Groupထဲ စီနီယာအစ်မ အစ်ကိုတွေ ဆီကနေ အကြံဉာဏ်လေးတောင်းလိုပါတယ်.
ကျွန်မ အိမ်ထောင်ကျတာ တနှစ်နဲ့ တလပါရှင့် ၂ လအရွယ်သမီးလေးတယောက်ရှိပါတယ်
အမျိုးသားက ၃၇ ကျွန်မ၂၉ ပါ အမျိုးသားအစ်မတွေ ချိတ်ဆက်ပေးမှုနဲ့ သူနဲ့ဖူးစာဆုံခဲ့တာပါ
အိမ်ထောင်သက် တလျှောက် သူ့ရဲ့ချစ်ခင်ကြင်နာမှုလဲ မရခဲ့ပါဘူး
ကိုယ်ဝန်ရှိလဲ ချစ်ခင်ကြင်နာမှုဆိုတာ ဘာမှန်း တောင်မသိခဲ့ရသူပါ
အမျိုးသားအရမ်းကပ်စေးနှဲပါတယ် အမျိုးသားရဲ့မိဘတွေနဲ့ အတူနေပေမဲ့ သူ့မိဘကိုထောက်ပံ့ပေးနေတဲ့ အစ်မ၅ ယောက်ကြောင့် သာစားနေရတာပါ
သူကလိုတာ နည်းနည်းပါးပါးဝယ်ပေးပါတယ် လုံးလုံးထောက်တဲ့ထဲမပါ ပါဘူး
ပေးခိုင်းလဲ သူအပြည့်ဝမပေးပါဘူး ခုလက်ရှိလင်မယားနေတဲ့ခန်းကလဲ သူ့ညီဆောက်ထားတာပါ
ပြောချင်တာတွေခုမှစပါတယ်
စားတာ သူအပြည့်ဝမထောက်ပံ့တော့ မျက်နှာငယ်ရပါတယ်
သူ့ညီကလဲ သူ့အခန်းမှာနေတော့ မကြည်ဖြူပါဘူး
သူ့မှာ အိမ်ရှိပေမဲ့ ရေမီးမရသေးတော့ ဒီတိုင်း အငှါးချထားပါတယ် ဆိုင်ခန်းလဲရှိပါတယ် အငှါးချထားတာပါ
စားတာမျက်နှာငယ်ရသလို အိပ်တာကအစမျက်နှာငယ်ရပါတယ်
ပညာတတ်ပေမဲ့အလိုက်လဲ မသိသလို စကားလဲအပြောမတတ်ပါဘူး အနေထိုင်လဲမတတ်ပါဘူး
သူ့မှာရှိတဲ့အရာအားလုံးကို သူမအပ်သလို ကိုယ့်ရှေ့တောင် သူ့မီးခံသေတ္တာ ဖွင့်ရမှာတောင်ကြောက်သူပါ
သူ့သော့လဲ ဘယ်မှာထားတာမသိသလို သူ့ပတ်စ်ဝေါ့လဲ မပေးသိပါဘူး
ဒါတွေတော့ နားလည်ပေးပါတယ် မအပ်လဲ ဘာမှမဖြစ်ဘူး နားလည်ပါတယ်
ကိုယ်တိုင်က နှစ်လုံးလဲ မထိုးသုံးလုံးလဲ ဝါသနာမပါ ပါဘူး အဲ့လို ဖြစ်လို့ မအပ်တာထင်ကြမှာစိုးလို့ပါ
ခုက သူ လိုင်းပေါ်မှာ အီနေပါတယ်ကောင်မလေးတယောက်နဲ့ ကောင်မလေးလဲ အိမ်ထောင်ရှိမှန်းသိရက်နဲ့အီနေပါတယ်
သူနဲ့ ဒီလိုပြသာနာရှေ့မှာဖြစ်ဖူးပါတယ် ပြင်မယ်ပြောပေမဲ့မပြင်ပါဘူးခုထပ်ဖြစ်ပါတယ်
messager မှာမိတော့တခြားလိုင်းဖွင့်ပြီးသွားပြောပါတယ်ကိုယ်ဝန်ရှိတုန်းကရောမီးတွင်းထဲမှာပါ
သူဘာပဲရရခိုင်းနေတဲ့လူပါ အရမ်းအသည်းနာပါတယ်ပေးစားတယ်ဆိုပေမဲ့သူသံယောဇဉ်မရှိလောက်ဘူးထင်ပေမယ့်
သူ့ကို သံယောဇဉ် ရှိလို့သည်းခံခဲ့တာပါ
ကြားထဲ သူစရိတ်အပြည့်မထုတ်တော့စားရမျက်နှာပူတော့ ကိုယ့်အိတ်ကို စိုက်ထုတ်ရတာ လဲအများကြီးပါ
စိတ်အရမ်းနာပါတယ် ကွာချင်ပါတယ်
နာစရာတွေကဒီအိမ်ထောင်သက်တမ်းထဲမှာမရေတွက်နိုင်အောင်ပါ
ကိုယ့်ကိုတန်ဖိုးမထားတဲ့လူဆီမှာဆက်မရှင်သန်ချင်တော့ပါဘူး
ကွာပြီး ကလေးခေါ်ပြီးကိုယ့်အိမ်မှာအလုပ်လုပ်ပြီးနေချင်ပါတယ်
ဘယ်နေရာသွားသွား သူနဲ့သွားတိုင်းအရှက်ကွဲရတာကြီးပါ
စကားအပြောမတတ်လို့ ဘယ်လိုလုပ်ရင် ကွာရှင်းလို့ရမလဲရှင့်
ဒါမှမဟုတ် ဘယ်လိုကိုင်တွယ်ရမလဲရှင့်ဘယ်လိုလုပ်သင့်လဲ အကြံပေးကြပါရှင်