ကျမအကြောင်းက ဘယ်ကဘယ်လိုစပြောရမလဲတောင်မသိတော့ပါဘူး
ကျမအသက်က 47နှစ်ပါ အမျိုးသားကတော့ 40 ပါ
10 နှစ်အရွယ်သားတစ်ယောက်ရှိပါတယ် အိမ်ထောင်သက်က 11 နှစ်ကျော်ပါ
ကျမမှာပြောစရာအကြောင်းအရာတွေကများပါတယ်ရှင့်
ယေင်္ကျားကယူကာစကတော့ မဆိုးရှာဘူးပေါ့ ရိုးရိုးအေးအေးကြီးမို့ ယုံပီးယူလိုက်ပါတယ်
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစ အလုပ်လုပ်လည်းဘာတစ်ခုမှမမြဲ
ငွေကလည်း တစ်လကိုမှ တစ်သိန်းနဲ့တစ်သိန်းကျော်ဝန်းကျင်ပဲအပ်တယ်
ဒါလည်းမမှန်ပါဘူး တစိသောင်းပေး နှစ်သောင်းပေး ကျမမှာ အတော်စိတ်မောရပါတယ်
ဆန်ဖိုးသာသာငွေနဲ့ကျမဘဟ်လိုရပ်တည်မလဲတွေးကြည့်ပါရှင်.
ကျမမှာ မောင်နှမတွေကြား မျက်နှာငယ် ငွေချေးပြန်တော့လည်း ပြန်ကမဆပ်နိုင် အချ်ု့လတွေကျ ကြက်ဥဖိုးတာခက်
အာ့လိုငွေမရှာနိုင်လို့ အသောက်အစားကင်းလားဆိုတော့လည်း မူးလာပီဆို ထိုးအိပ်
မူးလာပီဆို ပြောချင်တာတွေပြော ဘယ်ဘက်ကရှိရှိ စိတ်ချမ်းသာစရာမရှိ
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကောင်မလေးတစ်ယောက်နဲ့တွဲနေတယ်လို့ သတင်းကြားတယ် ကျမမယုံခဲ့ဘူး
အိမ်ထောင်သက်လည်းကြာပီဆိုတော့ မလုပ်လောက်ဘူးထင်တာပေါ့ အရင်ကလည်း ဘာသံမှမကြားဘူးတော့
ဒါမဲ့ နောက်ပိုင်း ကျမ ဖုန်း သုံးခါလောက်မိဖူးတယ် ကျမ ကိုင်မိလိုက်တာတွေပေါ့
မေးတော့ ဟိုလိုလိုဒီလိုလို အဆက်အသွယ်ဖြတ်ဟန်ဆောင် ပီးတော့ ခိုးတွဲတာပါပဲ
ကျမလည်းသူ့ကိုအချိန်ပြည့်ဘယ်ကြည့်နိုင်မလဲ အိမ်အလုပ် ကလေးအလုပ် စားဖို့လည်းပူရ မောင်နှမတွေဆီချေးရ တာအပြင်
သူ့ဟာမ နဲ့ပြတ်မပြတ်လိုက်ကြည့်နိုင်မလား
ကျမခုလိုပြောနေတာက သဝန်တိုလိုတို့ ဘာတို့ညာတို့ရယ်မဟုတိ ကျမတို့က လင်မယားလိုအတူမနေတာလညိး သုံးနှစ်ကျော်ပီ
ဒါမဲ့အတူမနေတိုင်း အသက်ကြီးတိုင်း ကျမက ဖောက်ပြန်လည်းခံ ငွေလည်းမရှာနိုင်
မူးရူးသောက်စားပီး မောင်နှမဆွေမျိုးတွေကြားမျက်နှာငယ်စရာဖြစ်ရတော့မလား
အဒေါ်ကိုရင်ဖွင့်မိတော့ နင်ကမယူခင်ကတည်းကတွေးပါလား အသက်လည်းကွာပီး
နဂိုထဲက လုပ်ရည်ကိုယ်ရည်ကြည့်ပါလားတဲ့
မယူခင်ကသိရင်ယူမလား အရင်ကတော့ ခပ်အေးအေးပဲလေ
ခုကျမအဖြသ်ကကြည့်ပါဦး ငွေမရှာဘူး
အရက်သောက်တယ် မူးတယ် ရူးတယ် အိမ်မပြန်တဲ့ရက်မပြန်ဘူး အကြောင်းလည်းမကြားဘူး
မိန်းမတစ်ယောက်နဲ့တွဲနေတယ် မောင်နှမကြားလည်းမျက်နှာငယ် အချို့နေ့ဆို ကျမ ဆန်တောင်မရှိဘူး
ကျမ ဒါတွေအားလုံးကိုမခံစားချငိတော့ဘူး ကျမ ဘာလုပ်သင့်လဲ
ကွာသင့်သလား ဆက်ပေါင်းသင့်သလားရှင်
အခမဲ့လေးတင်ပေးပါရှင်
ကျမမှာ မောင်နှမတွေကြား မျက်နှာငယ် ငွေချေးပြန်တော့လည်း ပြန်ကမဆပ်နိုင် အခ်ျု့လတွေကျ ကြက်ဥဖိုးတာခက်