ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၄၃

အကြံဉာဏ်လေးတောင်းတာပါရှင်

ညီမနဲ့ညီမကောင်လေးက2019တည်းကတွဲကြတာပါ

ကြားထဲမှာ1နှစ်လောက်ပြတ်သွားပါသေးတယ်

ခုပြန်တွဲတာ3လလောက်ရှိပါပြီ

ဒီကြားထဲရန်ဖြစ်ရတာလဲဘယ်နှခါမှန်းမသိတော့ပါဘူး

သူကအဲ့လိုရန်ဖြစ်ရင်4,5,6ရက်ပစ်ထားပြီးနောက်မှလာချော့တာပါ

သူကကျောက်လုပ်တာပါမအားပါဘူးတဲ့ညီမတို့မှာညပိုင်းလေးပဲစကားပြောရတာပါ

အဲ့တာကိုညဆို6ခွဲ7နာရီလောက်မှလိုင်းတက်လာပြီးခွေးကျောင်းဆိုပြီးနာရီဝက်လောက်လိုင်းဆင်းပါတယ်

ညီမက PSဆရာမပါ ဖြစ်စေချင်တာကနေ့လည်ထမင်းစားချိန်ဆိုလဲဖုန်းလေးဆက် ညပိုင်းလဲဖုန်းလေးဆက်စေချင်တာပါ

အဲ့လိုပြောလဲနေ့လည်ပဲ2,3ရက်ညီမစိတ်ကျေနပ်အောင်ဆက်ပါတယ်

စနေတနင်္ဂနွေနားလို့တွေ့ဖို့ဆိုလဲညီမကချိန်းရပါတယ်

အဲ့လိုဆိုလဲနေ့လည်1နာရီလောက်မှတွေ့ရတာပါ ညီမကလဲ5နာရီလောက်ဆိုပြန်ရတာပါ

အဲ့လိုတွေ့ရင်လဲဘာမှကြင်ကြင်နာနာယုယုယယမရှိပါဘူးanniနေ့ဆိုလဲသတိမရဘူး ရန်ဖြစ်ရင်လဲကက်ကက်လန်ပါပဲ

fbပေါ်ဆိုလဲသူ့ကိုယ်သူ singleလိုလိုဘာလိုလိုpostတွေshareပါတယ်

ဘာမှမသိတတ်ပါဘူးညီမအပေါ်ဆိုတစ်ခါတစ်လေချစ်ရောချစ်ရဲ့လားဆိုပြီးသံသယဝင်ပါတယ်

ညီမကမပျော်တော့ဘူးပြတ်ရအောင်ပြောလဲပျော်အောင်ထားမယ် စိတ်ချမ်းသာအောင်လုပ်ပေးမယ်နဲ့ အဲ့လိုပြောတုန်းခနပါပဲ

ခုလဲရန်ဖြစ်ထားလို့စကားမပြောရတာ1ပတ်လောက်ရှိပါပြီ

သူလာပြောမှာတော့သိပါတယ်သူ့ကိုဆက်ပဲတွဲရမလား မတွဲရဘူးလားဆိုတာ အကြံပေးကြပါအုန်းဆုံးဖြတ်ရတအားခက်လို့ပါ

















