မဂ်လာပါ မင်မင်ရှင့်
ဒီရက်ပိုင်း ညီမစိတ် ညီမအတွေးတွေထဲမှာ ဖြစ်နေတာလေးတွေ ဒီထဲက မမတွေ ညီမတွေကို ညီမ ရင်ဖွင့်ချင်လို့ပါ
ညီမ ရင်ဖွင့်စာလေးရှည်ခဲ့ရင်လဲ စိတ်ရှည်ရှည်နဲ့သေချာဖတ်ပြီး ညီမကို အကြံဉာဏ်လေးတွေပေးကြပါဦးနော်
ညီမက အညာဘက်ကပါရှင့်
ညီမမှာအဖေအမေလဲရှိတယ် မောင်နှမတွေလဲအများကြီးရှိတဲ့ထဲက ညီမက အငယ်ဆုံးပါ
ညီမတို့က တောင်သူအလုပ်လဲလုပ်တယ် အိမ်မှာလဲ ကုန်စုံဆိုင်ဖွင့် ဈေးရောင်းပါတယ်ရှင့်
တောင်သူအလုပ်ဆိုတာလဲအမတို့ရယ် ဘိုးစဉ်ဘောင်ဆတ်လုပ်ခဲ့တဲ့အလုပ်မို့သာ လုပ်နေရတာ
တောင်သူအလုပ်က ချမ်းသာလောက်အောင် အမြတ်မကျန်ဘူးဆိုတာတော့ ယာလုပ်ဖူးတဲ့ သူတွေသာအသိဆုံးပါ
ဒီနှစ်ဆို မိုးလေဝသက ထင်သလိုမဟုတ် တစ်ခါမှမကြုံဖူးလောက်အောင်ကို ခေါင်ပစ်တော့ တစ်ချို့တောင်သူတွေဆို အရင်းတောင်ရှုံးကြပါတယ်
အဲဒါ တောင်သူအလုပ်ကလဲ ပင်ပန်းသလောက် မရ ယာလုပ်မယ့် အကိုအမတွေအိမ်မှာရှိတယ်
ညီမအထက်က အမကလဲ ဈေးရောင်းတာ စိတ်ချရပါတယ် ညီမက အပြင်ကို အလုပ်လုပ်သွားချင်ပါတယ်
ရွာထဲမှာ အခုဆို လူငယ်အတော်များများခရီးသွားကြတယ် ဂျပန်သင်တန်းတတ်ကြတယ်
ထိုင်း ကိုးရီးယား သွားတဲ့သူက သွားကြ ရောက်ကြလို့ ပိုက်ဆံတွေ အိမ်ကိုပေးနိူင်ကြပြီ
ညီမက အဲလူတွေကိုအားကျပြီး ဖုန်းဆတ်စုံစမ်းလုပ်ရင်ကို အမေက ဘေးကကြည့်ပြီး မျက်နှာမသာဘူး
တစ်ခါတစ်လေဆို မျက်ရည်ပါကျပါတယ်(ခွဲနေစလဲမရှိ စားနိူင်သောက်နိူင်လဲ ရှိနေတော့ ဘယ်ကိုမှ ခရီးမသွားစေချင်ပါဘူး)
ပိုက်ဆံတွေအများကြီးရအောင် နိုင်ငံရပ်ခြားအလုပ် လုပ်သွားချင်ပေမယ့် ကိုယ့်မိဘ စိတ်ဆင်းရဲအောင်လုပ်နေသလိုဖြစ်မှာလဲ မလိုလားပါဘူး
အဲလို ခွင့်တောင်းပါများလာတော့ အစကလို ခါးခါးသီးတော့မဟုတ်တော့ဘူး နိုင်ငံခြားထိတော့ မသွားပါနဲ့တဲ့
ရန်ကုန်ကိုယ့်အကိုတွေရှိတဲ့ ရန်ကုန်လောက်ပဲသွားချင်သွားပါတဲ့ အကိုတွေလုပ်တဲ့နေရာကလဲ လူသစ်မလိုသေးဘူးတဲ့
တစ်ခြားအလုပ်ရှာခိုင်းထားတာလဲ ဘာအလုပ်ရမယ်ဆိုတာ အကြောင်းမပြန်သေးပါဘူး
ဟိုအရင် ညီမရည်ရွယ်ချက်က ဒီနှစ်နွေပေါက်ရင်တော့ အဂ်လိပ်စကားပြောသင်တန် းတတ်မယ်တွေးထားတာ
ဝါသနားလဲအရမ်းပါပါတယ်
ညီမက အတန်းပညာ ၇ တန်းထိပဲတတ်ခဲ့ရပါတယ် အသက်က 26 ရှိပါပြီ
ပြန်စဉ်းစားကြည့်တော့ ကိုယ်ဝါသနာပါတာကို အလုပ်လုပ်ရင်း လေ့လာမယ်ပေါ့
အိမ်ကို ပိုက်ဆံတွေ အများကြီးပေးနိူင်အောင် အလုပ်ကိုအရင်လုပ်မယ်ဆိုပြီး အလုပ်လုပ်ဖို့ အတွေးကိုပြောင်းလိုက်တာပါ
ညီမက လောဘကြီးတယ်ပဲပြောရမလားမသိ သူများအလုပ်မှ လုပ်ရမှာအတူဆိုရင် အရမြန် အရများတဲ့ နိုင်ငံရပ်ခြားကိုသွားပြီး အလုပ်လုပ်ချင်တာ
(အခုလိုပြောတာ ကိုယ့်နိုင်ငံကို ပုတ်ခတ်တဲ့သဘောမျိုးမဟုတ်ပါဘူး)
ကိုယ့်နိုင်ငံမှာပဲလုပ်ရမယ်ဆိုလဲ ကိုယ်ပိုင်အလုပ်လေးသာ လုပ်ချင်တယ်ပေါ့နော်
ညီမရဲ့ အားနည်းချက်က မြို့ရေကလဲ သိပ်မလည်သေးအဲလိုဖြစ်နေပါတယ်
ည ညဆို အဲလို အတွေးတွေ အမျိုးမျိုးနဲ့ အားမလိုအားမရဖြစ်တဲ့စိတ်တွေနဲ့ မပျော်ရွှင်ရတာလဲ ကြာပါပြီ
မိဘစိတ်ချမ်းသာအောင်လဲ ထားချင်တယ်
ပိုက်ဆံတွေရအောင်လဲ ခရီးထွက်အလုပ် လုပ်ချင်တယ်
ကိုယ်ပိုင်အလုပ်ဆိုရင်ရော ရန်ကုန်မှာ ဘယ်လိုအလုပ်ကသင့်လဲ အလုပ်ဝင်ရင်ရော ဘယ်လိုအလုပ်ကသင့်လဲ
ကျေးဇူးပြုပြီး ညီမအတွေးတွေကို ဖြေရှင်းပေးကြပါနော်
မဂ္လာပါ မင္မင္ရွင့္
ဒီရက္ပိုင္း ညီမစိတ္ ညီမအေတြးေတြထဲမွာ ျဖစ္ေနတာေလးေတြ ဒီထဲက မမေတြ ညီမေတြကို ညီမ ရင္ဖြင့္ခ်င္လို႔ပါ
ညီမ ရင္ဖြင့္စာေလးရွည္ခဲ့ရင္လဲ စိတ္ရွည္ရွည္နဲ႔ေသခ်ာဖတ္ၿပီး ညီမကို အႀကံဉာဏ္ေလးေတြေပးၾကပါဦးေနာ္
ညီမက အညာဘက္ကပါရွင့္
ညီမမွာအေဖအေမလဲရွိတယ္ ေမာင္ႏွမေတြလဲအမ်ားႀကီးရွိတဲ့ထဲက ညီမက အငယ္ဆုံးပါ
ညီမတို႔က ေတာင္သူအလုပ္လဲလုပ္တယ္ အိမ္မွာလဲ ကုန္စုံဆိုင္ဖြင့္ ေဈးေရာင္းပါတယ္ရွင့္
ေတာင္သူအလုပ္ဆိုတာလဲအမတို႔ရယ္ ဘိုးစဥ္ေဘာင္ဆတ္လုပ္ခဲ့တဲ့အလုပ္မို႔သာ လုပ္ေနရတာ
ေတာင္သူအလုပ္က ခ်မ္းသာေလာက္ေအာင္ အျမတ္မက်န္ဘူးဆိုတာေတာ့ ယာလုပ္ဖူးတဲ့ သူေတြသာအသိဆုံးပါ
ဒီႏွစ္ဆို မိုးေလဝသက ထင္သလိုမဟုတ္ တစ္ခါမွမႀကဳံဖူးေလာက္ေအာင္ကို ေခါင္ပစ္ေတာ့ တစ္ခ်ိဳ႕ေတာင္သူေတြဆို အရင္းေတာင္ရႈံးၾကပါတယ္
အဲဒါ ေတာင္သူအလုပ္ကလဲ ပင္ပန္းသေလာက္ မရ ယာလုပ္မယ့္ အကိုအမေတြအိမ္မွာရွိတယ္
ညီမအထက္က အမကလဲ ေဈးေရာင္းတာ စိတ္ခ်ရပါတယ္ ညီမက အျပင္ကို အလုပ္လုပ္သြားခ်င္ပါတယ္
႐ြာထဲမွာ အခုဆို လူငယ္အေတာ္မ်ားမ်ားခရီးသြားၾကတယ္ ဂ်ပန္သင္တန္းတတ္ၾကတယ္
ထိုင္း ကိုးရီးယား သြားတဲ့သူက သြားၾက ေရာက္ၾကလို႔ ပိုက္ဆံေတြ အိမ္ကိုေပးႏိူင္ၾကၿပီ
ညီမက အဲလူေတြကိုအားက်ၿပီး ဖုန္းဆတ္စုံစမ္းလုပ္ရင္ကို အေမက ေဘးကၾကည့္ၿပီး မ်က္ႏွာမသာဘူး
တစ္ခါတစ္ေလဆို မ်က္ရည္ပါက်ပါတယ္(ခြဲေနစလဲမရွိ စားႏိူင္ေသာက္ႏိူင္လဲ ရွိေနေတာ့ ဘယ္ကိုမွ ခရီးမသြားေစခ်င္ပါဘူး)
ပိုက္ဆံေတြအမ်ားႀကီးရေအာင္ ႏိုင္ငံရပ္ျခားအလုပ္ လုပ္သြားခ်င္ေပမယ့္ ကိုယ့္မိဘ စိတ္ဆင္းရဲေအာင္လုပ္ေနသလိုျဖစ္မွာလဲ မလိုလားပါဘူး
အဲလို ခြင့္ေတာင္းပါမ်ားလာေတာ့ အစကလို ခါးခါးသီးေတာ့မဟုတ္ေတာ့ဘူး ႏိုင္ငံျခားထိေတာ့ မသြားပါနဲ႔တဲ့
ရန္ကုန္ကိုယ့္အကိုေတြရွိတဲ့ ရန္ကုန္ေလာက္ပဲသြားခ်င္သြားပါတဲ့ အကိုေတြလုပ္တဲ့ေနရာကလဲ လူသစ္မလိုေသးဘူးတဲ့
တစ္ျခားအလုပ္ရွာခိုင္းထားတာလဲ ဘာအလုပ္ရမယ္ဆိုတာ အေၾကာင္းမျပန္ေသးပါဘူး
ဟိုအရင္ ညီမရည္႐ြယ္ခ်က္က ဒီႏွစ္ေႏြေပါက္ရင္ေတာ့ အဂ္လိပ္စကားေျပာသင္တန္ းတတ္မယ္ေတြးထားတာ
ဝါသနားလဲအရမ္းပါပါတယ္
ညီမက အတန္းပညာ ၇ တန္းထိပဲတတ္ခဲ့ရပါတယ္ အသက္က 26 ရွိပါၿပီ
ျပန္စဥ္းစားၾကည့္ေတာ့ ကိုယ္ဝါသနာပါတာကို အလုပ္လုပ္ရင္း ေလ့လာမယ္ေပါ့
အိမ္ကို ပိုက္ဆံေတြ အမ်ားႀကီးေပးႏိူင္ေအာင္ အလုပ္ကိုအရင္လုပ္မယ္ဆိုၿပီး အလုပ္လုပ္ဖို႔ အေတြးကိုေျပာင္းလိုက္တာပါ
ညီမက ေလာဘႀကီးတယ္ပဲေျပာရမလားမသိ သူမ်ားအလုပ္မွ လုပ္ရမွာအတူဆိုရင္ အရျမန္ အရမ်ားတဲ့ ႏိုင္ငံရပ္ျခားကိုသြားၿပီး အလုပ္လုပ္ခ်င္တာ
(အခုလိုေျပာတာ ကိုယ့္ႏိုင္ငံကို ပုတ္ခတ္တဲ့သေဘာမ်ိဳးမဟုတ္ပါဘူး)
ကိုယ့္ႏိုင္ငံမွာပဲလုပ္ရမယ္ဆိုလဲ ကိုယ္ပိုင္အလုပ္ေလးသာ လုပ္ခ်င္တယ္ေပါ့ေနာ္
ညီမရဲ႕ အားနည္းခ်က္က ၿမိဳ႕ေရကလဲ သိပ္မလည္ေသးအဲလိုျဖစ္ေနပါတယ္
ည ညဆို အဲလို အေတြးေတြ အမ်ိဳးမ်ိဳးနဲ႔ အားမလိုအားမရျဖစ္တဲ့စိတ္ေတြနဲ႔ မေပ်ာ္႐ႊင္ရတာလဲ ၾကာပါၿပီ
မိဘစိတ္ခ်မ္းသာေအာင္လဲ ထားခ်င္တယ္
ပိုက္ဆံေတြရေအာင္လဲ ခရီးထြက္အလုပ္ လုပ္ခ်င္တယ္
ကိုယ္ပိုင္အလုပ္ဆိုရင္ေရာ ရန္ကုန္မွာ ဘယ္လိုအလုပ္ကသင့္လဲ အလုပ္ဝင္ရင္ေရာ ဘယ္လိုအလုပ္ကသင့္လဲ
ေက်းဇူးျပဳၿပီး ညီမအေတြးေတြကို ေျဖရွင္းေပးၾကပါေနာ္