ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၃၀

ဘာလုပ်ရမှန်းမသိတော့လို့ပါ ကိုယ်ပဲအတွေးလွန်နေတာလားသူကပဲတကယ်မချစ်တော့တာလား မစဉ်းစားတတ်တော့လို့ပါ

ကျမ သူ့ကို လေးလအကြာမှာ အဖြေပြန်ပေးခဲ့တာပါ

အဖြေပြန်ပေးခဲ့တာလည်း တလတောင်မကြာသေးပါဘူး အဖြေပေးပီး 2ရက်လောက်အကြာမှာ သူတခြားမြို့ကို အလုပ်နဲ့သွားရပါတယ်

မသွားစေချင်ရင်မသွားဘူးလို့ပြောပေမယ့် သွားဖို့ပဲပြောလိုက်မိပါတယ်

ကျမနဲ့တွဲတာကို သူ့မိဘ အသိုင်းဝိုင်းအားလုံးကိုအသိပေးထားပေမယ့် ကျမ ဘက်ကိုတော့ အသိမပေးထားပါဘူး အိမ်ကသဘောမတူလို့ပါ

အိမ်ကမိဘတွေသဘောကျအောင်ကြိုးစားပါ့မယ် လို့ပြောပါတယ်

ပြောချင်တာကလေ ကျမတို့အရင်ကဆို တနေ့ကို သုံးခါလောက်ဖုန်း‌ပြောဖြစ်ပါတယ်

ညဘက်ဆို2နာရီ3နာရီလောက်ထိကြာအောင်ပြောကြပါတယ်

အခုကျ အလုပ်မအားလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ အဲ့ဒီရောက်ပီးရက်ပိုင်းအတွင်းပဲ အရင်လိုဖုန်းလည်းမပြောဖြစ်တော့ဘူး

ဖုန်းတော့ဆက်ပါတယ် ဆက်လည်းခနပါပဲ တစ်ခါတလေ ဖုန်းခေါ်ရင် မကိုင်ပါဘူး အိပ်ပျော်သွားလို့လို့ပြောပါတယ်

အချိန်မှန်လည်းဖုန်းမဆက်ပါဘူး အရင်ကသူစိတ်ဆိုးအောင်ဘယ်လိုလုပ်လုပ်သူပဲပြန်စပီး ချော့ပါတယ်

လွန်ခဲ့တဲ့သုံးရက်လောက်က သူတနေကုန်ဖုန်းမဆက်ဘူးရှင်

ညဘက်ရောက်တော့မှဖုန်းခေါ်တယ် ခေါ်တော့လည်းခနလေးပဲ

ကိုင်ဖို့တောင်မမီလိုက်ဘူး ချသွားတယ် စိတ်တိုပီး စကားမပြောချင်လို့လား ဖုန်းကိုင်မှာစိုးလို့လား လို့စာပို့ပီး ဖုန်းခေါ်လိုက်ပါတယ် မကိုင်ဘူးရှင့်

နောက်တစ်ခါခေါ်တော့ကိုင်တယ် သူအလုပ်များနေသလိုမျိုး စကားတွေပြောပီး ပေါက်ကရတွေပဲပြောတယ်ဆိုပီးတော့ဖုန်းချသွားတယ်ရှင်

2ရက်ကြာတဲ့ထိ မဆက်သွယ်လာလို့ စိတ်ဆိုးလို့ဖုန်းမခေါ်တာဆိုဖုန်းခေါ်ပေး အဆက်သွယ်ဖြတ်ချင်လို့မခေါ်တာဆို မခေါ်နဲ့ဆိုတော့ ဖုန်းခေါ်ပါတယ်

သူ့ကိုအမြဲတမ်းအဆိုးပဲမြင်နေလို့ စိတ်ဆိုးလို့မခေါ်ပဲနေတာပါတဲ့

အရင်ကလည်း တစ်ခုခုကို ကျမက တကယ်မချစ်လို့လားplayချင်လို့လုပ်နေတာလား

အဲ့လိုတွေခနခနပြောဖူးပါတယ် ဒီနေ့ သူနဲ့ဖုန်းနှစ်ခါပြောဖြစ်ပါတယ် သူဆက်တာပါ

ညနေကအလုပ်ဆင်းတော့ ရေချိုးထမင်းစားပီးရင် ညဘက်ဖုန်းခေါ်မယ်ပြောပီး အခုထိကိုမခေါ်ဘူး အဖြေရပီးသွားလို့ ပြောင်းလဲသွားတာလား

မချစ်ဘဲနဲ့ချစ်ဟန်ဆောင်နေတာလား မသိတော့လို့ပါ ကျမဘဝမှာပထမဆုံးရည်းစားထားဖူးတာပါ

အလုပ်ကိုစရောက်စက2ရက်လောက်ပဲဖုန်းသေချာပြောဖြစ်ပါတယ်

အဲ့နောက်ပိုင်းဖုန်းသိပ်မပြောဖြစ်လို့ အချိန်မပေးနိုင်ရင်မတွဲဘူးလို့ပဲပြောတော့ဆိုတော့ အချိန်ပေးပါ့မယ်ဆိုပီး တပတ်လောက်တော့ဟုတ်နေပီး နောက် ရက်ကျ တစ်ရက်လုံးဖုန်းမခေါ်ဘူး

ညဘက်မှ ခေါ်ပီးချသွားလို့ရန်ဖြစ်တာ ဒီနေ့မှပြန်အဆင်ပြေတာ ကို ပီးရင်ခေါ်မယ်ဆိုပီးမခေါ်ပြန်ဘူးရှင်

တစ်နှစ်နေရင်ယူမယ်လို့ပြောထားတာပါ အခုလိုပင်ပန်းခံပီးအလုပ်လုပ်နေတာ မြန်မြန်နီးစပ်ဖို့လို့ပြောပီး လူကိုအရေးမလုပ်သလိုပစ်ထားသလိုပဲခံစားနေရတယ်ရှင်

ကျမ သူ့ကို move onလုပ်သင့်တယ်လို့ပဲစဉ်းစားနေမိတယ်

ဆက်တွဲနေရင် ကျမဆက်ပီးဝမ်းနည်းရမယ်လို့ပဲတွေးမိနေတယ် တကယ်ဆို ဖုန်းဆက်ဖို့အဆင်မပြေရင်တောင်စာပို့လို့တော့ရတယ်မလား

သူ့အလုပ်မှာသူကလူကြီးတစ်ယောက်ပါ လူကြီးဖြစ်လည်း ကိုယ်ပိုင်အားလပ်ချိန်တော့ရှိမယ်လို့ထင်တာပဲ

အဝေးမသွားခင်အချိန်အထိသူက အရမ်းကောင်းခဲ့ပါတယ်

အခုကျဂရုမစိုက်တာ တကယ်မအားလို့လား မအားချင်တော့လို့လား မသိတော့လို့ပါ

ကျမပဲအတွေးလွန်နေတာလားရှင် ကျမနဲ့တွဲနေတာကို အခုအလုပ်ကသူတွေကိုလည်း သူအသိပေးထားပါတယ်

သူ့ဘက်ကဂရုစိုက်တာဖုန်းခေါ်တာ နည်းနည်းလျော့သွားတာနဲ့ ကျမအတွေးပေါင်းစုံတွေးပီးဝမ်းနည်းရတယ်

ကျမ ပဲအတွေးလွန်နေတာလား အကြံဉာဏ်ပေးပါအုံးရှင်

အရင်ကသူကရည်းစားများခဲ့တယ်ရှင် သူဘာပြလုပ်လုပ် playချင်တဲ့အကွက်တွေလိုပဲမြင်နေမိတယ်

ချစ်လည်းချစ်တယ် အသဲကွဲမှာလည်းကြောက်တယ် အကြံဉာဏ်ပေးကြပါအုံးရှင်

အခမဲ့တင်ပေးပါ

ဘာလုပ္ရမွန္းမသိေတာ့လို႔ပါ ကိုယ္ပဲအေတြးလြန္ေနတာလားသူကပဲတကယ္မခ်စ္ေတာ့တာလား မစဥ္းစားတတ္ေတာ့လို႔ပါ

က်မ သူ႔ကို ေလးလအၾကာမွာ အေျဖျပန္ေပးခဲ့တာပါ

အေျဖျပန္ေပးခဲ့တာလည္း တလေတာင္မၾကာေသးပါဘူး အေျဖေပးပီး 2ရက္ေလာက္အၾကာမွာ သူတျခားၿမိဳ႕ကို အလုပ္နဲ႔သြားရပါတယ္

မသြားေစခ်င္ရင္မသြားဘူးလို႔ေျပာေပမယ့္ သြားဖို႔ပဲေျပာလိုက္မိပါတယ္

က်မနဲ႔တြဲတာကို သူ႔မိဘ အသိုင္းဝိုင္းအားလုံးကိုအသိေပးထားေပမယ့္ က်မ ဘက္ကိုေတာ့ အသိမေပးထားပါဘူး အိမ္ကသေဘာမတူလို႔ပါ

အိမ္ကမိဘေတြသေဘာက်ေအာင္ႀကိဳးစားပါ့မယ္ လို႔ေျပာပါတယ္

ေျပာခ်င္တာကေလ က်မတို႔အရင္ကဆို တေန႔ကို သုံးခါေလာက္ဖုန္း‌ေျပာျဖစ္ပါတယ္

ညဘက္ဆို2နာရီ3နာရီေလာက္ထိၾကာေအာင္ေျပာၾကပါတယ္

အခုက် အလုပ္မအားလို႔ပါဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ အဲ့ဒီေရာက္ပီးရက္ပိုင္းအတြင္းပဲ အရင္လိုဖုန္းလည္းမေျပာျဖစ္ေတာ့ဘူး

ဖုန္းေတာ့ဆက္ပါတယ္ ဆက္လည္းခနပါပဲ တစ္ခါတေလ ဖုန္းေခၚရင္ မကိုင္ပါဘူး အိပ္ေပ်ာ္သြားလို႔လို႔ေျပာပါတယ္

အခ်ိန္မွန္လည္းဖုန္းမဆက္ပါဘူး အရင္ကသူစိတ္ဆိုးေအာင္ဘယ္လိုလုပ္လုပ္သူပဲျပန္စပီး ေခ်ာ့ပါတယ္

လြန္ခဲ့တဲ့သုံးရက္ေလာက္က သူတေနကုန္ဖုန္းမဆက္ဘူးရွင္

ညဘက္ေရာက္ေတာ့မွဖုန္းေခၚတယ္ ေခၚေတာ့လည္းခနေလးပဲ

ကိုင္ဖို႔ေတာင္မမီလိုက္ဘူး ခ်သြားတယ္ စိတ္တိုပီး စကားမေျပာခ်င္လို႔လား ဖုန္းကိုင္မွာစိုးလို႔လား လို႔စာပို႔ပီး ဖုန္းေခၚလိုက္ပါတယ္ မကိုင္ဘူးရွင့္

ေနာက္တစ္ခါေခၚေတာ့ကိုင္တယ္ သူအလုပ္မ်ားေနသလိုမ်ိဳး စကားေတြေျပာပီး ေပါက္ကရေတြပဲေျပာတယ္ဆိုပီးေတာ့ဖုန္းခ်သြားတယ္ရွင္

2ရက္ၾကာတဲ့ထိ မဆက္သြယ္လာလို႔ စိတ္ဆိုးလို႔ဖုန္းမေခၚတာဆိုဖုန္းေခၚေပး အဆက္သြယ္ျဖတ္ခ်င္လို႔မေခၚတာဆို မေခၚနဲ႔ဆိုေတာ့ ဖုန္းေခၚပါတယ္

သူ႔ကိုအၿမဲတမ္းအဆိုးပဲျမင္ေနလို႔ စိတ္ဆိုးလို႔မေခၚပဲေနတာပါတဲ့

အရင္ကလည္း တစ္ခုခုကို က်မက တကယ္မခ်စ္လို႔လားplayခ်င္လို႔လုပ္ေနတာလား

အဲ့လိုေတြခနခနေျပာဖူးပါတယ္ ဒီေန႔ သူနဲ႔ဖုန္းႏွစ္ခါေျပာျဖစ္ပါတယ္ သူဆက္တာပါ

ညေနကအလုပ္ဆင္းေတာ့ ေရခ်ိဳးထမင္းစားပီးရင္ ညဘက္ဖုန္းေခၚမယ္ေျပာပီး အခုထိကိုမေခၚဘူး အေျဖရပီးသြားလို႔ ေျပာင္းလဲသြားတာလား

မခ်စ္ဘဲနဲ႔ခ်စ္ဟန္ေဆာင္ေနတာလား မသိေတာ့လို႔ပါ က်မဘဝမွာပထမဆုံးရည္းစားထားဖူးတာပါ

အလုပ္ကိုစေရာက္စက2ရက္ေလာက္ပဲဖုန္းေသခ်ာေျပာျဖစ္ပါတယ္

အဲ့ေနာက္ပိုင္းဖုန္းသိပ္မေျပာျဖစ္လို႔ အခ်ိန္မေပးႏိုင္ရင္မတြဲဘူးလို႔ပဲေျပာေတာ့ဆိုေတာ့ အခ်ိန္ေပးပါ့မယ္ဆိုပီး တပတ္ေလာက္ေတာ့ဟုတ္ေနပီး ေနာက္ ရက္က် တစ္ရက္လုံးဖုန္းမေခၚဘူး

ညဘက္မွ ေခၚပီးခ်သြားလို႔ရန္ျဖစ္တာ ဒီေန႔မွျပန္အဆင္ေျပတာ ကို ပီးရင္ေခၚမယ္ဆိုပီးမေခၚျပန္ဘူးရွင္

တစ္ႏွစ္ေနရင္ယူမယ္လို႔ေျပာထားတာပါ အခုလိုပင္ပန္းခံပီးအလုပ္လုပ္ေနတာ ျမန္ျမန္နီးစပ္ဖို႔လို႔ေျပာပီး လူကိုအေရးမလုပ္သလိုပစ္ထားသလိုပဲခံစားေနရတယ္ရွင္

က်မ သူ႔ကို move onလုပ္သင့္တယ္လို႔ပဲစဥ္းစားေနမိတယ္

ဆက္တြဲေနရင္ က်မဆက္ပီးဝမ္းနည္းရမယ္လို႔ပဲေတြးမိေနတယ္ တကယ္ဆို ဖုန္းဆက္ဖို႔အဆင္မေျပရင္ေတာင္စာပို႔လို႔ေတာ့ရတယ္မလား

သူ႔အလုပ္မွာသူကလူႀကီးတစ္ေယာက္ပါ လူႀကီးျဖစ္လည္း ကိုယ္ပိုင္အားလပ္ခ်ိန္ေတာ့ရွိမယ္လို႔ထင္တာပဲ

အေဝးမသြားခင္အခ်ိန္အထိသူက အရမ္းေကာင္းခဲ့ပါတယ္

အခုက်ဂ႐ုမစိုက္တာ တကယ္မအားလို႔လား မအားခ်င္ေတာ့လို႔လား မသိေတာ့လို႔ပါ

က်မပဲအေတြးလြန္ေနတာလားရွင္ က်မနဲ႔တြဲေနတာကို အခုအလုပ္ကသူေတြကိုလည္း သူအသိေပးထားပါတယ္

သူ႔ဘက္ကဂ႐ုစိုက္တာဖုန္းေခၚတာ နည္းနည္းေလ်ာ့သြားတာနဲ႔ က်မအေတြးေပါင္းစုံေတြးပီးဝမ္းနည္းရတယ္

က်မ ပဲအေတြးလြန္ေနတာလား အႀကံဉာဏ္ေပးပါအုံးရွင္

အရင္ကသူကရည္းစားမ်ားခဲ့တယ္ရွင္ သူဘာျပလုပ္လုပ္ playခ်င္တဲ့အကြက္ေတြလိုပဲျမင္ေနမိတယ္

ခ်စ္လည္းခ်စ္တယ္ အသဲကြဲမွာလည္းေၾကာက္တယ္ အႀကံဉာဏ္ေပးၾကပါအုံးရွင္

အခမဲ့တင္ေပးပါ