ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၅၂

မင်မင်ရေ အသက် 30 နီးပါးထိ ဒီလိုတွေတစ်ခါမှ မပို့ဘူးသလို

ရင်လဲမဖွင့်တတ်လို့ ဖြစ်နိုင်ရင် ရင်ဖွင့်တာထက် ဘယ်လိုဖြတ်သန်းရမလဲဆိုတာ အကြံတောင်းခံခွင့်ပြုပါနော်

ကျွန်မတို့ မြန်မာနိုင်ငံမ​ှာ မိန်းမဖြစ်ရတဲ့ဘဝက ယောကျာ်းတွေထက် တဆင့်ပိုနှိမ်တတ်တာ ပုံမှန်လားပေါ့နော်

ဒါ မြန်မာနိုင်ငံကမိသားစုတိုင်းဖြစ်လေ့ရှိတာလားပေါ့

ကျွန်မ အခု မိဘရယ် အမအကြီးဆုံးရယ် ကျွန်မအထက်က အကိုရယ် အတူနေကြပါတယ်

ဒီကာလာ အလုပ်လက်မဲ့က ကျွန်မအကိုနဲ့ ကျွန်မပါ

အကိုကအိမ်ထောင်ကွဲဖြစ်ပြီး သမီးတစ်ယောက်နဲ့ အခုကျွန်မတို့အတူနေကြတယ်ပေါ့နော်

အကိုကလဲဘာအလုပ်မှမရ​ှိပါဘူး မနက်ဆို 7:30-8:00 လောက်မှအိပ်ယာထတယ်

မနက်စာစားတယ် ပြီးရင် ပက်လက်ဖုန်းသုံးတယ် ရေချိုးတယ် စားတယ်

အပြင်ထွက်လည်တယ် ညမိုးချုပ်ပြန်လာတယ် စားတယ် အိပ်တယ် ဒါသူ့ရဲ့ တနေ့တာ ပုံမှန်ဖြတ်သန်းမှုပါ

ကျွန်မလဲအလုပ်မရှိဆိုပေမယ့် တအိမ်လုံးကအဝတ်တွေလျှော်ရတယ် ဂျပန်စာလေ့လာတယ်

တူ တူမတွေ ကြည့်ရတယ် အမအကြီးကအလုပ်တဖက်နဲ့ကလေးအပေါ်လုံးဝစိတ်မရှည်တတ်ပါဘူး

ကျွန်မ စာတဖက်နဲ့ တခါတလေ ဟင်းမချက်နိုင် စာကများ အဝတ်တွေလျှော်ပြီးလဲ

အမကစိတ်မရှည်လို့ ကလေးရေမိုးချိုးတာကအစ ကိုယ်ကပဲလုပ်ပေးရပြန်ပါတယ်

တခါတလေ စိတ်ညစ်မိတာကလေ တွက်ကပ်တဲ့စိတ်တွေဝင်လာမိပါတယ်

သူတို့လုပ်ချင်တာလုပ်ပြီး ရလာတဲ့ ဒုက္ခကို ဘာလို့ကျွန်မက ခံနေရတာလဲပေါ့နော်

အမကိုတော့အမိရာမို့လို့ ဘယ်လိုမှ အပြစ်မမြင်မိပေမယ့် ဒီအကိုပေးတဲ့ ဒုက္ခတွေက မိဘအပေါ်လဲမနည်းခဲ့ပါဘူး

ဒါမယ့် အခုသူကျတော့ ဇိမ်နဲ့ ပိုက်ဆံလဲမရှာပေး ဘာတာဝန်မှလဲ မယူရပဲ နေနေရပြီး

ကျွန်မကျဘာလို့ ကလေး ဒုက္ခတွေကအစ ခံနေရတာလဲပေါ့နော်

စာတဖက် အလုပ်မရှိလို့ စိတ်ဓာတ်ကျမှု ဒီကလေးတွေရဲ့ ဝေယျာဝစ္စ တွေ

ဒီ stress တွေကအရမ်းပိလာလို့ ဘယ်လိုဖြတ်သန်းသင့်လဲဆိုတာ အကြံပေးစေလိုပါတယ်

မင္မင္ေရ အသက္ 30 နီးပါးထိ ဒီလိုေတြတစ္ခါမွ မပို႔ဘူးသလို

ရင္လဲမဖြင့္တတ္လို႔ ျဖစ္ႏိုင္ရင္ ရင္ဖြင့္တာထက္ ဘယ္လိုျဖတ္သန္းရမလဲဆိုတာ အႀကံေတာင္းခံခြင့္ျပဳပါေနာ္

ကြၽန္မတို႔ ျမန္မာႏိုင္ငံမ​ွာ မိန္းမျဖစ္ရတဲ့ဘဝက ေယာက်ာ္းေတြထက္ တဆင့္ပိုႏွိမ္တတ္တာ ပုံမွန္လားေပါ့ေနာ္

ဒါ ျမန္မာႏိုင္ငံကမိသားစုတိုင္းျဖစ္ေလ့ရွိတာလားေပါ့

ကြၽန္မ အခု မိဘရယ္ အမအႀကီးဆုံးရယ္ ကြၽန္မအထက္က အကိုရယ္ အတူေနၾကပါတယ္

ဒီကာလာ အလုပ္လက္မဲ့က ကြၽန္မအကိုနဲ႔ ကြၽန္မပါ

အကိုကအိမ္ေထာင္ကြဲျဖစ္ၿပီး သမီးတစ္ေယာက္နဲ႔ အခုကြၽန္မတို႔အတူေနၾကတယ္ေပါ့ေနာ္

အကိုကလဲဘာအလုပ္မွမရ​ွိပါဘူး မနက္ဆို 7:30-8:00 ေလာက္မွအိပ္ယာထတယ္

မနက္စာစားတယ္ ၿပီးရင္ ပက္လက္ဖုန္းသုံးတယ္ ေရခ်ိဳးတယ္ စားတယ္

အျပင္ထြက္လည္တယ္ ညမိုးခ်ဳပ္ျပန္လာတယ္ စားတယ္ အိပ္တယ္ ဒါသူ႔ရဲ႕ တေန႔တာ ပုံမွန္ျဖတ္သန္းမႈပါ

ကြၽန္မလဲအလုပ္မရွိဆိုေပမယ့္ တအိမ္လုံးကအဝတ္ေတြေလွ်ာ္ရတယ္ ဂ်ပန္စာေလ့လာတယ္

တူ တူမေတြ ၾကည့္ရတယ္ အမအႀကီးကအလုပ္တဖက္နဲ႔ကေလးအေပၚလုံးဝစိတ္မရွည္တတ္ပါဘူး

ကြၽန္မ စာတဖက္နဲ႔ တခါတေလ ဟင္းမခ်က္ႏိုင္ စာကမ်ား အဝတ္ေတြေလွ်ာ္ၿပီးလဲ

အမကစိတ္မရွည္လို႔ ကေလးေရမိုးခ်ိဳးတာကအစ ကိုယ္ကပဲလုပ္ေပးရျပန္ပါတယ္

တခါတေလ စိတ္ညစ္မိတာကေလ တြက္ကပ္တဲ့စိတ္ေတြဝင္လာမိပါတယ္

သူတို႔လုပ္ခ်င္တာလုပ္ၿပီး ရလာတဲ့ ဒုကၡကို ဘာလို႔ကြၽန္မက ခံေနရတာလဲေပါ့ေနာ္

အမကိုေတာ့အမိရာမို႔လို႔ ဘယ္လိုမွ အျပစ္မျမင္မိေပမယ့္ ဒီအကိုေပးတဲ့ ဒုကၡေတြက မိဘအေပၚလဲမနည္းခဲ့ပါဘူး

ဒါမယ့္ အခုသူက်ေတာ့ ဇိမ္နဲ႔ ပိုက္ဆံလဲမရွာေပး ဘာတာဝန္မွလဲ မယူရပဲ ေနေနရၿပီး

ကြၽန္မက်ဘာလို႔ ကေလး ဒုကၡေတြကအစ ခံေနရတာလဲေပါ့ေနာ္

စာတဖက္ အလုပ္မရွိလို႔ စိတ္ဓာတ္က်မႈ ဒီကေလးေတြရဲ႕ ေဝယ်ာဝစၥ ေတြ

ဒီ stress ေတြကအရမ္းပိလာလို႔ ဘယ္လိုျဖတ္သန္းသင့္လဲဆိုတာ အႀကံေပးေစလိုပါတယ္