ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၂၆

ညီမအကြောင်းလေးရင်ဖွင့်ရင်းအကြံဉာဏ်တောင်းချင်လို့ပါ

ညီမမှာပထမအိမ်ထောင်နဲ့ကလေးတယောက်ရှိပါတယ်

ပထမအိမ်ထောင်ကလည်းမလုပ်ကျွေးဘဲပစ်ထားတဲ့ကာလအတွင်းမှာ

အနေနီးပြီးတခြားတယောက်နဲ့အတူတူနေမိသွားပါတယ်

ခုအဲ့တယောက်နဲ့ကိုယ်ဝန်ရှိနေလို့ပါ ဒုတိယလူမှာလည်းတရားဝင်မယားကြီးရှိနေလို့ပါ

ဒုတိယလူကလည်းအစစအရာရာဂရုစိုက်ပါတယ် ကိုယ်ဝန်ကိုလည်းတာဝန်ယူပါတယ်

ဖြစ်နေတာကသူ့မယားကြီးကိုကွာခွင့်တောင်းပေမယ့်မကွာပေးဘဲ အတူတူနေနေတာရယ်

ညီမရဲ့ပထမအိမ်ထောင်ကလည်း မကွာပေးတာရယ်ကြောင့်ပါ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေလို့ပါ

ပထမလူကိုရွေးပြန်ရင်လည်း အလုပ်အကိုင်အတည်တကျမရှိ

မိသားစုနဲ့ကလည်းအဆင်မပြေ ကလေးမွေးရင်ဒုက္ခရောက်မှာစိုးရိမ်ပါတယ်

ခုထိလည်းဒုတိယလူကကျွေးမွေးစောင့်ရှောက်နေခဲ့တာပါ

ဒုတိယလူကိုရွေးပြန်ရင်လည်းပထမလူကနှောင့်ယှက်မှာနဲ့

ဒုတိယလူရဲ့မယားကြီးက မကွာပေးဘဲဖြစ်နေတော့ ဘာဆက်လုပ်ရမလဲအကြံဉာဏ်ပေးပါဦးရှင့်

မိဘအသိပေးဖို့ကျတော့လည်းမရဲလို့ပါ

ပထမအိမ်ထောင်နဲ့ကလေးတောင်မိဘတွေကကြည့်ပေးစောင့်ရှောက်ပေးနေတာပါ

ညီမအေၾကာင္းေလးရင္ဖြင့္ရင္းအႀကံဉာဏ္ေတာင္းခ်င္လို႔ပါ

ညီမမွာပထမအိမ္ေထာင္နဲ႔ကေလးတေယာက္ရွိပါတယ္

ပထမအိမ္ေထာင္ကလည္းမလုပ္ေကြၽးဘဲပစ္ထားတဲ့ကာလအတြင္းမွာ

အေနနီးၿပီးတျခားတေယာက္နဲ႔အတူတူေနမိသြားပါတယ္

ခုအဲ့တေယာက္နဲ႔ကိုယ္ဝန္ရွိေနလို႔ပါ ဒုတိယလူမွာလည္းတရားဝင္မယားႀကီးရွိေနလို႔ပါ

ဒုတိယလူကလည္းအစစအရာရာဂ႐ုစိုက္ပါတယ္ ကိုယ္ဝန္ကိုလည္းတာဝန္ယူပါတယ္

ျဖစ္ေနတာကသူ႔မယားႀကီးကိုကြာခြင့္ေတာင္းေပမယ့္မကြာေပးဘဲ အတူတူေနေနတာရယ္

ညီမရဲ႕ပထမအိမ္ေထာင္ကလည္း မကြာေပးတာရယ္ေၾကာင့္ပါ ဘာဆက္လုပ္ရမွန္းမသိျဖစ္ေနလို႔ပါ

ပထမလူကိုေ႐ြးျပန္ရင္လည္း အလုပ္အကိုင္အတည္တက်မရွိ

မိသားစုနဲ႔ကလည္းအဆင္မေျပ ကေလးေမြးရင္ဒုကၡေရာက္မွာစိုးရိမ္ပါတယ္

ခုထိလည္းဒုတိယလူကေကြၽးေမြးေစာင့္ေရွာက္ေနခဲ့တာပါ

ဒုတိယလူကိုေ႐ြးျပန္ရင္လည္းပထမလူကေႏွာင့္ယွက္မွာနဲ႔

ဒုတိယလူရဲ႕မယားႀကီးက မကြာေပးဘဲျဖစ္ေနေတာ့ ဘာဆက္လုပ္ရမလဲအႀကံဉာဏ္ေပးပါဦးရွင့္

မိဘအသိေပးဖို႔က်ေတာ့လည္းမရဲလို႔ပါ

ပထမအိမ္ေထာင္နဲ႔ကေလးေတာင္မိဘေတြကၾကည့္ေပးေစာင့္ေရွာက္ေပးေနတာပါ