ကျေးဇူးပြုပီးအခမဲ့တင်ပေးပါနော်
Gpထဲကအမတို့ညီမတို့ကိုအကြံတောင်းချင်လို့တစ်ခါမှလည်းမရေးဖူးပါဘူး
ညီမအိမ်တောင်ကျတာ၉နှစ်ပြည့်ပါပီ
သမီးလေးတစ်ယောက်ရှိပါတယ် ၄နှစ်ထဲမှာခုကိုယ်ဝန်ကထပ်ရှိနေလို့ပါ
ညီမမိသားစုကအဝေးမှာပါ သူ့မိသားစုတော့အနားမှာရှိပါတယ်
သူမိသားစုနဲ့ညီမကသိပ်အဆင်မပြေကြဘူး
ခုကလေးရတော့ညီမကအမျိုးသားကလိုချင်တယ်
ညီမကမွေးရင် ကလေး၂ယောက်နဲ့အဆင်မပြေဖြစ်မှာဆိုးလို့သိပ်မယူချင်ဘူး
ကိုယ့်သွေးသားဆိုတော့လည်းမလုပ်ရက်ပြန်ဘူး
သူ့မိသားစုကလည်းအားကိုးလို့မရဘူး ပထမတစ်ယေညက်တုန်းကလည်းခွဲမွေးထားရတာခုတစ်ယေညက်ခွဲမွေးရင်လည်း
တစ်ယောက်ထဲဘယ်လိုရပ်တည်ရမှန်းမသိတော့ မွေးရမလားဖျက်ချရမလားဝေခွဲမရဖြစ်နေလို့ပါ
အကြံလေးပေးကြပါအုံရှင်
အမျိုးသားကတော့ဖျက်ချမယ်ပြောလို့စိတ်ဆိုးပါတယ်