ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၄၄

ညီမ နဲ့ ညီမကောင်လေး ချစ်သူဖြစ်တာ အခုဆိုရင် ၁နှစ် ကျော်ပါပြီ

ညီမကို သူ စလိုက်တဲ့ အချိန်မှာ သူ့မှာ ၂လလောက် တွဲနေတဲ့ ကောင်မလေး ရှိပါတယ်

အဲ့ဒီ့ကောင်မလေး ရှိမှန်းသိတော့ ညီမက သူ့ကို ရည်စားရှိရင်မကြိုက်နိုင်ဘူးလို့ ပြောခဲ့ပါတယ်

သူ အဲ့ဒီကောင်မလေးကိုဖြတ်ပြီး ညီမကို ဆက်လိုက်ပါတယ်

အဲ့ဒီကောင်မလေး တခြားတစ်ယောက်နဲ့ rs ချိတ်မှ ညီမ သူ့ကို အဖြေပြန်ပေးခဲ့ပါတယ်

ဒါပေမယ့် ညီမတို့ ချစ်သူ သက်တမ်း ၆ လပြည့်လောက်ကျမှ သူ ၄နှစ်လောက်တွဲခဲ့တဲ့ ကောင်မလေးနဲ့ မပြတ်သေးတာ သိခဲ့ရပါတယ်

ဒါပေမယ့် အဲ့ဒီအချိန်မှာ ညီမ သူ့ကို တကယ်ချစ်မိနေပါပြီ ညီမဘက်ကလည်း မပြတ်နိုင်ခဲ့ပါဘူး

ညီမပြတ်မယ် လမ်းခွဲမယ်ပြောခဲ့ပါတယ် သူ လမ်းခွဲမပေးပါဘူး

ဟိုတစ်ယောက်နဲ့က သူ အဆင်မပြေဘူး ဟိုတစ်ယောက်က ဖြတ်မရလို့ပါဆိုပြီး ညီမကိုပြောတယ်

သူဖြတ်ပေးပါ့မယ်လို့ ပြောပါတယ်ရှင့်

အဲ့နောက်ပိုင်း ညီမတို့ဆက်တွဲ ခဲ့ကြပါတယ် ဟိုတစ်ဖက်မိန်းကလေးကလည်း တခြားတစ်ယောက်နဲ့ rs ချိတ်သွားပါတယ်

ညီမလည်း အဆင်ပြေပြီထင်ပြီး ဆက်တွဲခဲ့ပါတယ်

ဒါပေမယ့် သူတို့က ခဏခဏ အဆက်အသွယ် လုပ်နေကြပါတယ်

အခုဆို ညီမတို့ ချစ်သူ သက်တမ်း ၁နှစ်ကျော်ပါပြီ သူက ညီမကို ချစ်တယ်လို့ ခံစားရပါတယ်

ညီမကို ဂရုလည်း စိုက်ပါတယ် ဒါပေမယ့် ဟို တစ်ဖက်မိန်းကလေးနဲ့လည်း တစ်ခါတစ်ခါ ဆက်သွယ်နေတယ်ဆိုတာ ညီမ သိပါတယ်

ညီမ ဘယ်လိုလုပ်ရမလဲ အကြံဉာဏ်လေး ပေးပေးပါနော်

ညီမဆီမှာ သူ ရှိနေပြီး သူရဲ့စိတ်က တခြားမိန်းကလေး အပေါ်မှာ စိတ်ရောက်နေမှာ အကြောက်ဆုံးပါ

အခုချိန်မှာတော့ သံသယ စိတ်နဲ့ပဲကြည့်နေမိပါတယ်

သူကိုယ့်အပေါ် ဘယ်လောက်ကောင်းကောင်း သံသယ ထားမိနေပါတယ်

ညီမ နဲ႔ ညီမေကာင္ေလး ခ်စ္သူျဖစ္တာ အခုဆိုရင္ ၁ႏွစ္ ေက်ာ္ပါၿပီ

ညီမကို သူ စလိုက္တဲ့ အခ်ိန္မွာ သူ႔မွာ ၂လေလာက္ တြဲေနတဲ့ ေကာင္မေလး ရွိပါတယ္

အဲ့ဒီ့ေကာင္မေလး ရွိမွန္းသိေတာ့ ညီမက သူ႔ကို ရည္စားရွိရင္မႀကိဳက္ႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္

သူ အဲ့ဒီေကာင္မေလးကိုျဖတ္ၿပီး ညီမကို ဆက္လိုက္ပါတယ္

အဲ့ဒီေကာင္မေလး တျခားတစ္ေယာက္နဲ႔ rs ခ်ိတ္မွ ညီမ သူ႔ကို အေျဖျပန္ေပးခဲ့ပါတယ္

ဒါေပမယ့္ ညီမတို႔ ခ်စ္သူ သက္တမ္း ၆ လျပည့္ေလာက္က်မွ သူ ၄ႏွစ္ေလာက္တြဲခဲ့တဲ့ ေကာင္မေလးနဲ႔ မျပတ္ေသးတာ သိခဲ့ရပါတယ္

ဒါေပမယ့္ အဲ့ဒီအခ်ိန္မွာ ညီမ သူ႔ကို တကယ္ခ်စ္မိေနပါၿပီ ညီမဘက္ကလည္း မျပတ္ႏိုင္ခဲ့ပါဘူး

ညီမျပတ္မယ္ လမ္းခြဲမယ္ေျပာခဲ့ပါတယ္ သူ လမ္းခြဲမေပးပါဘူး

ဟိုတစ္ေယာက္နဲ႔က သူ အဆင္မေျပဘူး ဟိုတစ္ေယာက္က ျဖတ္မရလို႔ပါဆိုၿပီး ညီမကိုေျပာတယ္

သူျဖတ္ေပးပါ့မယ္လို႔ ေျပာပါတယ္ရွင့္

အဲ့ေနာက္ပိုင္း ညီမတို႔ဆက္တြဲ ခဲ့ၾကပါတယ္ ဟိုတစ္ဖက္မိန္းကေလးကလည္း တျခားတစ္ေယာက္နဲ႔ rs ခ်ိတ္သြားပါတယ္

ညီမလည္း အဆင္ေျပၿပီထင္ၿပီး ဆက္တြဲခဲ့ပါတယ္

ဒါေပမယ့္ သူတို႔က ခဏခဏ အဆက္အသြယ္ လုပ္ေနၾကပါတယ္

အခုဆို ညီမတို႔ ခ်စ္သူ သက္တမ္း ၁ႏွစ္ေက်ာ္ပါၿပီ သူက ညီမကို ခ်စ္တယ္လို႔ ခံစားရပါတယ္

ညီမကို ဂ႐ုလည္း စိုက္ပါတယ္ ဒါေပမယ့္ ဟို တစ္ဖက္မိန္းကေလးနဲ႔လည္း တစ္ခါတစ္ခါ ဆက္သြယ္ေနတယ္ဆိုတာ ညီမ သိပါတယ္

ညီမ ဘယ္လိုလုပ္ရမလဲ အႀကံဉာဏ္ေလး ေပးေပးပါေနာ္

ညီမဆီမွာ သူ ရွိေနၿပီး သူရဲ႕စိတ္က တျခားမိန္းကေလး အေပၚမွာ စိတ္ေရာက္ေနမွာ အေၾကာက္ဆုံးပါ

အခုခ်ိန္မွာေတာ့ သံသယ စိတ္နဲ႔ပဲၾကည့္ေနမိပါတယ္

သူကိုယ့္အေပၚ ဘယ္ေလာက္ေကာင္းေကာင္း သံသယ ထားမိေနပါတယ္