ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၃၉

ညီမ ရင်ဖွင့်ချင်လို့ပါညီမတို့က LDRSပါ

ညီမနဲ့ညီမကောင်းလေးက ဂိမ်းထဲကတွေ့ပီး စတွဲဖိကြတာပါ

အခုဆို တွဲလာတာ 1yearကျော်ပါပီး စတွဲပီး 3လလောက်နေတော့ သူ မိဘတွေ သူသူငယ်ချင်းတွေ အကုန်အသိပေးပီး တွဲပါတယ်

ညီမ အိမ်ကလဲ သူနဲ့တွဲတာ သိပါတယ် သူရဲ့ဂိမ်းacc FB acc အကုန်ညီမကို ပေးထားပါတယ်

အဲ့လို့ပဲ ညီမလဲ ဂိမ်းacc fb accသူကိုအကုန်ပေးထားပါတယ်

ညီမ တို့နှစ်ယောက်ယုံကြည်မှုနဲ့ တည်ဆောက်ထားတာပါ

ညီမ က မောင်နှမ နှစ်ယောက်ထဲ ရှိတာပါ ညီမကအငယ်ဆိုတော့ အိမ်မှာအလိုလိုက်ခံရတော့ နဲနဲဆိုးပါတယ်

ညီမက 27 ပါ သူက 24ပါ ညီမထပ် 3နှစ်ငယ်ပါတယ် သူက ညီမထပ် ပိုရင့်ကျက်ပါတယ်

သူက ထိုင်း မှာ အလုပ်လုပ်ပါတယ် ညီမက အိမ်ကဆန်ရောင်းတော့ဝိုင်းကူပီး skincare online shop ရောင်းပါတယ်

မမတို့ရေ သူက ညီမတို့ရဲ့ 1yearပြည့်တာကို မမှတ်မိသလို ညီမမွေးနေ့ လဲ မမှတ်ထားပါဘူး

ညီမက သဲမွေးနေ့ ရှိတယ် ပြောရင်တောင် မွေးနေ့ဆုတောင်းစကားမပြောပေးပါဘူး

သူက ညီမကို ခလေးမဆန်နဲ့ အမြဲပြောတယ် ညီမက ခလေးဆန်တာမဟုက်ပါဘူး ကိုယ်ကောင်လေးကို ဆိုးချင်နွဲ့ချင်ယုံပါ

သူက တွဲလာတဲ့တစ်လျောက်လုံး မိန်းမ ကိစ လုံး၀ အရှုပ်အရှင်းမရှိပါဘူး

ညီမက အဲ့ကောင်မလေး ဘာဖိတယ် သဘောမကျဘူးပြောရင် သဲကို အကောင့်ပေးထားတာပဲ သဲသဘော bl ချင်blတဲ့

ပီးတော့ ညီမ ပိုက်ဆံ လိုရင်လဲ ကူညီပါတယ် ညီမလဲ သူနဲ့တွဲထဲက ဘယ်ယောက်ကျားလေးနဲ့မှ မပတ်သက်ပါဘူး

အခုဖိနေတာက မနေ့ညက ညီမသူကို massage က စာပို့တယ် ဖုန်ခေါ်တယ် လိုင်းပိတ်ထားတယ်

အဲ့တာနဲ့ညီမလဲ အပြင်ဖုန်းနဲ့10callခေါ်တယ် မကိုင်ဘူး သူအခန်းဘေးက အကိုကို့အကူညီတောင်းပီး လိုင်းတက်ဖို့ပြောခိုင်းလိုက်တယ်

ခဏ ကြာတော့ သူလိုင်းတက်တာတယ် ညီမက ပြောတာပေါ့

စာပို့လဲ မရ အပြင်ဖုန်းနဲ့ခေါ်လဲ မရ ဘာလုပ်နေတာလဲ မေးတာပေါ့

သူက သူအစ်ကိုနဲ့ဂိမ်းဆော့နေလို့ စာ၀င်တာမသိတာတဲ့ ဖုန်းခေါ်တာ မသိတာတဲ့

အတိုချုပ်ပြောရရင်ညီမ တို့စကားများကြတယ် ပြတ်မယ်ထိ ဖိကြတယ်သူက နားလည်မပေးနိုင်ရင်ထွက်သွားတဲ့

ဟိုအရင်ထဲက အခုချိန်ထိ ရန်ဖိတိုင်း သူက ပဲ ပြတ်မယ်ပြောတယ် ညီမ မပြောခဲ့ဘူး

ပီးရင် သူ ပြန်လာတယ် ညီမက ချစ်တော့ လက်ခံတာပေါ့

အခုညီမ စိတ်တစ်ဂယ်ညစ်ရပါတယ် မမ တို့ရေ

ညီမ နဲ့ ညီမ ကောင်လေး ဘယ်လို ပုံစံနဲ့ ရှေ့ဆက်ရင် အဆင်ပြေနိုင်မလဲ ဟင့် အကြံပေးကြပါနော်
























