အစ်မတို့ရေညီမကိုအကြံညဏ်လေးပေးပါဦးရှင့်(ညီမဘဝနဲ့သက်ဆိုင်နေလို့ပါ)
ညီမအသက်က21ပြည့်တော့မှာပါ
ကောင်လေးက21ပြည့်သွားပါပြီ
ပြသနာဖစ်နေတာကညီမအိမ်ပါ
ညီမရဲ့အမေက ညီမအခုတွဲနေတဲ့ကောင်လေးကိုသဘောမကျဘူး
ညီမကောင်လေးကညီမတို့ထက်ဆင်းရဲလို့ပါ(အရမ်းဆင်းရဲနေတာမျိုးမဟုပ်ပါဘူး) ညီမတို့အိမ်ကကောင်လေးတို့ထက်စာရင်တော်တော်ကိုချမ်းသာပါတယ်
ညီမအမေတို့ကလည်းပိုက်ဆံရှိတော့ ရှိတဲ့လူနဲ့ပဲရစေချင်တာပါ ညီမအဖေမေတို့ကဂုဏ်အရမ်းလိုချင်ကြပါတယ်
(ငါ့သမီးကိုဘယ်လောက်တင်တောင်းတာ ဘာညာအဲ့လိုမျိုးပါ)
တင်တောင်းတာကလည်းသိန်း500/1000ကျော်လောက်မှသူတို့ကြည်ဖြူပီးသဘောတောမှာပါ
ညီမကအိမ်မှာဆို အလုပ်ကိစ္စတေလည်းကျွမ်းကျင်စွာလုပ်နိုင်တော့ အမေကအားကိုးပါတယ်
ညီမသုံးယောက်ရှိတဲ့ထဲ ညီမကိုနည်းနည်းပိုပီးချစ်ပါတယ်
ညီမအမေက အရမ်းလည်းနှမြောတတ်ပါတယ် အိမ်မှာဆိုထင်သလိုသုံးရစားရပါတယ်(အမေမသိအောင်)
အိမ်မှာက ဘာမှလိုလေသေးမရှိအောင်ကိုနေရစားရတာပါ
စီးပွားရေးကလည်းအမေပဲဦးဆောင်လုပ်တာ ညီမတို့ကနောက်ကနေလိုက်လုပ်ရတာ
အမေနဲ့စကားများပီး ညီမသင်တန်းတက်လိုက်တာ3လအတွင်း15လောက်ကုန်ပါတယ်
ပိုက်ဆံတေလည်းအရမ်းသုံးလို့ပြောပါတယ် ညီမရည်းစားရှိတာလည်းသင်တန်းတက်မှအမေတို့သိတာပါ
ပုံတေတင်လို့ တိုင်ခံရတာ(ညီမသုံးလည်း ကောင်လေးကိုပေးတယ်ပဲထင်တာပါ)
ညီမကိုလည်းအဲ့ဒါကြောင့်အမြဲလိုလိုကိုမကြည်တော့တာပါ
ရည်းစားထားလို့ပါ ညီမကအမေ့ကိုညီမတို့အကြောင်းအကုန်ပြောပြလိုက်ပါတယ်
25နှစ်ကျော်မှအိမ်ထောင်ပြုမှာပါလို့လည်းပြောတယ်(ညီမတို့ကလည်း25နှစ်လို့စီစဉ်ထားလို့)
နောက်တစ်ခုကတော့ ညီမကောင်လေးပါ
သူကညီမကို တော်တော်ကိုချစ်ပါတယ်
ညီမကိုစိတ်ချမ်းသာအောင်ထားတယ် ညီမမျက်နှာတစ်ချက်အပျက်မခံပါဘူး
သူတက်နိုင်သလောက် လိုလေသေးမရှိအောင်ထားပါတယ် သူတို့အိမ်ကတင်တောင်းပေးနိုင်လည်းသ်န်း100ဆိုတာအများဆုံးလောက်ပါ သူတို့အိမ်ဘက်ကတော့ညီမနဲ့သဘောတူပါတယ်
သူကခုယူကြမယ်ဆိုလည်း သူလုပ်ကျွေးနိုင်ပါတယ် ညီမတို့အိမ်လောက်မထားနိုင်ပေမယ့် ညီမကိုအဆင်ပြေနိုင်လောက်အောင် ထားနိုင်ပါတယ်
ညီမတစ်ခါတစ်လေ စိတ်ညစ်ပြီး ယောကျာ်းယူချင်စိတ်ပေါက်ပေါက်လာလို့ပါ
သူနဲ့ယူရင်လည်း လူမချမ်းသာပေမယ့်စ်တ်ကတော့ချမ်းသာမှာပါ
ညီမဘယ်လိုလုပ်ရမလဲအစ်မတို့ရေ
စာရေးတာရှေ့နောက်မညီရင်လည်းတောင်းပန်ပါတယ်ရှင့် ပထမဆုံးရေးဖူးတာမို့လို့ပါ