အိမ်ထောင်သက် 23နှစ်ရှိပါပီ
သားနှစ်ယောက်ရှိပါတယ် ရခါစတုန်းကတော့ဆင်းရဲလိုက်တာ
သားအကြီးလေးကဆို ဆင်းရဲဖော်လေး အခုလည်းချမ်းသာလားဆိုတော့လည်းမဟုတ်ရပါဘူ
ခြံဝင်းလေးနဲ့အိမ်ပိုင်လေးနဲ့ဆိုတော့လူတန်းစေ့လေးဖြစ်သွားပီး
ရခါစတုန်းကလိုအိမ်ငှားနဲ့မဟုတ်တော့ပါဘူး ယောက်ကျားတွေလို့ပြောရရင် အများကိုပတ်ရမ်းတာမဟုတ်ပါဘူး
ကျွန်မယောက်ကျားပါရှင် တစ်သောင်းငွေလောက်ကနေတစ်သိန်းငွေလောက်ရှာနိုင်လာတဲ့အခါမှာ စိတ်ပြောင်းသွားတာရှင်
မိသားစုအပေါ်မှာအရင်လိုဂရုစိုက်ပေးမှူ့တွေကစလို့ ပျော်ရွှင်မှူ့တွေအဆုံးစိတ်ညစ်စရာတွေကိုမျှဝေဖို့တွေရောအကုန်လုံးကိုလှည့်ကိုမကြည့်တော့တာ5နှစ်လောက်ရှိပီ
အော်ငါတို့သားအမိကိုပြစ်ထားနိုင်လိုက်တာ ဘယ်ခြေလှမ်းတွေလှမ်းနေပါလိမ့်ဆိုပီး စိတ်မကောင်းဖြစ်နေရာကနေသူကတစ်ဆင့်ထပ်တက်သွားပြန်တယ်
ကောင်မလေးကသူကအိမ်ထောင်သည်ပါဆိုတာကိုသိသွားလို့ ကိုယ်ဝန်ဖျက်ချတယ်ဆိုတဲ့သတင်းကိုသူ့အစ်မကိုယ်တိုင်သယ်လာခဲ့တယ်
သူ့အစ်မရဲ့ပြောစကားနဲ့ရန်တွေဖြစ်ရတယ် ငါ့အစ်မကငါ့ကိုမဟုတ်တာမပြောဘူးတဲ့လေ
သူ့အစ်မကလည်း အဲ့ဒီကြားထဲလူချင်းလည်းအတွေ့မခံဖုန်းဆက်တော့လည်းမကိုင် ကျွန်မအတွက်ကသက်သေဆိုတာကောက်ရိုးတစ်မျှင်တောင်မှမရခဲ့ပါဘူး
ဒါပေမယ့်ပေါလေမဟုတ်တာလုပ်တဲ့သူတွေအတွက်က ဘယ်တော့မှကြာကြာမလိမ်လိုက်ရပါဘူး
(အလိမ်ခံခဲ့ရတာလည်းအခါခါ) သူတို့နှစ်ယောက်မန်းလေးမြို့ထဲမှာအိမ်ခန်းငှားနေကြတယ်ဆိုတဲ့သတင်းနဲ့လိပ်စာကအတိအကြရလိုက်တယ်လေ
အဲ့လိုငှားနေတော့လည်းကျွန်မကိုကွဲပေးပီးအဲ့မိန်းကလေးကိုအတည်မယူပါဘူး အဲ့မိန်းကလေးစီသွားအိပ်လိုက်အိမ်ပြန်လာလိုက်နဲ့ လူပါးဝနေမှာကို ကျွန်မကမခံစားနိုင်ဘူးလေ
အဲ့တော့ကွဲပေးဖို့ကွာရှင်းစာချူပ်နဲ့လိုက်သွားတဲ့အခါမှာ သူ့ကောင်မလေးရောသူရောအတွေ့မခံပါဘူး
ဖုန်းကလည်းစက်ပိတ်သွားတော့ ကျွန်မလည်းရွာကိုဒေါသတွေနဲ့ပြန်လာခဲ့လိုက်တယ် သားတို့စိတ်ပူမှာစိုးလို့လေ
အဲ့သလိုနဲ့5ရက်လောက်နေတော့အိမ်ကိုပြန်လာချင်ပါတယ်
ဒီမိန်းမနဲ့ဒီမိသားစုနဲ့မလဲနိုင်ပါဘူးဆိုပီးငိုကြီးချက်မနဲ့ဖုန်းတွေဆက်တယ် ကျွန်မအမျိုးတွေဆိုရင်တစ်ယောက်မှမနေရဘူးရှင်
တစ်မျိုးလုံးကိုအကူညီတွေတောင်းအိမ်ပြန်လာချင်တဲ့အကြောင်းကိုငိုပီးပြောကျွန်မကလည်းပြန်မပေါင်းနိုင်ပါဘူးပေါ့
အဲ့သလိုတင်းထားတဲ့အချိန်မှာသားတို့နှစ်ယောက်ကသူတို့အဖေကိုအိမ်ပြန်ခေါ်ချင်တဲ့အကြောင်း အဖေကသူ့အမှားကိုသိလို့ဝန်ခံပီးပြန်လာတာကိုအမေရယ်ခွင့်လွှတ်လိုက်ပါဆိုလို့ ကျွန်မပြန်လက်သင့်ခံခဲ့ပါတယ်
အဲ့သလိုနဲ့အိမ်ကိုပြန်ရောက်လာခဲ့တယ် အချိုးတွေလည်းပြောင်းသွားတယ်
အရင်လိုဂရုစိုက်မှူ့တွေနဲ့မိသားစုအပေါ်ကိုပြန်နွေးထွေးလာခဲ့တယ်
ခက်တာကသူ့ကောင်မလေးကမပြတ်နိုင်လို့ဖုန်းတွေခဏခဏဆက်လို့ ဖုန်းကဒ်တွေပါလည်းထားရပါတယ်ရှင်
အခုတော့ကျွန်မတို့မိသားစုအရင်လိုပျော်ရွှင်နေရပါပီ
စာကြွင်းmအိမ်ထောင်သည်မိန်းမသားတို့ဆိုတာစောင့်ထိန်းအပ်တာတွေများလှသမို့ကိုယ့်ယောက်ကျားဘယ်လောက်ပဲလိမ်ညာပီးဖောက်ပြန်နေပါစေ ကိုယ်တွေမိန်းမသားတွေကသာဖြူဖြူစင်စင်နဲ့နေပြလိုက်
ကိုယ့်ရဲ့ကိုယ်စောင့်နတ်တွေကစောင့်ရှောက်တယ် အချိန်တန်တော့ဗူးပေါ်သလိုပေါ်ရတာပါပဲရှင်
ကိုယ့်ကိုကူညီပေးမယ့်ကိုယ်ချင်းစာပေးတတ်တဲ့သူတော်ကောင်းတွေနဲ့တွေ့ရတတ်ပါတယ်ရှင်
ကျွန်မကလက်တွေ့မို့လို့ပါရှင်၊အိမ်ထောင်သည်မိန်းမသားတိုင်းစိတ်ချမ်းသာလို့ပျော်ရွှင်ကြပါစေရှင်
အိမ္ေထာင္သက္ 23ႏွစ္ရွိပါပီ
သားႏွစ္ေယာက္ရွိပါတယ္ ရခါစတုန္းကေတာ့ဆင္းရဲလိုက္တာ
သားအႀကီးေလးကဆို ဆင္းရဲေဖာ္ေလး အခုလည္းခ်မ္းသာလားဆိုေတာ့လည္းမဟုတ္ရပါဘူ
ၿခံဝင္းေလးနဲ႔အိမ္ပိုင္ေလးနဲ႔ဆိုေတာ့လူတန္းေစ့ေလးျဖစ္သြားပီး
ရခါစတုန္းကလိုအိမ္ငွားနဲ႔မဟုတ္ေတာ့ပါဘူး ေယာက္က်ားေတြလို႔ေျပာရရင္ အမ်ားကိုပတ္ရမ္းတာမဟုတ္ပါဘူး
ကြၽန္မေယာက္က်ားပါရွင္ တစ္ေသာင္းေငြေလာက္ကေနတစ္သိန္းေငြေလာက္ရွာႏိုင္လာတဲ့အခါမွာ စိတ္ေျပာင္းသြားတာရွင္
မိသားစုအေပၚမွာအရင္လိုဂ႐ုစိုက္ေပးမႉ႔ေတြကစလို႔ ေပ်ာ္႐ႊင္မႉ႔ေတြအဆုံးစိတ္ညစ္စရာေတြကိုမွ်ေဝဖို႔ေတြေရာအကုန္လုံးကိုလွည့္ကိုမၾကည့္ေတာ့တာ5ႏွစ္ေလာက္ရွိပီ
ေအာ္ငါတို႔သားအမိကိုျပစ္ထားႏိုင္လိုက္တာ ဘယ္ေျခလွမ္းေတြလွမ္းေနပါလိမ့္ဆိုပီး စိတ္မေကာင္းျဖစ္ေနရာကေနသူကတစ္ဆင့္ထပ္တက္သြားျပန္တယ္
ေကာင္မေလးကသူကအိမ္ေထာင္သည္ပါဆိုတာကိုသိသြားလို႔ ကိုယ္ဝန္ဖ်က္ခ်တယ္ဆိုတဲ့သတင္းကိုသူ႔အစ္မကိုယ္တိုင္သယ္လာခဲ့တယ္
သူ႔အစ္မရဲ႕ေျပာစကားနဲ႔ရန္ေတြျဖစ္ရတယ္ ငါ့အစ္မကငါ့ကိုမဟုတ္တာမေျပာဘူးတဲ့ေလ
သူ႔အစ္မကလည္း အဲ့ဒီၾကားထဲလူခ်င္းလည္းအေတြ႕မခံဖုန္းဆက္ေတာ့လည္းမကိုင္ ကြၽန္မအတြက္ကသက္ေသဆိုတာေကာက္႐ိုးတစ္မွ်င္ေတာင္မွမရခဲ့ပါဘူး
ဒါေပမယ့္ေပါေလမဟုတ္တာလုပ္တဲ့သူေတြအတြက္က ဘယ္ေတာ့မွၾကာၾကာမလိမ္လိုက္ရပါဘူး
(အလိမ္ခံခဲ့ရတာလည္းအခါခါ) သူတို႔ႏွစ္ေယာက္မန္းေလးၿမိဳ႕ထဲမွာအိမ္ခန္းငွားေနၾကတယ္ဆိုတဲ့သတင္းနဲ႔လိပ္စာကအတိအၾကရလိုက္တယ္ေလ
အဲ့လိုငွားေနေတာ့လည္းကြၽန္မကိုကြဲေပးပီးအဲ့မိန္းကေလးကိုအတည္မယူပါဘူး အဲ့မိန္းကေလးစီသြားအိပ္လိုက္အိမ္ျပန္လာလိုက္နဲ႔ လူပါးဝေနမွာကို ကြၽန္မကမခံစားႏိုင္ဘူးေလ
အဲ့ေတာ့ကြဲေပးဖို႔ကြာရွင္းစာခ်ဴပ္နဲ႔လိုက္သြားတဲ့အခါမွာ သူ႔ေကာင္မေလးေရာသူေရာအေတြ႕မခံပါဘူး
ဖုန္းကလည္းစက္ပိတ္သြားေတာ့ ကြၽန္မလည္း႐ြာကိုေဒါသေတြနဲ႔ျပန္လာခဲ့လိုက္တယ္ သားတို႔စိတ္ပူမွာစိုးလို႔ေလ
အဲ့သလိုနဲ႔5ရက္ေလာက္ေနေတာ့အိမ္ကိုျပန္လာခ်င္ပါတယ္
ဒီမိန္းမနဲ႔ဒီမိသားစုနဲ႔မလဲႏိုင္ပါဘူးဆိုပီးငိုႀကီးခ်က္မနဲ႔ဖုန္းေတြဆက္တယ္ ကြၽန္မအမ်ိဳးေတြဆိုရင္တစ္ေယာက္မွမေနရဘူးရွင္
တစ္မ်ိဳးလုံးကိုအကူညီေတြေတာင္းအိမ္ျပန္လာခ်င္တဲ့အေၾကာင္းကိုငိုပီးေျပာကြၽန္မကလည္းျပန္မေပါင္းႏိုင္ပါဘူးေပါ့
အဲ့သလိုတင္းထားတဲ့အခ်ိန္မွာသားတို႔ႏွစ္ေယာက္ကသူတို႔အေဖကိုအိမ္ျပန္ေခၚခ်င္တဲ့အေၾကာင္း အေဖကသူ႔အမွားကိုသိလို႔ဝန္ခံပီးျပန္လာတာကိုအေမရယ္ခြင့္လႊတ္လိုက္ပါဆိုလို႔ ကြၽန္မျပန္လက္သင့္ခံခဲ့ပါတယ္
အဲ့သလိုနဲ႔အိမ္ကိုျပန္ေရာက္လာခဲ့တယ္ အခ်ိဳးေတြလည္းေျပာင္းသြားတယ္
အရင္လိုဂ႐ုစိုက္မႉ႔ေတြနဲ႔မိသားစုအေပၚကိုျပန္ေႏြးေထြးလာခဲ့တယ္
ခက္တာကသူ႔ေကာင္မေလးကမျပတ္ႏိုင္လို႔ဖုန္းေတြခဏခဏဆက္လို႔ ဖုန္းကဒ္ေတြပါလည္းထားရပါတယ္ရွင္
အခုေတာ့ကြၽန္မတို႔မိသားစုအရင္လိုေပ်ာ္႐ႊင္ေနရပါပီ
စာႂကြင္းmအိမ္ေထာင္သည္မိန္းမသားတို႔ဆိုတာေစာင့္ထိန္းအပ္တာေတြမ်ားလွသမို႔ကိုယ့္ေယာက္က်ားဘယ္ေလာက္ပဲလိမ္ညာပီးေဖာက္ျပန္ေနပါေစ ကိုယ္ေတြမိန္းမသားေတြကသာျဖဴျဖဴစင္စင္နဲ႔ေနျပလိုက္
ကိုယ့္ရဲ႕ကိုယ္ေစာင့္နတ္ေတြကေစာင့္ေရွာက္တယ္ အခ်ိန္တန္ေတာ့ဗူးေပၚသလိုေပၚရတာပါပဲရွင္
ကိုယ့္ကိုကူညီေပးမယ့္ကိုယ္ခ်င္းစာေပးတတ္တဲ့သူေတာ္ေကာင္းေတြနဲ႔ေတြ႕ရတတ္ပါတယ္ရွင္
ကြၽန္မကလက္ေတြ႕မို႔လို႔ပါရွင္၊အိမ္ေထာင္သည္မိန္းမသားတိုင္းစိတ္ခ်မ္းသာလို႔ေပ်ာ္႐ႊင္ၾကပါေစရွင္