ညီမတို့က အိမ်ထောင်ကျတာ 6 နှစ်ကျော်ပါပီ တယောက်ကို တယောက်ချစ်လို့ ယူခဲ့တာပါ
ကလေးလည်း တယောက်ရှိပါတယ်
သူနဲ့ ညီမက ခနခန ပြသနာဖစ်ပါတယ် စိတ်နေစိတ်ထားက လုံးဝ မတူပါဘူး
သူက ညီမကို အရမ်း သဝန်တိုတယ် ပီးတော့ သူကြိုက်တဲ့ပုံစံ နေခိုင်းတယ်
ညီမအပေါ်မှာတော့ သိပ်ကြင်နာမှု မရှိတော့ဘူး
ပီးတော့ တခါက ကောင်မလေးတယောက်နဲ့စာပို့တာတွေ့ဖူးပါတယ်
ဖောက်ပြန်တဲ့ပုံ မဟုတ်ပေ မဲ့ စာဖျက်ထားတော့ ခုထိ သံသဝင်နေတယ်
သူကလည်းမူးပိီး ပို့မိတာပါတဲ့ သူဘာရေးမိလည်း ကို မသိပါဘူးတဲ့
ကောင်မလေးကလည်း နည်းနည်း အနေမတတ်တော့ စိတ်မချဘူး ဖစ်သွားတော့ ဒါပေမဲ့ ခုထိတော့ ဖောက်ပြန်တာ ဆက်သွယ်တာ မတွေ့တော့ပါဘူး
အဲ့အကြောင်းတွေးတိုင်း ခုထိ သူ့ကိုမယုံဘူးဖစ်နေတယ်
ပီးတော့ သူညီမကို လိမ်နေတယ်ဘဲ ထင်နေမိတယ်
ခုဆို တခြားမိန်းကလေးတွေနဲ့ အရမ်းခင်တဲ့သူ မဟုတ်ရင်ပေအာ့ ကောင့်အပ်ထားတာ မြင်ရင်ကို ညီမက မကြိုက်တော့ဘူး
သူက ညီမစကားလည်း နားမထောင်ဘူး ဒါပေမဲ့ ညီမကို ချစ်ကြောင်းတော့ လူတိုင်းရှေ့မှာ ပြောတယ်
သူကလည်း ခုဆို သူ့ကို အထင်သေးလို့ဆိုပီး ညီမကို စိတ်တိုနေပီ
ညီမကလည်း သူ့ကိုမယုံတော့ဘူး လိမ်နေတယ်ဘဲ ထင်နေမိတယ်
ညီမက သံသတွေဝင်နေတာလား ဘယ်လို လုပ်ရမလဲ ပြောပေးပါအုံး
သူကလည်းမူးပီး ပို့မိတာပါတဲ့ သူဘာရေးမိလည်း ကို မသိပါဘူးတဲ့