အိမ်ထောင်သက်က ၇ နှစ်လောက်ရှိပါပြီ ကလေး၂ ယောက်ရှိပါတယ်
နှစ်ယောက်ဝန်ထမ်းလစာဆိုတော့ မလောက်ပါဘူး
နှစ်ဖက်မိဘတွေကတတ်နိုင်သလောက်ေထာက်ပါတယ်
ဒါပေမယ့်ကျမယောင်္ကျားက အသုံးကြီးပါတယ်
သူ့မိဘတွေဘက်က ငွေကြေးကူညီတာကို ကျွန်မက အားနာပါတယ် ပြန်ဆပ်ချင်ပါတယ်
သူကခေါင်းထဲမထည့်ပါဘူး သူကအပေါင်းအသင်းလည်းမက်ပါတယ်
အပေါင်းအသင်းနဲ့ သောက်စားနေရရင် အိမ်ပြန်မအိပ်ဖြစ်တာကများပါတယ်
၂၀၂၂ ထဲက အဲ့လောက်မဆိုးပါဘူး အခု ၂၀၂၃ ထဲရောက်မှ ပိုဆိုးလာပါတယ်
အိမ်ပြန်မအိပ်တာကများပါတယ် ပြန်အိပ်ရင်လည်း မိသားစုနဲ့ နွေးနွေးထွေးထွေးမနေပါဘူး
ကွာမလားဆိုတော့လည်းမကွာဘူးတဲ့
အရင်ကဆိုသူ့ဖုန်းကို အကုန်ပေးကြည့်ပါတယ် အခုသူ့အပေါင်းအသင်းတွေနဲ့ ညတွေအိပ်ပြီးနောက်ပိုင်း သူ့ဖုန်း password ပြောင်းထားပါတယ်
ဒီနေ့အပြင်ထွက်တော့ သူက Viber မှာ စာရိုက်နေတဲ့ပုံစံမို့ ကျွန်မက ဘာလုပ်နေတာလဲမေးတော့ တန်းပိတ်ပစ်လိုက်ပါတယ်
ပြဆိုတော့မပြဘူးတဲ့ မပြချင်လည်းမပြနဲ့ ကွာရအောင်လို့ဆိုတော့ မကွာပေးပါဘူးတဲ့
ချစ်တယ်မိန်းမကိုတဲ့ ဒါပေမယ့် တစ်ပတ်လောက်ရှိပါပီ အိမ်မှာအိပ်လည်း ကျွန်မတို့သားအမိကို ကျောပေးအိပ်ပါတယ်
သူမကြိုက်တဲ့ကျွန်မအပြစ်က သူအပြင်မှာ အပေါင်းအသင်းတွေနဲ့သောက်နေရင် ကျွန်မက ဖုန်းတဂွမ်ဂွမ်ဆက်တာပါ
သူကအဲ့တာကိုမကြိုက်ပါဘူး သူ့ဖုန်းကို အခုအကြည့်မခံတော့ပါဘူး
နောက်မိန်းမရှိနေရင်လည်းကွဲရအောင်ဆိုတော့ မကွဲဘူးတဲ့
သူဘာသဘောလဲ ကွဲချင်တဲ့စိတ်ဖြစ်နေပေမယ့် ကလေး နှစ်ယောက်မျက်နှာငယ်မှာဆိုးတယ် အကြံပေးကြပါအုန်းနော်
အိမ္ေထာင္သက္က ၇ ႏွစ္ေလာက္ရွိပါၿပီ ကေလး၂ ေယာက္ရွိပါတယ္
ႏွစ္ေယာက္ဝန္ထမ္းလစာဆိုေတာ့ မေလာက္ပါဘူး
ႏွစ္ဖက္မိဘေတြကတတ္ႏိုင္သေလာက္ေထာက္ပါတယ္
ဒါေပမယ့္က်မေယာက်ၤားက အသုံးႀကီးပါတယ္
သူ႔မိဘေတြဘက္က ေငြေၾကးကူညီတာကို ကြၽန္မက အားနာပါတယ္ ျပန္ဆပ္ခ်င္ပါတယ္
သူကေခါင္းထဲမထည့္ပါဘူး သူကအေပါင္းအသင္းလည္းမက္ပါတယ္
အေပါင္းအသင္းနဲ႔ ေသာက္စားေနရရင္ အိမ္ျပန္မအိပ္ျဖစ္တာကမ်ားပါတယ္
၂၀၂၂ ထဲက အဲ့ေလာက္မဆိုးပါဘူး အခု ၂၀၂၃ ထဲေရာက္မွ ပိုဆိုးလာပါတယ္
အိမ္ျပန္မအိပ္တာကမ်ားပါတယ္ ျပန္အိပ္ရင္လည္း မိသားစုနဲ႔ ေႏြးေႏြးေထြးေထြးမေနပါဘူး
ကြာမလားဆိုေတာ့လည္းမကြာဘူးတဲ့
အရင္ကဆိုသူ႔ဖုန္းကို အကုန္ေပးၾကည့္ပါတယ္ အခုသူ႔အေပါင္းအသင္းေတြနဲ႔ ညေတြအိပ္ၿပီးေနာက္ပိုင္း သူ႔ဖုန္း password ေျပာင္းထားပါတယ္
ဒီေန႔အျပင္ထြက္ေတာ့ သူက Viber မွာ စာ႐ိုက္ေနတဲ့ပုံစံမို႔ ကြၽန္မက ဘာလုပ္ေနတာလဲေမးေတာ့ တန္းပိတ္ပစ္လိုက္ပါတယ္
ျပဆိုေတာ့မျပဘူးတဲ့ မျပခ်င္လည္းမျပနဲ႔ ကြာရေအာင္လို႔ဆိုေတာ့ မကြာေပးပါဘူးတဲ့
ခ်စ္တယ္မိန္းမကိုတဲ့ ဒါေပမယ့္ တစ္ပတ္ေလာက္ရွိပါပီ အိမ္မွာအိပ္လည္း ကြၽန္မတို႔သားအမိကို ေက်ာေပးအိပ္ပါတယ္
သူမႀကိဳက္တဲ့ကြၽန္မအျပစ္က သူအျပင္မွာ အေပါင္းအသင္းေတြနဲ႔ေသာက္ေနရင္ ကြၽန္မက ဖုန္းတဂြမ္ဂြမ္ဆက္တာပါ
သူကအဲ့တာကိုမႀကိဳက္ပါဘူး သူ႔ဖုန္းကို အခုအၾကည့္မခံေတာ့ပါဘူး
ေနာက္မိန္းမရွိေနရင္လည္းကြဲရေအာင္ဆိုေတာ့ မကြဲဘူးတဲ့
သူဘာသေဘာလဲ ကြဲခ်င္တဲ့စိတ္ျဖစ္ေနေပမယ့္ ကေလး ႏွစ္ေယာက္မ်က္ႏွာငယ္မွာဆိုးတယ္ အႀကံေပးၾကပါအုန္းေနာ္