ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၅၄

ညမကလေ Tom boy နဲ့တွဲနေတာပါ 5 လကျော်ပါပီ

တွဲခါစက အရမ်းဂရုစိုက်ပီး အရမ်းလဲအချစ်ခံရပါတယ်

စိတ်ဆိုးတိုင်းလဲ စာတေပို့ပီးချော့ပါတယ်

ခုနောက်ပိုင်းကျ တွဲခါစလောက်ကလဲ ဂရုမစိုက်တော့ဘူး ချော့လဲမချော့တော့ပါဘူး

ပြသနာတစ်ခုဖြစ်ရင် ညမကတော့အဆင်ပြေဖို့ညှိယူတယ်

သူ့ဘက်ကတော့လက် လွှတ်ဖို့အမြဲတွေးပါတယ်

ညမတို့တွဲနေတာကို သူ့အိမ်ကရော ညမအိမ်ကရောသိပါတယ်

ညမအိမ်ကတော့ဘာမှမပြောပါဘူး သူ့အိမ်ကတော့ညမနဲ့သဘောမတူပါဘူး

ညမက ပြသနာတစ်ခုဖြစ်ရင် အမြဲငိုပါတယ်

သူက သူနဲ့နေရင်မပျော်ရဘူးမလားတဲ့ ပြတ်ရအောင်တဲ့

ပီးတော့ ညမနဲ့ရှေ့ဆက်ဖို့လဲ သတ္တိမရှိပါဘူးတဲ့ ရှေ့ဆက်ဖို့လဲမဖြစ်နိုင်ဘူးလို့ပြောပါတယ်

အာ့တာကိုလဲ ညမဘက်ကမပြတ်နိုင်ပဲ သူ့ကိုခ”ယ”နဲ့ဆွဲထားမိနေတာပါ

ခုနောက်ပိုင်းဆို ညမသူ့ကိုစိတ်လဲမဆိုးရဲတော့ဘူး စိတ်လဲမကောက်ရဲတော့ပါဘူး

ပြသနာဖြစ်ရင် ထားခဲ့ခံရမှာစိုးလို့ပါ

ပီးတော့သူက ချစ်သူလိုမနေချင်တော့ပါဘူးတဲ့

ဒါပေမယ့်လေ ညမသူ့ကိုမပြတ်နိုင်ဘူးဖြစ်နေတယ်

move on ဘလိုလုပ်ရမလဲ ပြောပြပေးကြပါအုံးနော် ညမမှာရင်ဖွင့်စရာလူလဲမရှိလို့ပါ

အခမဲ့တင်ပေးပါနော်မင်”

















