ညီမအသက်က ၁၈ပါ ညီမကောင်လေးက အသက်၂၁ပါ
အလုပ်ကတော့ ညီမက အိမ်တွင်းချည်ထိုးပီး ရောင်းပါတယ်
ညီမကောင်လေးကတော့ အလုပ်ပေါင်းစုံလုပ်ပါတယ် အခုလဲ ညမရှိတဲ့ဆီကို လာပီး အလုပ်လုပ်နေတာပါ
တွဲလာတာ ၁နှစ် ၇လကျော်ပါပီ ချစ်သူဖစ်တာ ၃လပြည့်တဲ့နေမာပဲ
ညီမ မိဘတေက သဘောမတူလို့ သူ့ကို သူ့နယ်သူပြန်ဖို့ ညီမ မသိအောင် သွားပြောကြပါတယ်
ညီမ မိဘတေက သားသမီး၃ယောက်မာ မိန်းကလေးဆိုလို့ ညီမပဲ ပါတာမလို့ အရမ်းချစ်ကြပါတယ်
ညီမ ကောင်လေးကို သူ့နယ်သူပြန်ဖို့ ညီမမိဘတေက ပြောပေမယ့် သူမပြန်ခဲ့ပါဘူး
ဘယ်သူမှမသိတဲ့နေရာမာ တိတ်တိတ်လေး တစ်ယောက်ထဲ နေခဲ့ပါတယ်
သူကလဲ ညီမကိုတော်တော်ချစ်ပါတယ် သူ့မာ အမေမရှိတော့ဘူး သူ့အဖေကလဲ နောက်အိမ်ထောင်နဲ့ အဒေါ်အပျိုကြီးနဲ့နေရပါတယ်
သူ့အဒေါ်က အခုလိုတစ်ယောက်ထဲ နေနေရတဲ့ သတင်းကြားတော့ ပြန်လာဖို့ခေါ်ပါတယ်
သူက မပြန်ပါဘူး ညီမ မိဘတေကို ဘာလို့ အဲ့လိုတေ ခွဲတာလဲ မေးတော့ အဆင့်အတန်းမတူလို့တဲ့ မပေးချင်တာတဲ့
မိဘကမရှိ အမျိုးကလဲ မရှိဘူးတဲ့ တကယ်တော့ သူ့မာ ညီအစ်ကို ၃ယောက်ရှိတာပါ
ညီမတို့လဲ ၃ယောက်ပါပဲ သူတို့က တောင်သူရိုးရိုးသမားတေပါ ညီမတို့အိမ်က မျိုးရိုးရော အကုန်အဆင်ပြေကြပါတယ်
ချမ်းသာတဲ့အထဲမာ ပါတာပေါ့ အခု ၁နှစ်ကျော်တော့ သဘောမတူဘူးဆိုတော့ ခိုးပြေးခဲ့ပါတယ်
ခိုးပြေးပီး ၁ပတ်လောက်နေတော့ ညီမတို့ စကားကြောင်းကြပါတယ်
စကားကြောင်းတော့ ညမလဲ အမေတို့နဲ့ပဲ ပြန်နေခဲ့ပါတယ် မဂ်လာဆောင်ချိန်မှ သူနဲ့လိုက်နေမယ်ဆိုပီးပေါ့
ဒါပေမယ့် ညီမမိဘတေက ထပ်ခွဲပြန်တယ် ညီမကို အဝေးကို လိမ်ပီးပို့ကြပါတယ်
ညီမက ပြန်မယ်လုပ်တော့လဲ လမ်းတေကမရှင်းတော့ မပြန်ရပါဘူး
ညီမတို့ ခိုးပြေးပီးမှ ခွဲထားတာ ၃လလောက်ရှိပါပီ ညီမပြန်မလာတော့ ညီမ ကောင်လေးက ညီမဇာတိမြေမာ သူ့နယ်တောင်မပြန်ပဲ ညီမရှိတဲ့နေရာကိုပဲ နေနေတာ
ညီမက အဝေးကို ထွက်သွားတယ်ဆိုပီး သူက တစ်ခါတစ်ခါ ဆဲပါတယ် ပြတ်မယ်တေ ပြောပါတယ်
ညမကရှင်းပြရင် သူက အင်းပါနဲ့ ပြောပီး တစ်ခါတစ်ခါ အစပေါ်လာရင် ထပ်ဆဲပါတယ်
ညီမမိဘတေကလဲ ညမက ငယ်သေးလို့ထင်ပါတယ် ညီမကောင်လေးက ဆင်းရဲတော့ သူတို့နဲ့နေတူန်းကလို မနေရမာ မျက်နှာငယ်မာတေ စိတ်ပူလို့ထင်ပါတယ်
ညမတို့ နောက်လမာ မဂ်လာဆောင်မယ်တော့ အကုန်အသိပေးထားပီးမှ ညီမမိဘတေက ခွဲထားတော့ ဘာတေဆက်လုပ်ရမှန်းလဲ မသိတော့ပါဘူး
ညီမအဖေနဲ့ ဦးလေးတေအကိုတေကလဲ ခိုးပြေးပီးကတည်းက စိတ်တေဆိုးပီး မခေါ်ကြပါဘူး
ညီမမှာ တစ်ဖက်က မိဘ တစ်ဖက်သိပ်ချစ်ရတဲ့ချစ်သူ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး
ညီမကောင်လေးက ယူပီးရင် အလုပ်တန်းရဖို့ အလုပ်တေလဲရှာထားပါတယ်
သူကတာ ဆင်းရဲတာ ညီမကို ၅၀နဲ့တင်တောင်းမယ်ပြောပါတယ်
သူ့ကြောင့် ညီမကို စိတ်မဆင်းရဲစေရပါဘူးဆိုပီး လူကြီးတေရှေ့မာ သစ္စာဆိုပီး သစ္စာရေသောက်ပြပါတယ်
ညီမ မိဘတေကိုလဲ စိတ်မဆင်းရဲစေချင်ဘူး
သူနဲ့လဲ မခွဲချင်ဘူး ညီမကို ကြည်ကြည်ဖြူဖြူနဲ့ သဘောတူမယ့်နည်းလေးတေရှိရင် အကြံလေးပေးကြပါအုံးရှင့်😇