မင်မင်ရေရင်ဖွင့်စာလေးပို့ချင်လို့ပါရှင်
ကျမတို့အိမ်ထောင်သက်က2နှစ်ကျော်ပါ
ကျမအသက်က 24 သူက25 သူက အဝေးတနေရာ အလုပ်သွားလုပ်တော့မှာပါ
ကိုနဲ့နေတုန်းကတော့ မိန်းမကိစ္စတွေနဲ့ပြသနာမဖြစ်ခဲ့ဖူးပါဘူး
အခုအဝေးသွားတော့မယ်ဆိုတော့ စိတ်ထဲလည်းအရမ်းပူလောင်နေပါတယ်
အခုနောက်ပိုင်းသူဘာလုပ်လုပ် ဘာပြောပြော သံသယတွေနဲ့ အရမ်းလည်းစိတ်ညစ်နေရတယ်
သူမရှိရင်ပိုဆိုးမယ်ထင်တယ်
အလုပ်ထဲစိတ်နှစ်ရအောင်လည်း အလုပ်ကလည်းလုပ်လို့မရ
ကျမတို့က သူ့အမေနဲ့ တူမနှစ်ယောက်နဲ့တူတူနေရတာပါ အဲ့ဒါ စိတ်အေးချမ်းအောင်ဘယ်လိုနေရမလည်း
နောက်ပီးတော့ သူက ကလေးလိုချင်နေတာပါ
သူ့အိမ်ကမယူစေချင်ပါဘူး တခုလပ်ဖြစ်မဆိုးလို့တဲ့😅
သူတို့ပြောချင်တာက ကျမတို့လင်မယားကွဲမယ်လို့ပြောချင်တာလား
နောက်ပီး အလုပ်သွားလုပ်ရင်ငွေကြေးကိစ္စ ကျမ မသိစေနဲ့ပြောပါတယ်
အဲ့ကိစ္စတွေကြောင့်လည်း စိတ်ပိုဆင်းရဲရပါတယ်
ကွဲမယ်ဆိုတဲ့စကားကြောင့် တကယ်ပဲကွဲမလားဆိုတဲ့စိတ်နဲ့ ဘယ်လိုနေထိုင်ရမလည်းမသိဖြစ်နေတယ်
စကားတွေတောင်ရောက်မြောက်ရောက်ဖြစ်နေလို့တောင်းပန်ပါတယ်ရှင်
တခါမှစာအရှည်ကြီးရေးပြီးရင်မဖွင့်ဖူးလို့ပါ
မင်မင်ရေ အခမဲ့တင်ပေးပါအုံးရှင့်