ရင်ဖွင့်ချင်တာလေးရှိလိူ့ပါရှင့် ညီမအကိုကရင်ဖွင့်ချင်တာပါ
သူက fbမသုံးလို့ပါရှင့် ေယာကျာ်းလေးဘက်ကလဲ ရင်ဖွင့်စာတင်ပေးလို့ရလားရှင့်
ကျွန်တော် ရင်ဖွင့်ချင်လို့ပါဗျ ကျွန်တော်အမျိုးသမီးနဲ့ကျွန်တော် အိမ်ထောင်သက်10နှစ်ကျော်ပါပြီ
ကျွန်တော့်အမျိုးသမီးကဒီအိမ်ထောင်သက်အတွင်းကျွန်တော်မသိဘဲ အကြွေးသိန်း60တင်ခဲ့ပါတယ်
ဘာလုပ်လိုက်လဲမေူလဲမဖြေပါဘူး သူလဲလခစားဝန်ထမ်း လစာရပါတယ် ကျွန်တော်လဲ အသုံးစရိတ်ပေးပါတယ်
ကလေး2ယောက်ရှိပါတယ်ဗျ ကျွန်တော်ဆင်ပေးတဲ့ရွှေတွေလဲ ကျွန်တော်မသိတဲ့အချိန်သူရောင်းပြီးသုံးလိုက်ပါတယ်
ဆန်2အိတ်ဝယ်ဖိူ့ပိုက်ဆံပေးရင်1အိတ်ဘဲဝယ်ပြီး ကျန်တာ သူသုံးချင်တဲ့နေရာသုံးလိုက်ပါတယ်မေးရင်လဲမပြောပါဘူး
ကျွန်တော်ကြာတော့စိတ်ညစ်ပြီးအရက်သမားဖြစ်မှန်းမသိဖြစ်ခဲ့ပါတယ်
နောက်တော့အပြင်မှာကောင်မလေးတျောက်နဲတွဲခဲ့မိပါတယ်
အခုဆိူချစ်သူသက်တမ်း4နှစ်ပြည့်ပါပြီ ကောင်မလေးကချစ်သူသက်တမ်း1နှစ်လောက်မှာ ကျွန်တော်အိမ်ထောင်ရှိမှန်းသိသွားပါတယ်
ခနပြတ်ပေမဲ့ကျွန်တော် တောင်းပန်ပြီးပြန်သွားတော့ သူပြန်လက်ခံခဲ့ပါတယ်
အလုပ်လုပ်လဲအကြံဉာဏ်ပေးတတ်ပြီး ကျွန်တော်ကိုလဲအရက်သမားဘဝကနေ လူကောင်းဖြစ်အောင်ပြုပြင်ပေးခဲ့ပါတယ်
ကျွန်တော်အမျိုးသမီးနဲ့အိမ်ထောင်သက်10နှစ်မှာဘာမှမစုဆောင်းမိပေမဲ့ သူနဲ့ချစ်သူသက်တမ်းမှာ ခြံကွက်အိမ်ဝိုင်းတဝိုင်းပိုင်ခဲ့ပါတယ်
သူက ကွာရှင်းဖိူ့လဲမပြောသလိူ သူ့ကိုလက်ထပ်ဖို့လဲတော့မတောင်းဆိုဖူးပါဘူး
သူ့မိဘကလဲ သဘောမတူလောက်ဘူးပြောပါတယ်
သူကကျွန်တော်အပေါ်စိတ်အရမ်းဆိုးစိတ်အရမ်းကောက်တတ်ပါတယ်
ကျွန်တော်ကိုဒေါသတကြီးပြောဆိုတတ်ပါတယ် စိတ်ဆိုးတဲ့အခါဆိုရင်သူကကျွန်တော်ထက်7နှစ်ငယ်ပေမဲ့ကျွန်တော်ကိုလမ်းပြပေးနိုင်သူပါ
တခြားဘာကိုမှမတောင်းဆိုဖူးပါဘူး ကျွန်တော်အမျိုးသမီးက ကျွန်တော်ထက်3နှစ်လောက်ကြီးပေမဲ့ ကျွန်တော်ဖြစ်ချင်တဲ့ဘဝနွေးထွေးမှုလဲမရပါဘူး
ကျွန်တော်အလုပ်ပြန်နောက်ကျလဲ ထမင်းခူးကျွေးဖို့မပြောနဲ့ ဟင်းတောင်မချန်ထားပေးတတ်သူပါ
သူအကြွေးတွေဆပ်ဖို့ နိုင်ငံခြားထွက်ချင်လို့ငွေထုတ်ပေးဖို့ပြောလိူ့7သိန်းထုတ်ပေးတော့ကျွန်တော်နဲ့ ကလေးနှစ်ယောက်ကိုဒီတိုင်းထားပြီးထွက်သွားပြီးငွေကုန်တော့ပြန်လာပါတယ်
ဒါမဲ့ အိမ်ပြန်ရောက်ရောက်ချင်းကလေးတွေနဲ့ကျွန်တော့်ဆီ တန်းမပြန်လာပါဘူး
သူ့မိဘအိမ်မှာ 1ပတ်လောက်နေပြီးမှ ပြန်လာခဲ့ပါတယ်
သူသွားတဲ့အချိန်တွင်းမှာ ကလေးနဲ့ကျွန်တော့်ကိုကောင်မလေးကဘဲ အဖော်လုပ်ပေးပါတယ်
ကျွန်တော် အခုတွဲနေတဲ့ကောင်မလေးကို လက်ထပ်ချင်ပါတယ်
ကျွန်တော် အမျိုးသမီးကသိန်း100ပေးပြီးကလေးတွေခေါ်သွား ချင်ချင်းကွာပေးမယ်ပြောပါတယ်
ကွာရှင်ူပြီးကလေးတွေမျက်နှာငယ်မှာလဲစိုးရိမ်လို့ပါ
ကျွန်တော်ကွာရှင်းချင်နေတာ ကောင်မလေးနဲ့နောက်ထပ်အိမ်ထောင်ပြုချင်တာက မှန်လားမှားလား ကူညီဝေဖန်ပေးကြပါဦးဗျ
ရင်ဖွင့်ချင်တာလေးရှိလို့ပါရှင့် ညီမအကိုကရင်ဖွင့်ချင်တာပါ
သူက fbမသုံးလို့ပါရှင့် ယောကျာ်းလေးဘက်ကလဲ ရင်ဖွင့်စာတင်ပေးလို့ရလားရှင့်
ကျွန်တော့်အမျိုးသမီးကဒီအိမ်ထောင်သက်အတွင်းကျွန်တော်မသိဘဲ အကြွေးသိန်6း0တင်ခဲ့ပါတယ်
ဆန်2အိတ်ဝယ်ဖို့ပိုက်ဆံပေးရင်1အိတ်ဘဲဝယ်ပြီး ကျန်တာ သူသုံးချင်တဲ့နေရာသုံးလိုက်ပါတယ်မေးရင်လဲမပြောပါဘူး
အခုဆိုချစ်သူသက်တမ်း4နှစ်ပြည့်ပါပြီ ကောင်မလေးကချစ်သူသက်တမ်း1နှစ်လောက်မှာ ကျွန်တော်အိမ်ထောင်ရှိမှန်းသိသွားပါတယ်
သူက ကွာရှင်းဖို့လဲမပြောသလို သူ့ကိုလက်ထပ်ဖို့လဲတော့မတောင်းဆိုဖူးပါဘူး
သူအကြွေးတွေဆပ်ဖို့ နိုင်ငံခြားထွက်ချင်လို့ငွေထုတ်ပေးဖို့ပြောလို့7သိန်းထုတ်ပေးတော့ကျွန်တော်နဲ့ ကလေးနှစ်ယောက်ကိုဒီတိုင်းထားပြီးထွက်သွားပြီးငွေကုန်တော့ပြန်လာပါတယ်