မင်္ဂလာပါ… ကျွန်မဒီစာကို အကြိမ်ကြိမ်စဉ်းစားပြီးမှရေးခဲ့တာပါ….
ရင်ဖွင့်ချင်တာရော ရင်ထဲမှာ သိမ်းဆည်းထားခဲ့တဲ့ နာကျင်မှုကြောင့်ရော ရေးဖြစ်တာပါ..
စာနည်းနည်းရှည်သွားရင် သည်းခံပေးပါနော်..
ကျွန်မအသက် ၂၈ နှစ်ရှိပါပြီ..
အရင်ကတော့ ဘဏ်ဝန်ထမ်းတစ်ဦးပါ။
ကျွန်မဘဏ်မှာ အလုပ်လုပ်ရင်းကနေ အဲ့လူနဲ့ စတွေ့ဖူးခဲ့ပါတယ်။အဲ့အချိန်က ကျွန်မ ၂၃နှစ်ပါ။
အဲ့တုန်းကတော့သူလည်း ဘဏ်ဝန်ထမ်းပါ။အဲ့အချိန်က သူ့မှာ တွဲနေတဲ့သူရှိတော့ ဒီတိုင်းအသိတယောက်အနေနဲ့ပဲနေပါတယ်။
နောက်ပိုင်းကျွန်မကလည်း ကိုယ့်အလုပ်တွေ ၊ကျောင်းကိစ္စတွေနဲ့ သူ့ကိုလည်း မေ့သွားပါတယ်။
သူအလုပ်ထွက်ပြီး နယ်ပြန်တာတောင် မသိခဲ့ဘူး။၃နှစ်လောက်ကြာသွားမယ်ထင်တယ်။
အဲ့အချိန်အတွင်းမှာ သူညဘက် တခါ ကျွန်မဆီ ဖုန်းဆက်တာရှိခဲ့တယ်။ ကျွန်မသူ့ဆီ တခါဆက်ဖူးတယ်။
အလုပ်ကိစ္စတခုမေးရုံဆက်တာပါပဲ။အဲ့အချိန်ကသူ့ရည်းစား လာကိုင်တော့ ဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ စကားတွေပြောရမှာစိုးတော့ ဖုန်းမှားတယ်ပြောပြီး ပြန်ချလိုက်တယ်..
အဲ့(၃)နှစ်အတွင်းမှာ ရှိခဲ့တဲ့ အဆက်အသွယ်က အဲ့ဒါအကုန်ပါပဲ။
အဲ့လိုကနေ လွန်ခဲ့တဲ့ ၂နှစ်မှာတော့ သူနဲ့ အဆက်အသွယ်ရစရာ ကိစ္စတွေ အကြောင်းဖန်လာပါတော့တယ်။
မဖြစ်မနေစကားပြောရမယ့် ကိစ္စတွေကို ပြောကြဆက်သွယ်ကြရင်းနဲ့ ညဘက်တွေ အချိန်ပေးဖုန်းပြောကြတဲ့အခြေအနေထိဖြစ်လာခဲ့ပါတယ်။
အဲ့အချိန်မှာ သူကျွန်မကိုပြောလာတာက သူ့ရည်းစားနဲ့ ပြတ်ကြောင်းပါပဲ။ “အဆင်မပြေတာကြာပြီ၊ အဆက်အသွယ်ပြတ်နေပြီ”တဲ့။
နောက်ပြီး သူနဲ့လက်ထပ်ဖို့ ပြောလာတာပါပဲ။သူလုပ်နေတဲ့အလုပ်တွေ၊သူ့ရဲ့လက်ရှိအနေအထားအရ သူဟာ လိမ်ညာမယ့်သူမဟုတ်ဘူးလို့ ယုံကြည်ခဲ့ပါတယ်။
လေးစားစရာကောင်းတာတွေ လုပ်နေတာကို။
အဲ့လိုကနေ အများကြီး မလေ့လာဖြစ်တော့ဘဲ လက်ခံဖြစ်ခဲ့ပါတယ်။
လေးစားယုံကြည်စိတ်နဲ့ သူ့အလုပ်တွေလည်းကူပေးရင်း သံယောဇဉ်က တဖြည်းဖြည်းတွယ်လာတာပါပဲ။
အဲ့လိုကနေ ကျွန်မရှိတဲ့နေရာကို သူရောက်လာမယ့်ကိစ္စပေါ်လာတော့ သူရောက်လာတယ်။
သူလိုအပ်သမျှ ကျွန်မကူညီပေးတယ်။လိုအပ်ချက်မရှိစေရအောင် သူ့အတွက်အစစအရာရာဖြည့်ဆည်းပေးရင်း စည်းကျော်ခဲ့တဲ့ အခြေအနေဖြစ်လာတယ်။
အဲ့အချိန်မှာ ကျွန်မဘဝမှာ အဲ့လိုစည်းကျော်တာ ပထမဆုံးအကြိမ်ပဲ..
အဲ့နေ့ပြီးနောက်နေ့ကျမှ သူ့ရဲ့ရည်းစားကမပြတ်သေးဘဲ ပို့ထားတဲ့စာတွေကို တွေ့သွားပြီး သူတို့ပြဿနာတက်ကြရော..
ကျွန်မဆီလည်းသူ့ရည်းစားက ဖုန်းဆက်လာတယ်။ ကျွန်မကတော့ ရှင်းပါတယ်။
သူများရည်းစားလည်း မလုချင်ဘူး။အဲ့လိုမပြတ်သေးတာလည်းမသိသေးလို့ ဖြစ်လာတာ။
နောက်တခုက သူ့ရည်းစားနဲ့ပြတ်ပါပြီပြောတဲ့ အလိမ်အညာကို ယုံခဲ့တာဆိုတော့ ပြဿနာလည်း အရမ်းမဖြစ်နေတော့ဘဲ “ဘာမှမပက်သပ်ဘူး အမ” လို့ပဲ သူ့ရည်းစားကို လိမ်လိုက်တော့တယ်။
အဲ့လိုကနေ သူလည်း သူ့နေရာသူပြန်သွားတယ်။
ကိုယ်ရေးကိုယ်တာကိစ္စတွေ အဆက်အသွယ်မလုပ်ကြတော့ဘဲနေလိုက်တယ်။
ဒါပေမယ့် ကံကပဲ ပြန်တွန်းပို့လား ဘာကြောင့်လဲ မသိခဲ့ဘဲ အဆက်အသွယ်လုပ်စရာ အလုပ်ကိစ္စတွေက မပြတ်ခဲ့ဘူး။
အဲ့လိုနဲ့အလုပ်ကိစ္စတွေကတော့ ပုံမှန်ဆက်သွယ်နေရ၊လုပ်နေရတယ်။
အဲ့လိုကနေ သူရှိနေတဲ့နေရာကို ကျွန်မလိုက်သွားရမယ့် ကိစ္စတွေပေါ်လာတယ်။
ကျွန်မကို လိုက်ခဲ့ဖို့ခေါ်ချိန်မှာ “ညီမလေးမရှိလို့မရဘူးလေ၊သူအရမ်းပင်ပန်းနေပြီ”တဲ့ အဲ့စကားနဲ့ခေါ်ခဲ့တာပါ။
အလုပ်ကိစ္စတွေကလည်း အရေးကြီးနေတော့ ကျွန်မလည်း အဲ့နေရာကို ရောက်သွားပါတယ်။
အဲ့လိုကနေ အလုပ်တွေလုပ်ရင်း အတူတူအမြဲရှိနေတော့ သံယောဇဉ်လက်ကျန်ရှိတာက သံယောဇဉ်ကပိုတိုးလာပါတယ်။
ကျွန်မက ဘာနေနေ လိုသမျှနောက်ကနေ လိုက်ဖြည့်ဆည်းပေးတတ်တဲ့ မိန်းမဖြစ်နေတော့ သူ့အတွက်အစစအရာရာ လိုလေသေးမရှိစေခဲ့ရဘူး။
အဲ့အချိန်မှာတရက်သူ့ဖုန်းကိုကြည့်မိချိန် ကျွန်မမလာခင်လေးမှာတင် သူ့ရည်းစားနဲ့ သူအဆက်အသွယ်ရှိနေသေးတာအပြင်၊
နောက်ထပ်အခြားမိန်းကလေးတွေရှိသေးတာပါ ထပ်တွေ့ခဲ့ရပါတယ်…တကယ့်ကို အကြီးအကျယ်အံ့သြမှုပါပဲ။
ကျွန်မရောက်ပြီးနောက်ပိုင်း သူအဆက်အသွယ်တွေကို ဆင်ခြင်တာတွေ့ရပါတယ်။
ကိုယ့်ရှေ့မှာပဲရှောင်တာလားမပြောတတ်ဘူး။ကျွန်မအပေါ်လည်း ဂရုစိုက်ပါတယ်။မအားတဲ့ကြားကနေ ဂရုစိုက်ပေးပါတယ်။
ဒါမယ့် ကျွန်မကတော့ ကျွန်မတာဝန်ယူထားတဲ့အလုပ်ကိစ္စတွေကိုပဲ အာရုံစိုက်ရင်းသူလိုတာတွေ လုပ်ပေးလိုက်တယ်။
မလိုရင်ဖယ်နေလိုက်တယ်။အချိန်တန်ပြန်မယ်အဲ့လိုပဲနေလိုက်ပါတယ်။
နောက်ကျ ကျွန်မတို့အလုပ်နဲ့နေရာပြောင်းဖို့ဖြစ်လာတော့ ကျွန်မတို့ အခြားသူတွေနဲ့ သီးခြားနေရတဲ့နေရာရောက်သွားပါတယ်။
အဲ့မှာ ပြဿနာတွေ စဖြစ်ခဲ့တော့တာပါပဲ…
နေရာပြောင်းတဲ့ဆီရောက်တဲ့ညမှာပဲ ကျွန်မတို့ကြားမှာ စည်းကျော်တဲ့ ကိစ္စ ထပ်ဖြစ်လာပါတယ်။
ရှောင်နေပေမယ့် အကြောင်းကြောင်းနဲ့ ဖြစ်လာခဲ့တာပါ။
(သူ့ရည်းစားနဲ့ မပြတ်သေးတာတွေ၊ နောက်ပြီး အခြားမိန်းကလေးတွေထပ်ရှိနေသေးတာ သိပေမယ့်မရှောင်နိုင်ခဲ့တာတော့ ကျွန်မအမှားပါပဲ…)
အဲ့နောက်ပိုင်းမှာ သူကျွန်မကို ဂရုစိုက်တာတွေ ပိုသိသာလာတယ်။
အလုပ်တွေလည်း ပိုများလာတယ်။အဆင်ပြေတာတွေရော၊ မပြေတာတွေရောပေါ့။
အဲ့လိုကနေ နေရာပြောင်းပြီး တလအကြာမှာ ကျွန်မမှာ ကိုယ်ဝန်ရှိနေတာသိလာပါတယ်…
ကိုယ်ဝန်ရှိနေတယ်လို့ ရိပ်မိတော့ ပြောပြချိန် စစ်ကြည့်လေတဲ့။
ဖြစ်လာတော့လည်း ဖြစ်လာတဲ့ အလျှောက်ပေါ့တဲ့..
စစ်ကြည့်ချိန်မှာ တကယ် ကိုယ်ဝန်ရှိနေတာပါပဲ။
သူ့ကို စစ်ထားတာ ပထမဆုံးပြတဲ့အချိန်မှာ “ဖြတ်ချလိုက်ရအောင်”တဲ့…
နောက်တစ်ခွန်းက “စလာတည်းက $တလွဲပါကွာ” တဲ့ တကယ်အံ့ဩသွားတာ။
သူ့လိုလူက ကျွန်မကို လက်ထပ်ဖို့ပြောထားတဲ့သူ။လေးစားယုံကြည်ရတဲ့သူက အဲ့လိုပြောလာတာ။
ကျွန်မကတော့ ကျွန်မရင်မှာဖြစ်နေတဲ့ ကလေးကို ဘာကြောင့်ပဲရလာရလာ လက်မလွှတ်နိုင်ခဲ့ဘူး…
အဲ့လိုနဲ့ မလုပ်နိုင်ဘူး တင်းခံရင်း..နောက်ဆုံး လက်ထပ်ကြမယ် ညီမလေးရယ်တဲ့..
“အကိုတို့ အသက်ကြီးရင် ရန်တွေဘာတွေမဖြစ်လောက်ပါဘူးနော်”ဆိုပြီး ပျော်ပျော်ရွှင်ရွှင်သူပြောခဲ့သေးတယ်..
အဲ့လိုနဲ့ ဘယ်နေ့ ဘယ်ရက် လက်ထပ်ကြမယ် ပြောပြီး ကျွန်မကလည်း မိဘကို အကြောင်းကြားပြီး ပြင်ဆင်မယ်ပေါ့…
(သူ့ကို လက်ထပ်မယ်ဆိုတာမှာ သူ့အပေါ်သံယောဇဉ်ရှိတယ်၊ သူ့မှာ မပြတ်သေးတာတွေရှိတာ သိတယ်၊
ဒါပေမယ့် ကျွန်မမှာလည်း ထောက်ထားရမယ့် ကလေးရှိလာတာကြောင့် လက်ထပ်ဖို့ကို တင်းခံနေခဲ့တာ။
ကျွန်မကလေးကို မိဘအစုံအလင်နဲ့ ပျော်ရွှင်ရတဲ့ ကလေးအဖြစ်ပြုစုပျိုးထောင်ချင်တဲ့ အတ္တတော့ ကျွန်မဆီမှာ ရှိနေခဲ့တာ။
အတ္တကြီးတယ် မှားခဲ့တယ်ဆိုရင်လည်း အဲ့အချိန်မှာ ကလေးအတွက်ပဲတွေးမိခဲ့လို့ပါ)
အဲ့အချိန်မှာ လက်ထပ်စာချုပ်တွေမှာကြ ပြောကြနေပေမယ့် သူကတော့ သူ့မိဘကိုလည်း မပြော၊ဘယ်သူ့မှ ပေးမသိဘူး…
ဒါနဲ့ “အကို မိဘကိုမပြောဘူးလား”ဆိုတော့ “မလိုဘူး” တဲ့
တကယ်က ဘယ်သူ့မှ မပြော ရင်မဆိုင်ဘဲ ကျွန်မကို ခိုးပြီး လက်ထပ်ဖို့ လုပ်ခဲ့တာ..
ကျွန်မကလည်း ခိုးပြီး လက်ထပ်ခံရမယ့် အဆင့်အတန်းမဟုတ်ဘူးဆိုပြီး ပြဿနာတွေ ထပ်ဖြစ်ကြပြန်ရော..
အဲ့လိုကနေ သူ့သူငယ်ချင်းတယောက်ကို အကျိုးအကြောင်းပြောပြတော့ သူ့သူငယ်ချင်းက သူ့ကို သေသေချာချာပြောပြပြီး ပွင့်ပွင့်လင်းလင်း တာဝန်ယူ အမှားကို လက်ခံဖို့ ပြောပြတဲ့အခါ သူလုပ်မယ်ဆိုပြီး စိတ်ပြောင်းသွားတယ်
နောက်နေ့မနက်မှာ သူ့ရည်းစား၊ သူ့မိဘကို အကြောင်းကြားမယ်ဆိုပြီးသူတစ်ယောက်တည်း ဖုန်းသွားပြောတော့တယ်။
အဲ့အချိန်မှာ ၂နာရီလောက်အကြာမှာ ကျွန်မဆီ ဖုန်းဆက်လာပြီး သူရှိတဲ့နေရာလိုက်လာဖို့ လှမ်းခေါ်ခဲ့တယ်…
ကျွန်မရောက်သွားချိန်မှာ “လက်ထပ်မယ့်ကိစ္စကို ပြန်စဉ်းစားဖို့…ကလေးကို လက်မခံဖို့ ပြောလာတယ်..
အဲ့အချိန်မှာ တကယ့်ကို လူကငရဲကျနေသလိုပါပဲ…
သေချာတာသည်..လက်မထပ်ဘူး၊ ကလေးကိူ ဖျက်ချလိုက်ဆိုတာပါပဲ…ကျွန်မက ကလေးကို လိုချင်ရင် ကိုယ့်ဟာကိုပဲ မွေးပါတဲ့… ”
တကယ့်ကို ရွံစရာကောင်းသောစကားပဲ။
ပတ်ဝန်းကျင်သိအောင် တွဲခဲ့တဲ့ ရည်းစားရှိတယ်၊ သူ့ပုံရိပ်ရှိတယ် ကလေးရှိသွားတဲ့ကိစ္စနဲ့လက်ညှိုးထိုးမခံချင်ခဲ့တာတဲ့။
ပြောရရင် အိပ်တော့အိပ်မယ် တာဝန်မယူဘူးဆိုတဲ့သဘော..
မိဘက လက်မခံတာလား..ရည်းစားက လက်မခံတာလား ကျွန်မ ဘာမှမစဉ်းစားနိုင်ခဲ့ပါဘူး..
မိဘကလက်မခံရအောင် ကျွန်မအနေအထားက သူနဲ့မှားပြီး ကိုယ်ဝန်ရှိသွားခဲ့တာကလွဲရင် ဦးနှောက်သုံးတဲ့စကားနဲ့ပြောရရင် အဲ့လူနဲ့တောင်မတန်ပါဘူး။ ကျွန်မကအသာကြီးပါ။
ဘယ်လိုပဲ ဆွဲထားပါစေ…နောက်ဆုံးတော့ သူဘာတာဝန်မှမယူခဲ့သလို၊ သူနဲ့မဆိုင်သလို ထွက်သွားတာပါပဲ။
စိတ်အနာဆုံးက အဲ့လိုစိတ်မျိုးအစတည်းကရှိခဲ့ရင် လိမ်ညာပြီး အစောတည်းက လက်ထပ်ဖို့ကိစ္စတွေ ပြောမလာခဲ့သင့်တာ။
ကိုယ်က တမင်တကာသူ့ကို စနိုက်ကြော်ခဲ့တာရော၊နောက်ပြီး သိသိရက်ရက်နဲ့ ရအောင်ယူခဲ့တာရောမှ မဟုတ်တာ။
သူ့ကိုတရားစွဲဖို့လုပ်ခဲ့ပေမယ့် တရားရေးယိုင်လဲနေတဲ့ ဒီကာလမှာ ဘာမှ လုပ်မရနိုင်လို့ မလုပ်ခဲ့ရဘူး။
နောက်ပြီး သူ့ကြောင့် ဒါတွေ ဖြစ်ခဲ့တာ သိရက်နဲ့ တစ်ခွန်းမှ မတောင်းပန်ခဲ့တာပါပဲ…
အားနာကြောင်း၊ တောင်းပန်ကြောင်း တစ်ခွန်းတောင် မပြောခဲ့ဘဲ အလုပ်တွေ အားလုံးသိမ်းပြီး ကန်ထုတ်သလို ပြန်လွှတ်ခဲ့တာပါပဲ…
နောက်ပြီး သူနဲ့ ဘာမှ မပက်သက်ခဲ့တဲ့ လူတယောက်လို အခြားသူတွေနဲ့ လက်ဝါးရိုက်ပြီး စော်ကားတိုက်ခိုက်ခဲ့တာပါပဲ..
တကယ့်ကို စိတ်ဒဏ်ရာပေါင်းများစွာနဲ့လဲကျပြီး ပြန်ပြီးရုန်းထနိုင်အောင် တစ်နှစ်ကြာနေတာတောင်မနည်းကြိုးစားနေရဆဲပါပဲ..
ကလေးနဲ့ ကိုယ့်အတွက်နာကျင်ရတာကတစ်ဖက်၊သူ့ကြောင့်စိတ်ထိခိုက်ခံစားရတာကတစ်ဖက်တဲ့ တကယ့်ကို အလူးအလဲပါပဲ။
ကျွန်မက ခံစားရသမျှကို ဖွဲ့နွဲ့ပြီး မရေးတတ်လို့သာ ဘာမှမဟုတ်ဘူး ထင်ကောင်း ထင်နိုင်ပေ
မယ့် ကျွန်မအတွက် Trauma ပေါင်းများစွာပါပဲ။
(ကလေးလေးကတော့ ကျွန်မဆီမှာကြာကြာမနေနိုင်ခဲ့ပါဘူး။
သူ့ကိုမလိုချင်တဲ့ သူကြောင့်နာကျင်ခံစားနေရတာ သူလည်းမကြည့်ရက်ခဲ့ဘူးလို့ပဲထင်ပါတယ်၊ကျွန်မတော့ရင်ကွဲရတာပေါ့)
အများကြီး ကြိုးစား ရုန်းကန်ရင်း အဆင်ပြေအောင်ကြိုးစားနေရတယ်။
အခုအချိန်ထိ သူ့နာမည်၊ သူ့ပုံရိပ်တွေ့လိုက်ရင် ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာသလို အသက်ရှူကြပ်လာတုန်းပါပဲ။
လွန်ခဲ့တဲ့ တနှစ်တာလုံး မျက်ရည်တွေနဲ့ အိပ်မပျော်တဲ့ညတွေကို ကျော်ဖြတ်ခဲ့ရင်း နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် ရေးနိုင်သလောက် ဒီအကြောင်းအရာကို ရင်ဖွင့်ဖို့ အားယူကြိုးစားခဲ့ရတာပါ။
ဒီစာကိုတောင် တဆက်တည်းမရေးနိုင်လို့ မနည်းအားယူပြီး ဖြေးဖြေးချင်းရေးခဲ့ရတာပါ။
ကျွန်မရေးတဲ့စာကြောင့် ကျွန်မလည်း စိတ်ထဲက မွန်းကြပ်နေတာတွေ နည်းနည်းလျော့သွားသလို ဖတ်မိတဲ့ ညီမတွေ၊
အမတွေအနေနဲ့လည်း ဒီလို မျက်နှာအမျိုးမျိုးနဲ့ ယောင်္ကျားမျိုးကို ရှောင်ရှားနိုင်တယ်ဆိုရင် ကျွန်မရေးရကျိုးနပ်ပါပြီ..
ကျေးဇူးတင်ပါတယ်။
မဂၤလာပါ… ကြၽန္မဒီစာကို အႀကိမ္ႀကိမ္စဥ္းစားၿပီးမွေရးခဲ့တာပါ….
ရင္ဖြင့္ခ်င္တာေရာ ရင္ထဲမွာ သိမ္းဆည္းထားခဲ့တဲ့ နာက်င္မႈေၾကာင့္ေရာ ေရးျဖစ္တာပါ..
စာနည္းနည္းရွည္သြားရင္ သည္းခံေပးပါေနာ္..
ကြၽန္မအသက္ ၂၈ ႏွစ္ရွိပါၿပီ..
အရင္ကေတာ့ ဘဏ္ဝန္ထမ္းတစ္ဦးပါ။
ကြၽန္မဘဏ္မွာ အလုပ္လုပ္ရင္းကေန အဲ့လူနဲ႔ စေတြ႕ဖူးခဲ့ပါတယ္။အဲ့အခ်ိန္က ကြၽန္မ ၂၃ႏွစ္ပါ။
အဲ့တုန္းကေတာ့သူလည္း ဘဏ္ဝန္ထမ္းပါ။အဲ့အခ်ိန္က သူ႔မွာ တြဲေနတဲ့သူရွိေတာ့ ဒီတိုင္းအသိတေယာက္အေနနဲ႔ပဲေနပါတယ္။
ေနာက္ပိုင္းကြၽန္မကလည္း ကိုယ့္အလုပ္ေတြ ၊ေက်ာင္းကိစၥေတြနဲ႔ သူ႔ကိုလည္း ေမ့သြားပါတယ္။
သူအလုပ္ထြက္ၿပီး နယ္ျပန္တာေတာင္ မသိခဲ့ဘူး။၃ႏွစ္ေလာက္ၾကာသြားမယ္ထင္တယ္။
အဲ့အခ်ိန္အတြင္းမွာ သူညဘက္ တခါ ကြၽန္မဆီ ဖုန္းဆက္တာရွိခဲ့တယ္။ ကြၽန္မသူ႔ဆီ တခါဆက္ဖူးတယ္။
အလုပ္ကိစၥတခုေမး႐ုံဆက္တာပါပဲ။အဲ့အခ်ိန္ကသူ႔ရည္းစား လာကိုင္ေတာ့ ဘာမဟုတ္တဲ့ ကိစၥေတြနဲ႔ စကားေတြေျပာရမွာစိုးေတာ့ ဖုန္းမွားတယ္ေျပာၿပီး ျပန္ခ်လိုက္တယ္..
အဲ့(၃)ႏွစ္အတြင္းမွာ ရွိခဲ့တဲ့ အဆက္အသြယ္က အဲ့ဒါအကုန္ပါပဲ။
အဲ့လိုကေန လြန္ခဲ့တဲ့ ၂ႏွစ္မွာေတာ့ သူနဲ႔ အဆက္အသြယ္ရစရာ ကိစၥေတြ အေၾကာင္းဖန္လာပါေတာ့တယ္။
မျဖစ္မေနစကားေျပာရမယ့္ ကိစၥေတြကို ေျပာၾကဆက္သြယ္ၾကရင္းနဲ႔ ညဘက္ေတြ အခ်ိန္ေပးဖုန္းေျပာၾကတဲ့အေျခအေနထိျဖစ္လာခဲ့ပါတယ္။
အဲ့အခ်ိန္မွာ သူကြၽန္မကိုေျပာလာတာက သူ႔ရည္းစားနဲ႔ ျပတ္ေၾကာင္းပါပဲ။ “အဆင္မေျပတာၾကာၿပီ၊ အဆက္အသြယ္ျပတ္ေနၿပီ”တဲ့။
ေနာက္ၿပီး သူနဲ႔လက္ထပ္ဖို႔ ေျပာလာတာပါပဲ။သူလုပ္ေနတဲ့အလုပ္ေတြ၊သူ႔ရဲ႕လက္ရွိအေနအထားအရ သူဟာ လိမ္ညာမယ့္သူမဟုတ္ဘူးလို႔ ယုံၾကည္ခဲ့ပါတယ္။
ေလးစားစရာေကာင္းတာေတြ လုပ္ေနတာကို။
အဲ့လိုကေန အမ်ားႀကီး မေလ့လာျဖစ္ေတာ့ဘဲ လက္ခံျဖစ္ခဲ့ပါတယ္။
ေလးစားယုံၾကည္စိတ္နဲ႔ သူ႔အလုပ္ေတြလည္းကူေပးရင္း သံေယာဇဥ္က တျဖည္းျဖည္းတြယ္လာတာပါပဲ။
အဲ့လိုကေန ကြၽန္မရွိတဲ့ေနရာကို သူေရာက္လာမယ့္ကိစၥေပၚလာေတာ့ သူေရာက္လာတယ္။
သူလိုအပ္သမွ် ကြၽန္မကူညီေပးတယ္။လိုအပ္ခ်က္မရွိေစရေအာင္ သူ႔အတြက္အစစအရာရာျဖည့္ဆည္းေပးရင္း စည္းေက်ာ္ခဲ့တဲ့ အေျခအေနျဖစ္လာတယ္။
အဲ့အခ်ိန္မွာ ကြၽန္မဘဝမွာ အဲ့လိုစည္းေက်ာ္တာ ပထမဆုံးအႀကိမ္ပဲ..
အဲ့ေန႔ၿပီးေနာက္ေန႔က်မွ သူ႔ရဲ႕ရည္းစားကမျပတ္ေသးဘဲ ပို႔ထားတဲ့စာေတြကို ေတြ႕သြားၿပီး သူတို႔ျပႆနာတက္ၾကေရာ..
ကြၽန္မဆီလည္းသူ႔ရည္းစားက ဖုန္းဆက္လာတယ္။ ကြၽန္မကေတာ့ ရွင္းပါတယ္။
သူမ်ားရည္းစားလည္း မလုခ်င္ဘူး။အဲ့လိုမျပတ္ေသးတာလည္းမသိေသးလို႔ ျဖစ္လာတာ။
ေနာက္တခုက သူ႔ရည္းစားနဲ႔ျပတ္ပါၿပီေျပာတဲ့ အလိမ္အညာကို ယုံခဲ့တာဆိုေတာ့ ျပႆနာလည္း အရမ္းမျဖစ္ေနေတာ့ဘဲ “ဘာမွမပက္သပ္ဘူး အမ” လို႔ပဲ သူ႔ရည္းစားကို လိမ္လိုက္ေတာ့တယ္။
အဲ့လိုကေန သူလည္း သူ႔ေနရာသူျပန္သြားတယ္။
ကိုယ္ေရးကိုယ္တာကိစၥေတြ အဆက္အသြယ္မလုပ္ၾကေတာ့ဘဲေနလိုက္တယ္။
ဒါေပမယ့္ ကံကပဲ ျပန္တြန္းပို႔လား ဘာေၾကာင့္လဲ မသိခဲ့ဘဲ အဆက္အသြယ္လုပ္စရာ အလုပ္ကိစၥေတြက မျပတ္ခဲ့ဘူး။
အဲ့လိုနဲ႔အလုပ္ကိစၥေတြကေတာ့ ပုံမွန္ဆက္သြယ္ေနရ၊လုပ္ေနရတယ္။
အဲ့လိုကေန သူရွိေနတဲ့ေနရာကို ကြၽန္မလိုက္သြားရမယ့္ ကိစၥေတြေပၚလာတယ္။
ကြၽန္မကို လိုက္ခဲ့ဖို႔ေခၚခ်ိန္မွာ “ညီမေလးမရွိလို႔မရဘူးေလ၊သူအရမ္းပင္ပန္းေနၿပီ”တဲ့ အဲ့စကားနဲ႔ေခၚခဲ့တာပါ။
အလုပ္ကိစၥေတြကလည္း အေရးႀကီးေနေတာ့ ကြၽန္မလည္း အဲ့ေနရာကို ေရာက္သြားပါတယ္။
အဲ့လိုကေန အလုပ္ေတြလုပ္ရင္း အတူတူအၿမဲရွိေနေတာ့ သံေယာဇဥ္လက္က်န္ရွိတာက သံေယာဇဥ္ကပိုတိုးလာပါတယ္။
ကြၽန္မက ဘာေနေန လိုသမွ်ေနာက္ကေန လိုက္ျဖည့္ဆည္းေပးတတ္တဲ့ မိန္းမျဖစ္ေနေတာ့ သူ႔အတြက္အစစအရာရာ လိုေလေသးမရွိေစခဲ့ရဘူး။
အဲ့အခ်ိန္မွာတရက္သူ႔ဖုန္းကိုၾကည့္မိခ်ိန္ ကြၽန္မမလာခင္ေလးမွာတင္ သူ႔ရည္းစားနဲ႔ သူအဆက္အသြယ္ရွိေနေသးတာအျပင္၊
ေနာက္ထပ္အျခားမိန္းကေလးေတြရွိေသးတာပါ ထပ္ေတြ႕ခဲ့ရပါတယ္…တကယ့္ကို အႀကီးအက်ယ္အံ့ၾသမႈပါပဲ။
ကြၽန္မေရာက္ၿပီးေနာက္ပိုင္း သူအဆက္အသြယ္ေတြကို ဆင္ျခင္တာေတြ႕ရပါတယ္။
ကိုယ့္ေရွ႕မွာပဲေရွာင္တာလားမေျပာတတ္ဘူး။ကြၽန္မအေပၚလည္း ဂ႐ုစိုက္ပါတယ္။မအားတဲ့ၾကားကေန ဂ႐ုစိုက္ေပးပါတယ္။
ဒါမယ့္ ကြၽန္မကေတာ့ ကြၽန္မတာဝန္ယူထားတဲ့အလုပ္ကိစၥေတြကိုပဲ အာ႐ုံစိုက္ရင္းသူလိုတာေတြ လုပ္ေပးလိုက္တယ္။
မလိုရင္ဖယ္ေနလိုက္တယ္။အခ်ိန္တန္ျပန္မယ္အဲ့လိုပဲေနလိုက္ပါတယ္။
ေနာက္က် ကြၽန္မတို႔အလုပ္နဲ႔ေနရာေျပာင္းဖို႔ျဖစ္လာေတာ့ ကြၽန္မတို႔ အျခားသူေတြနဲ႔ သီးျခားေနရတဲ့ေနရာေရာက္သြားပါတယ္။
အဲ့မွာ ျပႆနာေတြ စျဖစ္ခဲ့ေတာ့တာပါပဲ…
ေနရာေျပာင္းတဲ့ဆီေရာက္တဲ့ညမွာပဲ ကြၽန္မတို႔ၾကားမွာ စည္းေက်ာ္တဲ့ ကိစၥ ထပ္ျဖစ္လာပါတယ္။
ေရွာင္ေနေပမယ့္ အေၾကာင္းေၾကာင္းနဲ႔ ျဖစ္လာခဲ့တာပါ။
(သူ႔ရည္းစားနဲ႔ မျပတ္ေသးတာေတြ၊ ေနာက္ၿပီး အျခားမိန္းကေလးေတြထပ္ရွိေနေသးတာ သိေပမယ့္မေရွာင္ႏိုင္ခဲ့တာေတာ့ ကြၽန္မအမွားပါပဲ…)
အဲ့ေနာက္ပိုင္းမွာ သူကြၽန္မကို ဂ႐ုစိုက္တာေတြ ပိုသိသာလာတယ္။
အလုပ္ေတြလည္း ပိုမ်ားလာတယ္။အဆင္ေျပတာေတြေရာ၊ မေျပတာေတြေရာေပါ့။
အဲ့လိုကေန ေနရာေျပာင္းၿပီး တလအၾကာမွာ ကြၽန္မမွာ ကိုယ္ဝန္ရွိေနတာသိလာပါတယ္…
ကိုယ္ဝန္ရွိေနတယ္လို႔ ရိပ္မိေတာ့ ေျပာျပခ်ိန္ စစ္ၾကည့္ေလတဲ့။
ျဖစ္လာေတာ့လည္း ျဖစ္လာတဲ့ အေလွ်ာက္ေပါ့တဲ့..
စစ္ၾကည့္ခ်ိန္မွာ တကယ္ ကိုယ္ဝန္ရွိေနတာပါပဲ။
သူ႔ကို စစ္ထားတာ ပထမဆုံးျပတဲ့အခ်ိန္မွာ “ျဖတ္ခ်လိုက္ရေအာင္”တဲ့…
ေနာက္တစ္ခြန္းက “စလာတည္းက $တလြဲပါကြာ” တဲ့ တကယ္အံ့ဩသြားတာ။
သူ႔လိုလူက ကြၽန္မကို လက္ထပ္ဖို႔ေျပာထားတဲ့သူ။ေလးစားယုံၾကည္ရတဲ့သူက အဲ့လိုေျပာလာတာ။
ကြၽန္မကေတာ့ ကြၽန္မရင္မွာျဖစ္ေနတဲ့ ကေလးကို ဘာေၾကာင့္ပဲရလာရလာ လက္မလႊတ္ႏိုင္ခဲ့ဘူး…
အဲ့လိုနဲ႔ မလုပ္ႏိုင္ဘူး တင္းခံရင္း..ေနာက္ဆုံး လက္ထပ္ၾကမယ္ ညီမေလးရယ္တဲ့..
“အကိုတို႔ အသက္ႀကီးရင္ ရန္ေတြဘာေတြမျဖစ္ေလာက္ပါဘူးေနာ္”ဆိုၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္သူေျပာခဲ့ေသးတယ္..
အဲ့လိုနဲ႔ ဘယ္ေန႔ ဘယ္ရက္ လက္ထပ္ၾကမယ္ ေျပာၿပီး ကြၽန္မကလည္း မိဘကို အေၾကာင္းၾကားၿပီး ျပင္ဆင္မယ္ေပါ့…
(သူ႔ကို လက္ထပ္မယ္ဆိုတာမွာ သူ႔အေပၚသံေယာဇဥ္ရွိတယ္၊ သူ႔မွာ မျပတ္ေသးတာေတြရွိတာ သိတယ္၊
ဒါေပမယ့္ ကြၽန္မမွာလည္း ေထာက္ထားရမယ့္ ကေလးရွိလာတာေၾကာင့္ လက္ထပ္ဖို႔ကို တင္းခံေနခဲ့တာ။
ကြၽန္မကေလးကို မိဘအစုံအလင္နဲ႔ ေပ်ာ္႐ႊင္ရတဲ့ ကေလးအျဖစ္ျပဳစုပ်ိဳးေထာင္ခ်င္တဲ့ အတၱေတာ့ ကြၽန္မဆီမွာ ရွိေနခဲ့တာ။
အတၱႀကီးတယ္ မွားခဲ့တယ္ဆိုရင္လည္း အဲ့အခ်ိန္မွာ ကေလးအတြက္ပဲေတြးမိခဲ့လို႔ပါ)
အဲ့အခ်ိန္မွာ လက္ထပ္စာခ်ဳပ္ေတြမွာၾက ေျပာၾကေနေပမယ့္ သူကေတာ့ သူ႔မိဘကိုလည္း မေျပာ၊ဘယ္သူ႔မွ ေပးမသိဘူး…
ဒါနဲ႔ “အကို မိဘကိုမေျပာဘူးလား”ဆိုေတာ့ “မလိုဘူး” တဲ့
တကယ္က ဘယ္သူ႔မွ မေျပာ ရင္မဆိုင္ဘဲ ကြၽန္မကို ခိုးၿပီး လက္ထပ္ဖို႔ လုပ္ခဲ့တာ..
ကြၽန္မကလည္း ခိုးၿပီး လက္ထပ္ခံရမယ့္ အဆင့္အတန္းမဟုတ္ဘူးဆိုၿပီး ျပႆနာေတြ ထပ္ျဖစ္ၾကျပန္ေရာ..
အဲ့လိုကေန သူ႔သူငယ္ခ်င္းတေယာက္ကို အက်ိဳးအေၾကာင္းေျပာျပေတာ့ သူ႔သူငယ္ခ်င္းက သူ႔ကို ေသေသခ်ာခ်ာေျပာျပၿပီး ပြင့္ပြင့္လင္းလင္း တာဝန္ယူ အမွားကို လက္ခံဖို႔ ေျပာျပတဲ့အခါ သူလုပ္မယ္ဆိုၿပီး စိတ္ေျပာင္းသြားတယ္
ေနာက္ေန႔မနက္မွာ သူ႔ရည္းစား၊ သူ႔မိဘကို အေၾကာင္းၾကားမယ္ဆိုၿပီးသူတစ္ေယာက္တည္း ဖုန္းသြားေျပာေတာ့တယ္။
အဲ့အခ်ိန္မွာ ၂နာရီေလာက္အၾကာမွာ ကြၽန္မဆီ ဖုန္းဆက္လာၿပီး သူရွိတဲ့ေနရာလိုက္လာဖို႔ လွမ္းေခၚခဲ့တယ္…
ကြၽန္မေရာက္သြားခ်ိန္မွာ “လက္ထပ္မယ့္ကိစၥကို ျပန္စဥ္းစားဖို႔…ကေလးကို လက္မခံဖို႔ ေျပာလာတယ္..
အဲ့အခ်ိန္မွာ တကယ့္ကို လူကငရဲက်ေနသလိုပါပဲ…
ေသခ်ာတာသည္..လက္မထပ္ဘူး၊ ကေလးကိူ ဖ်က္ခ်လိုက္ဆိုတာပါပဲ…ကြၽန္မက ကေလးကို လိုခ်င္ရင္ ကိုယ့္ဟာကိုပဲ ေမြးပါတဲ့… ”
တကယ့္ကို ႐ြံစရာေကာင္းေသာစကားပဲ။
ပတ္ဝန္းက်င္သိေအာင္ တြဲခဲ့တဲ့ ရည္းစားရွိတယ္၊ သူ႔ပုံရိပ္ရွိတယ္ ကေလးရွိသြားတဲ့ကိစၥနဲ႔လက္ညႇိဳးထိုးမခံခ်င္ခဲ့တာတဲ့။
ေျပာရရင္ အိပ္ေတာ့အိပ္မယ္ တာဝန္မယူဘူးဆိုတဲ့သေဘာ..
မိဘက လက္မခံတာလား..ရည္းစားက လက္မခံတာလား ကြၽန္မ ဘာမွမစဥ္းစားႏိုင္ခဲ့ပါဘူး..
မိဘကလက္မခံရေအာင္ ကြၽန္မအေနအထားက သူနဲ႔မွားၿပီး ကိုယ္ဝန္ရွိသြားခဲ့တာကလြဲရင္ ဦးေႏွာက္သုံးတဲ့စကားနဲ႔ေျပာရရင္ အဲ့လူနဲ႔ေတာင္မတန္ပါဘူး။ ကြၽန္မကအသာႀကီးပါ။
ဘယ္လိုပဲ ဆြဲထားပါေစ…ေနာက္ဆုံးေတာ့ သူဘာတာဝန္မွမယူခဲ့သလို၊ သူနဲ႔မဆိုင္သလို ထြက္သြားတာပါပဲ။
စိတ္အနာဆုံးက အဲ့လိုစိတ္မ်ိဳးအစတည္းကရွိခဲ့ရင္ လိမ္ညာၿပီး အေစာတည္းက လက္ထပ္ဖို႔ကိစၥေတြ ေျပာမလာခဲ့သင့္တာ။
ကိုယ္က တမင္တကာသူ႔ကို စႏိုက္ေၾကာ္ခဲ့တာေရာ၊ေနာက္ၿပီး သိသိရက္ရက္နဲ႔ ရေအာင္ယူခဲ့တာေရာမွ မဟုတ္တာ။
သူ႔ကိုတရားစြဲဖို႔လုပ္ခဲ့ေပမယ့္ တရားေရးယိုင္လဲေနတဲ့ ဒီကာလမွာ ဘာမွ လုပ္မရႏိုင္လို႔ မလုပ္ခဲ့ရဘူး။
ေနာက္ၿပီး သူ႔ေၾကာင့္ ဒါေတြ ျဖစ္ခဲ့တာ သိရက္နဲ႔ တစ္ခြန္းမွ မေတာင္းပန္ခဲ့တာပါပဲ…
အားနာေၾကာင္း၊ ေတာင္းပန္ေၾကာင္း တစ္ခြန္းေတာင္ မေျပာခဲ့ဘဲ အလုပ္ေတြ အားလုံးသိမ္းၿပီး ကန္ထုတ္သလို ျပန္လႊတ္ခဲ့တာပါပဲ…
ေနာက္ၿပီး သူနဲ႔ ဘာမွ မပက္သက္ခဲ့တဲ့ လူတေယာက္လို အျခားသူေတြနဲ႔ လက္ဝါး႐ိုက္ၿပီး ေစာ္ကားတိုက္ခိုက္ခဲ့တာပါပဲ..
တကယ့္ကို စိတ္ဒဏ္ရာေပါင္းမ်ားစြာနဲ႔လဲက်ၿပီး ျပန္ၿပီး႐ုန္းထႏိုင္ေအာင္ တစ္ႏွစ္ၾကာေနတာေတာင္မနည္းႀကိဳးစားေနရဆဲပါပဲ..
ကေလးနဲ႔ ကိုယ့္အတြက္နာက်င္ရတာကတစ္ဖက္၊သူ႔ေၾကာင့္စိတ္ထိခိုက္ခံစားရတာကတစ္ဖက္တဲ့ တကယ့္ကို အလူးအလဲပါပဲ။
ကြၽန္မက ခံစားရသမွ်ကို ဖြဲ႕ႏြဲ႕ၿပီး မေရးတတ္လို႔သာ ဘာမွမဟုတ္ဘူး ထင္ေကာင္း ထင္ႏိုင္ေပ
မယ့္ ကြၽန္မအတြက္ Trauma ေပါင္းမ်ားစြာပါပဲ။
(ကေလးေလးကေတာ့ ကြၽန္မဆီမွာၾကာၾကာမေနႏိုင္ခဲ့ပါဘူး။
သူ႔ကိုမလိုခ်င္တဲ့ သူေၾကာင့္နာက်င္ခံစားေနရတာ သူလည္းမၾကည့္ရက္ခဲ့ဘူးလို႔ပဲထင္ပါတယ္၊ကြၽန္မေတာ့ရင္ကြဲရတာေပါ့)
အမ်ားႀကီး ႀကိဳးစား ႐ုန္းကန္ရင္း အဆင္ေျပေအာင္ႀကိဳးစားေနရတယ္။
အခုအခ်ိန္ထိ သူ႔နာမည္၊ သူ႔ပုံရိပ္ေတြ႕လိုက္ရင္ ရင္ထဲမွာ တဆစ္ဆစ္နဲ႔ နာသလို အသက္ရႉၾကပ္လာတုန္းပါပဲ။
လြန္ခဲ့တဲ့ တႏွစ္တာလုံး မ်က္ရည္ေတြနဲ႔ အိပ္မေပ်ာ္တဲ့ညေတြကို ေက်ာ္ျဖတ္ခဲ့ရင္း ေနာက္ဆုံးအေနနဲ႔ျဖစ္ျဖစ္ ေရးႏိုင္သေလာက္ ဒီအေၾကာင္းအရာကို ရင္ဖြင့္ဖို႔ အားယူႀကိဳးစားခဲ့ရတာပါ။
ဒီစာကိုေတာင္ တဆက္တည္းမေရးႏိုင္လို႔ မနည္းအားယူၿပီး ေျဖးေျဖးခ်င္းေရးခဲ့ရတာပါ။
ကြၽန္မေရးတဲ့စာေၾကာင့္ ကြၽန္မလည္း စိတ္ထဲက မြန္းၾကပ္ေနတာေတြ နည္းနည္းေလ်ာ့သြားသလို ဖတ္မိတဲ့ ညီမေတြ၊
အမေတြအေနနဲ႔လည္း ဒီလို မ်က္ႏွာအမ်ိဳးမ်ိဳးနဲ႔ ေယာက်ၤားမ်ိဳးကို ေရွာင္ရွားႏိုင္တယ္ဆိုရင္ ကြၽန္မေရးရက်ိဳးနပ္ပါၿပီ..
ေက်းဇူးတင္ပါတယ္။