မင်မင်ရေ အကြံဥာဏ်လေးတောင်းချင်လို့ပါရှင်
ညီမအမျိူးသားဖောက်ပြန်တာ ညီမမိပါတယ်
သူ့ဖက်ကလဲကွာရှင်းဖို့သဘောတူပါတယ်
ညီမဖက်ကလဲတရားဝင်ကွာရှင်းချင်တာပါ ခက်တာကညီမမိဘတွေပါ
ပြန်အဆင်ပြေစေချင်ပါတယ်ဆိုပြီးပြန်ပေါင်းခိုင်းချင်နေကြပါတယ်
ညီမတို့မှာကလေး၁ယောက်လဲရှိပါတယ် အခုဖြစ်ချင်တာက တရားဝင်ကွာရှင်းချင်တာပါ
သူရယ်ကိုယ်ရယ် ရှေ့နေနဲ့စာချုပ်စာတမ်းနဲ့ကွာရှင်းဖို့ ဘယ်ကစလုပ်ရမလဲရှင်
ပြန်ပေါင်းရမှာသေမှာထက်ကြောက်နေလို့ပါ
သူကပြည်ပရောက်နေတာပါ အဲ့ဒါဘယ်လိုလုပ်ရင်တရားဝင်ကွာရှင်းလို့ရမလဲရှင်
ဥပဒေအကြောင်းလဲသိပ်နားမလည်တော့ တစ်ယောက်ထဲဘယ်ကစလုပ်ရမှန်းမသိဖြစ်နေလို့ပါ
သူ့ဖက်ကို့ဖက်ဘယ်သူမှမပါပဲလုပ်ရမှာမို့ပါ
မိဘတွေကိုကွာရှင်းပြီးမှအသိပေးလို့ရမှာမို့ပါ ကူညီကြပါဦး အခမဲ့တင်ပေးပါ မင်မင်😢
ညီမအမျိုးသားဖောက်ပြန်တာ ညီမမိပါတယ်