ကျွန်တော် ခု ပြောပြမှာပါ ကျွန်တော် တို့ အိမ်ထောင်ရေးပါ
ကောင်းသည် ဆိုးသည် ဝေဖန် အကြံ ပေးပါဦး member တို့ရော
ကျွန်တော် တို့ အိမ်ထောင်ကျတာ ၂နှစ် ပြည့်ပါပြီ အဓိကပြောချင်တာက sex ကိစ္စ ပါဗျ ရိုင်းသွားရင် ကြိုထောင်ပန်ပါတယ် ဗျ
အိမ်ထောင်ကျတာ ကြာပြီ ကျွန်တော့ အမျိုးသမီးက လိင် ကိစ္စ မှာ စိတ်မပါဘူးဗျ
ကျွန်တော် ကလဲ အမြဲတန်းမတောင်ဆိုဘူး
တစ်ပတ်မှ တစ်ခါ တစ်ပတ် ၂ခါ တောင်ဆို တာတောင် ဟိုရက်ရွေ့ ဒီရက်ရွေ့ နဲ့ဗျ ကြာတော့ စိတ်ကုန်လာတယ်ဗျ
ချစ်လို့ ယူခဲ့ကြတာ မှန်ပေမဲ့ အိမ်ထောင်ရေးမှာ စီးပွားရေး လူမှုရေး
အိမ်ယာ ကိစ္စ က အရေးပါတယ် မဟုတ်ဘူးလား
ခုဟာက တစ်ပတ်မှ တစ်ခါ တောင်းဆို တာတောင် ဟိုနေ့ ဒီနေ့ အမြဲ ပြောနေတာ ပြောရတဲ့လူက ကြာလာတော့ ရှက်လာတယ်ဗျ
ကိုယ့်ကိုကိုယ် တစ်တောင်းစား ထက်တောင် အရှက်မရှိဘူး မြင်လာတယ်ဗျ
အရင်က စီးပွားရေး အဆင်မပြေလို့ စိတ်မပါတာ ထားပါ ခုက အဆင်ပြေလာပီ ခု လက်ရှိ ထိုင်းမှာပါဗျ
ကျွန်တော် ရာသီ လာချိန်ဆိုလဲ ချောင်ပေးတယ်
သူ ပင်ပန်တယ် ဆိုလဲ နေချင်တာတောင် ချောင်ပေးတယ်
ဒါပေမဲ့ အမြဲတမ်း တစ်ခုမဟုတ် တစ်ခု အကြောင်းပြလာတော့ ကျွန်တော် ဒီကိစ္စကို စိတ်ပျက်လာတယ် ဗျ
သူနဲ့ တူတူ မနေချင်တော့ဘူး
ကျွန်တော် အပြင်မှာ ကိုယ့်ဟာကို ဖောက်ပြန်လဲ ရတယ်
ဒါပေမဲ့ မိန်းမရှိရဲ့နဲ့ ဖောက်ပြန်နေတာ ဆိုတဲ့ ဂုဏ်ပုဒ်မျိုး မလိုချင်ဘူးဗျ
ကျွန်တော် ဘယ်လို လုပ်သင့်လဲဗျ
ကျွန်တော် သူ့ကို ဖွင့်ပြောပီး
လမ်းခဲ့လိုက်ရင် ကောင်းမလားဗျ ချစ်လို့ ယူထားတယ် ဆိုပေမဲ့ တစ်သက်လုံး
တစ်တောင်းစား ဆို မနေချင်တော့ဘူး ကြာတော့ ရှက်လာပီ
ဒီကိစ္စက အရေးပါလား ဆိုရင် ပါတယ်ဗျ လူတေ အများစု အိမ်ထောင်ပြု တာ sex ကိစ္စ ၅၀%လောက်ပါတယ်
ကျွန်တော် ထင်တာ ပြောတာပါ ကျွန်တော်ဖွင့်ပြောပြီး လမ်းခွဲလိုက်ရမလားဗျ
ရေရှည်ဆို အဆင်မပြေလို့ပါဗျ ကျွန်တော် ဘယ်လို လုပ်သင့်လဲ အကြံပေးပါဦးဗျ
အစ်ကိုတို့ အစ်မ တို့ရေ
ခု တစ်ခါတော့ အခမဲ့ တင်ပေးပါမင်မင်ရေ