ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၂၇

ရင်ဖွင့်ရမလား အကြံတောင်းရမလား ကျမပဲ မှားနေသလား မသိတော့ဘူ

း rsသက်တမ်း တစ်နှစ်နဲ့ ခုနစ်လ ရှိပါပြီ

အ့တစ်နှစ်နဲ့ ခုနစ်လ အတွင်းမှာ rsသက်တမ်း သုံးလ လောက်ကတည်းက သူ့ဘက်က လမ်းခွဲမယ် လုပ်ခဲ့တယ်

ကိုယ့်က ချစ်တော့ ငိုယိုပြီးတောင်းပန်ခဲ့တယ်

အ့လိုနဲ့ ရှေ့ဆက်ရင် rsသက်တမ်း တစ်နှစ်လောက်မှာ သူက အတူနေဖို့ တောင်းဆိုခဲ့တယ်

သူ့ကို ပေးလိုက်ရင် သူ့ငါ့စီက ထွက်မသွားလောက်တော့ဘူးလို့ ထင်ခဲ့မိတယ်

သူ့ကတော့ ကိုယ်ချင်စာမှာပဲ လို့တွေးခဲ့မိတယ် နေပြီးတော့လဲ အချိုးကမပြောင်းသေးပါဘူး

သူနေမနေမကောင်းတဲ့ အချိန်တွေ ဆိုကိုယ်က သူကို အားရှိအောင် မုန့်တွေ သွားပို့ခဲ့တယ်

ကျမနေမကောင်းတဲ့ အချိန်မှာ သူက ကိုယ့်စီ တောင် လာဖော်မရဘူး ပြသနာတောင် ရှာသေးတယ်

ရန်ဖြစ်တဲ့အချိန်ဆို သူက အနိုင်ယူတယ် သယ်ချင်းတွေ နဲ့ အပြင်သွားချင်တာတောင် သူ့မသွားနဲ့ ဆို ကိုယ်မသွားဘူး

ဒါပေမဲ့ သူ့သွားတဲ့နေရာတွေ ကြတော့ ကိုယ်က သူ့ကရောက်ပြီးမှ သိကတယ်

rsသက်တမ်း 1နှစ်နဲ့ 6လ‌ရောက်တော့ သူ့မလေး ကို သွားရတယ် မလေး မသွားခင် သူက ပြောတယ် မလေးက ပြန်လာရင် လက်ထပ်မယ်တဲ့

သူ့ကို မလေးမသွားစေချင်ဘူး ကိုယ့်နိုင်ငံ မှာနေပြီး အနေနီးနေတာတောင် ကိုယ့်ကို အနိုင်ယူ တယ် လေ

သူ့များနိုင်ငံ ရောက်ရင် အနေဝေးသွားပြီ အခြေနေပိုဆိုးတော့မယ် ဆိုတာ ကြိုတွေးမိနေလို့

သူက သူ့ကိုမယုံဘူးလားတဲ့ ပြေယတယ် ချစ်သာ သစ္စာရှိပေစတဲ့ သူ့ပြောခဲ့တာ

မလေးလဲ ရောက်သွားရော သူ့ပြောခဲ့တဲ့ စကားတွေ က အကုန်တလွဲ တွေ ကြီးပဲ

ကိုယ်က တော့ သူနဲ့ စကားပြောချင်လို့ စောင့်နေတယ်

သူက ကိုယ့်ကို အဖက်မလုပ်ဘူး ကိုယ့်က စိုးရိမ် တယ် လေ ဒေါသလဲ ဖြစ်တယ် ၀မ်းလဲ ၀မ်းနည်းတယ်

ငါကတော့စကားပြောချင်လွန်းလို့ ‌ညဆိုင်းဆင်းရမှာတောင် မအိပ်ပဲ သူ့ကို စောင့်နေတာ

သူ့လိုင်းတက်လာတော့ သူ့ပြောတဲ့ စကားတွေ က တစ်ကိုယ်ကောင်းဆန်ဆန်ပြောတယ်

သူမလေးကို ရောက်လို့ ဆယ်ရက်တောင် မပြည့်သေးဘူး ပြတ်သွားတယ် ..

တစ်လ လောက် တစ်လလောက်နေတော့ သူက အဆင်ပြေလားဆ်ုပြီး စာလာပို့တယ် ကျမက ပြန်လာမို့လား အဆင်ပြေချင်သေးလားမေးတော့ သူက သူတကယ်မချစ်ပဲ လွန်ထားမိတာတွေ ရှိတယ်တဲ့

သူ ပြသနာတွေ အရင် ရှင်းအုံးမယ်တဲ့ ကျမကို သူ့မေ့မရခဲ့ဘူးတဲ့ မေ့မရလို့ ကျမနေရာမှာ အစားထိုးမို့ သူ့လုပ်မိရာ လုပ်တာတဲ့

ကျမကတော့ မေ့ချင်တာနဲ့ အစားထိုးတာ မလိုအပ်ဘူးထင်တာပဲ

နောက်တော့ သူ့ပြသနာတွေ သူ့ရှင်းလို့ ပြီးသွားတော့ ပြန်တွဲ ခဲ့တယ် သုံးရင်လောက်ပဲ ပြန်တွဲ လိုက်တယ်အ့သုံးရက်မှာ သူက ပြောခဲ့သေးတယ်

သုံးနှစ်ပြည့်ရင် သူပြန်မလာသေးဘူးတဲ့ ပြန်လာလဲ အလည်လောက်ပဲ ပြန်လာမှာတဲ့

သူ့မိဘ တွေ ရှိနေလို့တဲ့ အလည်ပြန်လာတာ သူ့မိဘတွေ သာ မရှိတော့ရင် အဲ့မှာနေမှာတဲ့

သူ့မလေးမသွားခင်က စကားနဲ့ ‌မလေးရောက်သွားတဲ့ စကားတွေ က အရမ်းကွာခြားတယ်

သူ့အချိုးက မပြောင်းလဲ ပါဘူး ကျမတို့ ပြတ်ကြတာပါပဲ

ကျမက နားလည်မူမရှိဘူးတဲ့ ကျမ ဘာမှ နားမလည်တော့ဘူး ကျမကို blတယ်

unတယ် ကျမ နေနိုင်သွားရင် သူက ပြန်လာအပ်လိုက် စကားတွေ လာပြောလိုက်နဲ့ ဘာဆိုဘာမှ နားမလည် တော့တာ ပါ

ဘယ်လိုလုပ်ကမလဲ ပြောပြပေးပါအုံး။































