အခမဲ့တင်ပေးပါမင်မင်ရေ 🥺🥺🥺
ရင်ထဲတစ်ကယ်မခံစားနိုင်လို့ပါ။
သူနဲ့ရတာ 2020 တုန်းကပါ။ ပီးခဲ့တာတွေကို ပြန်မပြောချင်တော့ပါဘူး။
ဒီနေ့ညနေသူအရက်သောက်တာ အရင်ရက်ထက်များလို့ ကိုယ်ကမကြိုက်ကြောင်း သတိပေးမိတာ ကိုယ်ကအမှားဖြစ်ရတယ်။
ကိုယ်သတိပေးတယ်ဆိုတာကလည်း သူအရက်သောက်ပီးအပြန်လမ်းမှာအကင်ဝယ်ရင်း
အကင်ဆိုင်ရှေ့မှာပဲ နှစ်ကိုယ်ကြားမကြိုက်ကြောင်းပြောခဲ့တာပါ။
စက်ဘီးနဲ့ပြန်ရတာဆိုတော့ကိုယ်ကစိတ်ပူလို့ပြောလိုက်တာ
သူ့အတွေးကကိုယ်ကသူနဲ့အနူစက်ဘီးစီးပြန်ရမှာကြောက်လို့ဆိုပီး
ကျမကိုအကင်ဆိုင်ရှေ့မှာ ထားခဲ့ပြီးသူတစ်ယောက်ထဲစက်ဘီးနဲ့ပြန်သွားပါတယ်။
ကျမပြန်ရတဲ့လမ်းက ငါးမှတ်တိုင်လောက်လမ်းလျှောက်ရမှာပါ။
မီးကနေရာတိုင်းမရှ်ိပါဘူး။ အဲ့ဒါကိုကျမလမ်းလျှောက်ပီးပြန်ခဲ့ရပါတယ်။
ကျမလမ်းမှာတစ်ခုခုဖြစ်သွားရင်တောင် သူဂရုမစိုက်ဘူးလို့ပြောပါတယ်။
တစ်ကယ်ကိုဝမ်းနည်းမိပါတယ်။ ပြီးတော့အခုသူမူးတဲ့ချိန်စကားတစ်ခွန်းထွက်ပါတယ်။
ကျမနဲ့သူမှားသွားလို့ ယူခဲ့တာတဲ့။ 🥺🥺🥺
ကျမဘယ်လိုစိတ်နဲ့ဆက်နေရပါ့မလဲ 😭😭😭