ညီမကအသက်၃၁ပါ။ညီမအမျိုးသားက၃၃ပါ။
အိမ်ထောင်ရေးကတော့အရမ်းကြီးမဆိုးပေမဲသာယာမနေပါဘူး
ကလေး၂ယောက်ရှိပါတယ်။အိမ်ထောင်သက်က၁၂ပါ။
ဒုတိယကလေး၁နှစ်သားလောက်မှာသူဖောက်ပြန်တာ၁ခါမကမိပါတယ်။
အရင်ကလည်းလုပ်ပေမဲ့တအားမဆိုးခဲ့ပါဘူး။ငွေမက်တဲ့ဆက်ဆံရေးမျိူးဆိုတော့မထိန်းပဲလွှတ်ထားလိုက်ပါတယ်
6လလောက်ကွဲသွားတာပေါ့လေ။အခုအကြံတောင်းချင်တာကသူ့အလုပ်ကမနက်၈ည7ထိလုပ်ရပါတယ်။
အလုပ်ကအိမ်နဲ့နီးတော့လမ်းလျောက်သွားလို့တောင်ရပါတယ်။
ည9နာရီအိမ်အရောက်ပြန်စေချင်တာသူကအလုပ်ကပြန်ရင်အိမ်ကိုလာပဲအလုပ်နားကသူငယ်ချင်းတွေစုနေတဲ့အိမ်မှာပဲနေပါတယ်။
ညမက9နာရီကျော်ရင်သော့ဖွင့်မပေးပါဘူးစိတ်ဆိုးလို့ပါအဲ့တော့သူကသူငယ်ချင်းတွေနဲ့သွားအိပ်ပါတယ်။
တမင်ကိုနောက်ကျအောင်နေပါတယ်4ညရှိပါပီ။
အဲ့တော့လေညီမကပဲလျော့လိုက်ရမလား။အကြံလေးတောင်းကြည့်တာပါ
သူငယ်ချင်းတွေကိုပဲအချိန်ပေးလွန်းတာလည်းပါပါတယ်။
အလုပ်နားတဲ့ရက်တွေလည်းသူငယ်ချင်းတွေနဲ့ပဲလျောက်လည်တာပါ
ပြောရရင်အချိန်မပေးပါဘူးအိမ်မှာနေတဲ့အချိန်လို့ကိုမရှိတာပါ
ညီမကအသက်၃၁ပါ။ညီမအမျိုးသားက၃၃ပါ။
ကလေး၂ယောက်ရှိပါတယ်။အိမ်ထောင်သက်က၁၂ပါ။