မင်မင်ရေ အကြံဥာဏ်လေးတွေလိုချင်လို့ တင်ပေးပါရှင်
ညီမအသက်25ပါ ညီမကောင်လေးက 29ပါရှင့်
ကောင်လေးက ဘာသာခြားပါ မွတ်ဆလင်ပါရှင်
ညီမတို့ ယူမလို့ပါ အိမ်က သဘောမတူပါဘူးရှင့် ဘာသာခြားဖစ်နေလို့ပါ
ဒါပေမဲ့ ကောင်လေးက ညီမတို့ဘာသာဗုဒ္ဓဘာသာ ယူပေးမယ်ပြောပါတယ်
မဂ်လာဆွမ်းကပ်ပေးမယ်ပေါ့ရှင် အိမ်က သဘောမတူလို့ ညီမတို့ခိုးပြေးဖို့ရည်ရွယ်ထားပါတယ်
ညီမတို့က တမြို့ထဲပါ သူက ညီမနာမည်နဲ့ ကားဝယ်ထားပါတယ်
နားကပ်နဲ့ လက်စွပ်လဲ ညီမနာမည်နဲ့ဝယ်ထားပါတယ်တဲ့
လိုင်းပေါ်ကနေ ဘောင်ချာတွေစာချုပ်တွေ ပို့ပေးပါတယ်
ပြသနာက မယူရသေးခင်မှာ သူညီမကို လက်ပါပါတယ်
အရင်ကောင်လေးနဲ့ အတူနေထားတဲ့ videoကို ဘလိုရှာလိုက်လဲမသိဘူး တွေ့သွားပီး ညီမပါးကိုရိုက်ပါတယ်
အက်ဒါကတခါ နောက်တခါက သူပို့ထားတဲ့နေရာမာ မနေပဲ အရင်ကောင်လေးဆိုင်ကယ်နောက်လိုက်တယ်ဆိုပီး ပါးတချက်ရိုက်ပါတယ်
အက်ဒါကတော့ ထမင်းဆိုင်ရှေ့ လူတွေအများကြီးရှေ့မာပါ
ညီမ မှားပါတယ် ဒါပေမဲ့တော့ လက်မပါသင့်ဘူးထင်ပါတယိရှင်
ညီမဖုန်းတွေရိုက်ခွဲတယ် သူပါးရိုက်လိုက်တုန်းကလဲ နားကပ်တဖက်ကျွပ်သွားခဲ့ပါတယ်
အခုက သူနဲ့ညီမခိုးပြေးပီးရင်အတူနေဖို့ အိမ်ငှားထားပါတယိ
သူငှားထားတာပါ အိမ်သုံးပစ္စည်းညီမအတွက် အသုံးအဆောင်အဝတ်အစားတွေ ကြိုစုထားပါတယ်တဲ့
ညီမအတွက်လုပ်ထားတဲ့ ရွှေတွေလဲ သူနောက်လိုက်တဲ့ချိန် ဆင်မယ်တဲ့ရှင်
ဒါပေမဲ့ ကြားထဲမာတော့ ညီမနဲ့သူတွေ့ဖစ်ပီး အတူနေတဲ့အခါတွေလဲ ရှိပါတယ်
ဘလိုရှေ့ဆက်ရမလဲ မသိတော့ဘူးရှငိ့
အမတို့ညီမတို့ မြင်တာလေးတွေ ပြောပြအကြံပေးကြပါအူံးရှင်