီခံလိုက်ရတော့ သူ့မိဘမှာ ၀င်ငွေမရှိတော့ပါဘူး
သူ့ရတဲ့လစာထဲကနေ တစ်လ၂သိန်းအိမ်ကိုပုံမှန်ပြန်အပ်မယ်လို့ပြောလာပါတယ် ။
သူ့လစာကတစ်လကို၅သိန်းပါ စားရိတ်ငြိမ်းအလုပ်ပါ။ အဲ့အချိန်ထဲက ညီမစိတ်ထဲ သိပ်ပီးမကျေနပ်တော့ပါဘူး
မိဘချင်းကိုယ်ချင်းစာပေမယ့် သူအသက်၁၅ ၁၆ထဲက ရသမျှလစာသူ့အိမ်ကိုပဲအပ်ခဲ့ပါတယ်
အခု၂၇ ၂၈အရွယ်ရောက်လာတဲ့ထိ သူ့လစာကိုအိမ်က ယူသင့်ျသးလားရှင့်
သူ့အထက်ကအမတစ်ယောက်လည်းသူ့မိဘတွေနဲ့အတူနေပါတယ် ။
မိဘ၂ပါးထဲ အားကိုးရာမရှိလို့ဒီသားကိုပဲပြန်အားကိုးရတာဆိုရင်တော့ထားပါတော့။
အခုသူ့အမတွေဆို သူ့မိဘတွေအပေါ် သူ့လောက်မပူပန်ပေးကြပါဘူး အိမ်ထောင်တွေကျပီး ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပီ။
သူကတော့ပြောပါတယ် ညီမတို့လက်ထပ်ပီးရင် သူ့အိမ်ကိုသူအခုလိုမပေးတော့ပါဘူးလို့ပြောပါတယ်။
ယုံကြည်လို့ရမလားရှင့်။
မိဘကိုလုပ်ကျွေးလို့မဆင်းရဲဘူး ဒုက္ခမရောက်ဘူးဆိုတာမှန်ပေမယ့် မိဘကိုချစ်လွန်းနေတဲ့သားတစ်ယောက်နဲ့ ညီမတို့ရည်မှန်းချက်တွေပြည့်လာဖို့ကကောဖြစ်နိုင်ပါဦူမလား။
ကိုယ့်စီမံကိန်းနဲ့ကိုယ်စုကြဖို့တိုင်ပင်ခဲ့ပီးမှ အခုလိုတွေဖြစ်လာတော့ညီမလည်းစိတ်ဓာတ်တွေကျရပါတယ်။
အခုသူညီမကိုစကားမပြောတာ ၄ရက်ရှိပါပီ ညီမလည်းသွားမပြောခဲ့ပါဘူး။
သူပြောတာက သူ့မိသားစုထက် ဘယ်အရာမှအရေးမကြီးဘူးတဲ့။
ညီမဒါတွေကိုလက်ခံနိုင်မှဆက်တွဲဖို့လည်း သူပြောလာခဲ့ပါတယ်။
ညီမသူ့ကိုလည်းမပြတ်နိုင်ပါဘူး သူ့ကိုညီမချစ်ပါတယ် ။အကြံညဏ်ပေးကြပါဦးရှင်။😔
ညီမသူနဲ႔ခ်စ္သူျဖစ္လာတာ ၃ႏွစ္ျပည့္ဖို႔ရက္ပိုင္းပဲလိုပါေတာ့တယ္ ။
စတြဲကတည္းက အခုခ်ိန္ထိ သူညီမအေပၚကိုလည္းအစစအရာရာေကာင္းပါတယ္ ဂ႐ုလည္းစိုက္ပါတယ္ ။
သူကညီမရဲ႕အခ်စ္ဦးပါ ညီမအသက္က၂၁ပါ သူက၂၇ပါ
ညီမထက္လည္းအသက္၆ႏွစ္ႀကီးပါတယ္ ညီမအေပၚလည္းအလိုလိုက္ပါတယ္
ရည္းစားသက္တမ္း၁ႏွစ္ေက်ာ္ေတာ့ညီမနာမည္နဲ႔ anni dateေတြေတာင္သူ႔လက္ေပၚတက္တူးေတြထိုးေပးခဲ့ပါတယ္။
သူနဲ႔ရည္းစားသက္တမ္း၈လထဲက ldrsေတြျဖစ္ခဲ့ၾကတာပါ ၁ႏွစ္ကိုတစ္ခါ သၾကၤန္ပိတ္ရက္ဆို ၁ပတ္ေလာက္လာေတြ႕ပါတယ္
မႏွစ္ကလည္း ညီမမိဘေတြဆီ လာေတြ႕ပီး သူစုမိေဆာင္းမိျဖစ္လာတာနဲ႔ေနာက္၃ႏွစ္အတြင္း လာေတာင္းရမ္းပါ့မယ္လို႔ေျပာပါတယ္။
ႏွစ္ဖက္မိဘလုံးကလည္းသေဘာတူၾကပါတယ္။
သူ႔အေမကလည္း vcေတြေခၚပီး လိမ္လိမ္မာမာေနၾကဖို႔နဲ႔အခ်ိန္က်ရင္လာေတာင္းမယ့္အေၾကာင္းေတြညီမက္ုေျပာပါတယ္။
ညီမေကာင္ေလးကလည္း ညီမမႀကိဳက္တဲ့အရာဆိုဘာမွကိုမလုပ္ခဲ့ဖူးပါဘူး
အၿမဲစိတ္ခ်မ္းသာပီး အခ်စ္ခံရမူဆိုတာ ဘယ္လိုအရာလည္းဆိုတာလည္း သူ႔ေၾကာင့္သိခဲ့ရပါတယ္။
ျပသနာက အခုမွစတာပါ ။လက္ထပ္ပီးရင္ညီမတို႔ေနဖို႔ဆိုပီး ၿခံ၀ိုင္းတစ္ကြက္ကို သူ၀ယ္ခဲ့ပါတယ္
သူ႔အေမကတစ္၀က္စိုက္ေပးပီး တစ္၀က္ကိုသူ႔စုေငြနဲ႔၀ယ္ခဲ့တာပါ ။
ညီမျဖစ္ေစခ်င္တာက အခု ၁လပိုင္းကေနစပီး စုလို႔ရတဲ့ေငြကို အိမ္ေဆာက္ဖို႔ေတြျဖစ္ေစခ်င္တာပါ
သူလည္းအဲ့လိုပဲညီမကိုတိုင္ပင္ခဲ့ပါတယ္။
အခု သူ႔အေဖကုမၸဏီက ေဒ၀ါလီခံလိုက္ရေတာ့ သူ႔မိဘမွာ ၀င္ေငြမရွိေတာ့ပါဘူး
သူ႔ရတဲ့လစာထဲကေန တစ္လ၂သိန္းအိမ္ကိုပုံမွန္ျပန္အပ္မယ္လို႔ေျပာလာပါတယ္ ။
သူ႔လစာကတစ္လကို၅သိန္းပါ စားရိတ္ၿငိမ္းအလုပ္ပါ။ အဲ့အခ်ိန္ထဲက ညီမစိတ္ထဲ သိပ္ပီးမေက်နပ္ေတာ့ပါဘူး
မိဘခ်င္းကိုယ္ခ်င္းစာေပမယ့္ သူအသက္၁၅ ၁၆ထဲက ရသမွ်လစာသူ႔အိမ္ကိုပဲအပ္ခဲ့ပါတယ္
အခု၂၇ ၂၈အ႐ြယ္ေရာက္လာတဲ့ထိ သူ႔လစာကိုအိမ္က ယူသင့္်သးလားရွင့္
သူ႔အထက္ကအမတစ္ေယာက္လည္းသူ႔မိဘေတြနဲ႔အတူေနပါတယ္ ။
မိဘ၂ပါးထဲ အားကိုးရာမရွိလို႔ဒီသားကိုပဲျပန္အားကိုးရတာဆိုရင္ေတာ့ထားပါေတာ့။
အခုသူ႔အမေတြဆို သူ႔မိဘေတြအေပၚ သူ႔ေလာက္မပူပန္ေပးၾကပါဘူး အိမ္ေထာင္ေတြက်ပီး ကိုယ့္လမ္းကိုယ္ေလွ်ာက္ေနၾကပါပီ။
သူကေတာ့ေျပာပါတယ္ ညီမတို႔လက္ထပ္ပီးရင္ သူ႔အိမ္ကိုသူအခုလိုမေပးေတာ့ပါဘူးလို႔ေျပာပါတယ္။
ယုံၾကည္လို႔ရမလားရွင့္။
မိဘကိုလုပ္ေကြၽးလို႔မဆင္းရဲဘူး ဒုကၡမေရာက္ဘူးဆိုတာမွန္ေပမယ့္ မိဘကိုခ်စ္လြန္းေနတဲ့သားတစ္ေယာက္နဲ႔ ညီမတို႔ရည္မွန္းခ်က္ေတြျပည့္လာဖို႔ကေကာျဖစ္ႏိုင္ပါဦဴမလား။
ကိုယ့္စီမံကိန္းနဲ႔ကိုယ္စုၾကဖို႔တိုင္ပင္ခဲ့ပီးမွ အခုလိုေတြျဖစ္လာေတာ့ညီမလည္းစိတ္ဓာတ္ေတြက်ရပါတယ္။
အခုသူညီမကိုစကားမေျပာတာ ၄ရက္ရွိပါပီ ညီမလည္းသြားမေျပာခဲ့ပါဘူး။
သူေျပာတာက သူ႔မိသားစုထက္ ဘယ္အရာမွအေရးမႀကီးဘူးတဲ့။
ညီမဒါေတြကိုလက္ခံႏိုင္မွဆက္တြဲဖို႔လည္း သူေျပာလာခဲ့ပါတယ္။
ညီမသူ႔ကိုလည္းမျပတ္ႏိုင္ပါဘူး သူ႔ကိုညီမခ်စ္ပါတယ္ ။အႀကံညဏ္ေပးၾကပါဦးရွင္။😔