အကြံဉာဏ်လေးတောင်းချင်တာပါရှင့်
ညီမအသက်က24ပါ
ညီမကောင်လေးက ညီမထပ်2နှစ်ငယ်ပါတယ် တွဲဖြစ်တာတော့မကြာသေးဘူးပေါ့နော်
ဖြစ်နေတာကလေ
သူ့အကြောင်းညီမဂဃနဏသိပ်မသိရသေးဘူး သူ့မိဘကိုလဲမမြင်ဖူးဘူး။
သူကတော့ ညီမမိဘတွေကိုမြင်ဖူးတယ်၊
ခုတွဲလာတာ 3လပြည့်တော့မယ်
သူကညီမကိုတော့လာတွေ့ရှာပါတယ်
ဒါပေမယ့် အေးတိအေးစက်နဲ့ ညီမနဲ့သူနဲ့တွေ့ရင် သိပ်ပြောစရာစကားမရှိဘူး
ဖုန်းပြောလဲဒီတိုင်းပဲ
ရီးစားတွေသာဆိုတယ် ဘယ်နေရာကမှရီးစားနဲ့တူမနေတာပဲ
ညီမက အသက်လဲသူ့ထက်ပိုကြီးတော့ နားလည်ပေးလိုက်တယ် ဘာနေနေ အင်းပဲ ပြောလိုက်တော့တယ်
ခု သူကညီမကိုပြောတယ် သူ့ကိုလဲ လာတွေ့ပါ့လားတဲ့
ညီမမှာကလေ နာတာရှည်ရောဂါနဲ့မို့ အိမ်က အဝေးဆို တစ်ယောက်ထဲမလွှတ်ဘူး
ညီမက အိမ်မှာပဲ အကျယ်ချုပ်ပုံစံမျိုးပဲ နှိုင်းရမယ်ဆိုရင်
ဘာကိုမှကိုယ်ပိုင်ဆုံးဖြတ်လို့မရဘူး ဒါတွေသူ့ကိုလဲပြောမပြချင်ဘူး
ညီမကလာမတွေ့လို့ဆိုပြီး သွေးအေးပြီးပြတ်သွားကြမလား လဲစိတ်ထဲတွေးမိနေတယ်
ဒါကပြဿနာတစ်ခုပေါ့လေ နောက်တစ်ခုက အိမ်ကမိဘကို ဘယ်လိုမျိုးပွင့်လင်းရမလဲ
ရီးစားရှိတယ်လဲသိတယ် ဖုန်းပြောရင်လဲ ပြောလို့ ကောင်လေးက တစ်လမှတခါလာတွေ့တာပါ
လာတွေ့ရင်လဲ လာတွေ့လို့ ဘယ်လိုငြှိယူရမလဲဟင်အိမ်နဲ့ ပြောပြပေးပါဦး
ပြီးတော့ အိမ်ကအမေရဲ့စိတ်ထဲမှာကလေ
ရီးစားနဲ့အပြင်မှာတွေ့ရင် s*xဖြစ်မယ်ဆိုတာပဲတွေးတယ်
တခါတလေကျ ကိုယ့်သားသမီးကိုယ်အထင်သေးတယ်ဆိုပြီးစိတ်တအားဆိုးမိတယ်
ဘယ်လိုငြှိယူရမလဲဟင် မိသားစုထဲမှာ အငယ်ဆုံးဆိုတော့ ခုထိကိုယ့်ဆို ကလေးလိုပြုမူပြောဆိုဆက်ဆံကြတယ်
ကိုယ့်ကို အရွယ်ရောက်တဲ့လူအနေနဲ့ မြင်လာအောင် ဘယ်လိုပြုမူနေထိုင်ရမလဲဟင် အကြံဉာဏ်ပေးကြပါဦးရှင်
အႀကံဉာဏ္ေလးေတာင္းခ်င္တာပါရွင့္
ညီမအသက္က24ပါ
ညီမေကာင္ေလးက ညီမထပ္2ႏွစ္ငယ္ပါတယ္ တြဲျဖစ္တာေတာ့မၾကာေသးဘူးေပါ့ေနာ္
ျဖစ္ေနတာကေလ
သူ႔အေၾကာင္းညီမဂဃနဏသိပ္မသိရေသးဘူး သူ႔မိဘကိုလဲမျမင္ဖူးဘူး။
သူကေတာ့ ညီမမိဘေတြကိုျမင္ဖူးတယ္၊
ခုတြဲလာတာ 3လျပည့္ေတာ့မယ္
သူကညီမကိုေတာ့လာေတြ႕ရွာပါတယ္
ဒါေပမယ့္ ေအးတိေအးစက္နဲ႔ ညီမနဲ႔သူနဲ႔ေတြ႕ရင္ သိပ္ေျပာစရာစကားမရွိဘူး
ဖုန္းေျပာလဲဒီတိုင္းပဲ
ရီးစားေတြသာဆိုတယ္ ဘယ္ေနရာကမွရီးစားနဲ႔တူမေနတာပဲ
ညီမက အသက္လဲသူ႔ထက္ပိုႀကီးေတာ့ နားလည္ေပးလိုက္တယ္ ဘာေနေန အင္းပဲ ေျပာလိုက္ေတာ့တယ္
ခု သူကညီမကိုေျပာတယ္ သူ႔ကိုလဲ လာေတြ႕ပါ့လားတဲ့
ညီမမွာကေလ နာတာရွည္ေရာဂါနဲ႔မို႔ အိမ္က အေဝးဆို တစ္ေယာက္ထဲမလႊတ္ဘူး
ညီမက အိမ္မွာပဲ အက်ယ္ခ်ဳပ္ပုံစံမ်ိဳးပဲ ႏႈိင္းရမယ္ဆိုရင္
ဘာကိုမွကိုယ္ပိုင္ဆုံးျဖတ္လို႔မရဘူး ဒါေတြသူ႔ကိုလဲေျပာမျပခ်င္ဘူး
ညီမကလာမေတြ႕လို႔ဆိုၿပီး ေသြးေအးၿပီးျပတ္သြားၾကမလား လဲစိတ္ထဲေတြးမိေနတယ္
ဒါကျပႆနာတစ္ခုေပါ့ေလ ေနာက္တစ္ခုက အိမ္ကမိဘကို ဘယ္လိုမ်ိဳးပြင့္လင္းရမလဲ
ရီးစားရွိတယ္လဲသိတယ္ ဖုန္းေျပာရင္လဲ ေျပာလို႔ ေကာင္ေလးက တစ္လမွတခါလာေတြ႕တာပါ
လာေတြ႕ရင္လဲ လာေတြ႕လို႔ ဘယ္လိုျငႇိယူရမလဲဟင္အိမ္နဲ႔ ေျပာျပေပးပါဦး
ၿပီးေတာ့ အိမ္ကအေမရဲ႕စိတ္ထဲမွာကေလ
ရီးစားနဲ႔အျပင္မွာေတြ႕ရင္ s*xျဖစ္မယ္ဆိုတာပဲေတြးတယ္
တခါတေလက် ကိုယ့္သားသမီးကိုယ္အထင္ေသးတယ္ဆိုၿပီးစိတ္တအားဆိုးမိတယ္
ဘယ္လိုျငႇိယူရမလဲဟင္ မိသားစုထဲမွာ အငယ္ဆုံးဆိုေတာ့ ခုထိကိုယ့္ဆို ကေလးလိုျပဳမူေျပာဆိုဆက္ဆံၾကတယ္
ကိုယ့္ကို အ႐ြယ္ေရာက္တဲ့လူအေနနဲ႔ ျမင္လာေအာင္ ဘယ္လိုျပဳမူေနထိုင္ရမလဲဟင္ အႀကံဉာဏ္ေပးၾကပါဦးရွင္