ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၅၈

Gpထဲ စီနီယာအစ်မ အစ်ကိုတို့ကို အကြံညဏ်တောင်းချင်လို့ပါရှင့်။

ညီမက တိုင်းရင်းသူမလို့ စာသိပ်မရေးတတ်တော့ သည်းခံပီး ဖတ်ပေးကြပါနော်။

ညီမက 23နှစ် အမျိုးသားက 27နှစ် ရှိပါပီ။

ညီမတို့ အိမ်ထောင်သက်တမ်း 2နှစ်ပြည့်တော့မှာပါ။

အိမ်ထောင်းရေးက ဆိုးတစ်ဝက် ကောင်းတစ်ဝက်နဲ့ ညီမ အကြံညဏ်တောင်းချင်တာပါ။

ညီမက အကြီးဆုံးသမီးဖစ်ပီး ညီမအမျိုးသားက အငယ်ဆုံးဆိုတော့ သူ့တို့ဘက် လိုက်နေရပါတယ်။

ညီမအမျိုးသားက ညီမအပေါ် ကောင်းသလိုလိုနဲ့ ဆိုးကွက်လည်းရှိပါတယ်။

ဆိုးတာတစ်ခုက ညီမတို့ အိမ်ထောင် စကျကတည်းက ခုထိ လောင်းကစား လုပ်နေပါတယ်

နှစ်နှစ်နီးပါးရှိပီ ဒ့ကို ညီမဘက်က ချော့ပီးလည်း အကြိမ်ကြိမ်ပြောခဲ့ပါတယ် ကြမ်းပီးလည်း ကွဲမယ် ဘာညာပေါ့ရှင့် ဒ့လည်း အလောင်းကစား မဖြတ်နိုင်ပါဘူး

ကြာလာတော့ ညီမက ဘားးကိုမှ မပြောတော့ဘဲ လွတ်ထားလိုက်ပါတယ်။

တခါတလေ သူဖြုန်းတာများပီးတော့ လုပ်ငန်းတွေ ကောင်းကောင်းမလည်နိုင်တော့ဘူးအခါမျိုးလည်း သူဒေါသတွေ ထွက် စိတ်တိုတာတွေ လုပ်ပါတယ်

ညီမကိုတော့ သူမပြောရဲပါဘူး သူ့ဟာနဲ့သူ ရွတ်ပြော ဒေါသထွက်နေပါတယ်။ ကြာလာတော့ ညီမလည်း စိတ်ပျက်လာတယ်။

နောက်တစ်ခုက ညီမ သူနဲ့ အိမ်ထောင်ကျကတည်းက အလောင်းကစားလည်း လုပ်သလို အပြင်ညတိုင်း နီးပါး သွားပါတယ်။

တခါတရံ မိုးလင်းပေါက်တဲ့ ထိ နေပါတယ်။ ညမက ဘလိုနည်းနဲ့ဘဲ ကြိုးစားပီးပြောပြော မရတော့ လွတ်ထားပါတယ်

ညီမက ဘားမှမပြောဘဲနေပြန်တော့လေ ယောက်ခထီးက ညီမကို အမျိုးမျိုး မကြာခန လာပြောတော့ ညီမမနေချင်တော့ဘူး ထွက်သွားချင်မိပါတယ်။

ဒါက ကိုယ့်ရဲ့ အမျိုးသားဆိုးတာဘဲ ရင်ဖွင့်မှာပါ ယောက်ခထီးက အသောက်သမားပါ

မူးရင် “အကုန်ခွဲ အကုန်ပစ် “အ့လိုပါ။ ဒါပေမယ့် ညီမ ယောက်ခထီးဘလောက်ဆိုးဆိုးသည်းခံနိုင်တယ်ဆိုပေမယ့် အမျိုးသားက အလောင်းကစားလည်းမက် အပေါင်းသင်းလည်းမက်တော့ ညီမ မနေချင်တော့ပါဘူး။

ညီမပို ခံစားရတာတစ်ခုက”ပျော်ရာကိုမနေဘဲ တော်ရာကိုနေနေရတာတွေ အမျိုးသားကိုချစ်လွန်းလို့

သူ့အိမ်လိုက်နေ အလုပ်လိုက်လုပ်ပေးနေတာတွေတောင် သူကစော်ကားလွန်းအားကြီးတယ်”ဆိုပီး ထွက်သွားချင်မိပါတယ်။

ညီမအကြိမ်ကြိမ်ထွက်သွားဖို့ ကြိုးစားကြည့်ပါတယ်။

တကယ်လို့ ညီမထွက်သွားလိုက်ရင် ညီမအမျိုးသားက ဒီထက်ပိုဆိုးသွားမှာ ကြောက်ပြန်နေရော၊

သူ့အဖေက အသောက်သမားဆိုတော့ သူတို့သားဖ ရန်သတ်မှာတွေရော တွေးပီး ထွက်မသွားရက်ပါဘူးရှင့်။

တစ်ခါတစ်လေပြန်တော့လည်း” ညီကို ကျောင်းထားပေးပီး ဘားကိုမှ ပြန်မထောက်ပံ့ပေးရသေးတဲ့ မိဘကို ထားခဲ့ရက်သေးတာဘဲ သူတို့ကို ဘာလို့ မထားခဲ့နိုင်ရမာလဲ ”

ဆိုပီး ထွက်သွားမယ် တွေးမိပြန်ပါတယ်။

အစက သူနဲ့ ယူပီး သူနဲ့ အလုပ်ကြိုးစားပီ မိဘကို ပြန်ထောက်ပံ့လို့ ရတာဘဲ ဆိုပီး ယူမိတာပါ။

ခုတော့ မိဘကို နှစ်ယောက်အတူတူ ရတဲ့ဝင်ငွေ ပေးဖို့နေနေသာသာ ကိုယ့်ဝင်ငွေနဲ့ Onlineပေါ်ဈေးရောင်းလို့ ရလာတဲ့အမြတ်နဲ့ မိဘကို နည်းနည်းပါးပါး ပေးတာတောင် သူကမပေးစေချင်ပါဘူး ။

မကြိုက်တဲ့ပုံစံနဲ့ ပြောပါတယ် အ့တာတွေ တွေးပီး ပိုပြီး သူ့ကို စိတ်ပျက်စေပါတယ်။

ကိုယ်ဆို မိဘလက်ထဲက ကျောင်းနေတယ် မိဘပိုက်ဆံဖြုန်းတယ် ဘားမှ ပြန်မလုပ်ပေးရသေးဘဲ

သူနဲ့အိမ်ထောင်ကျသွားလို့ ခုက မိဘကို တတ်နိုင်သလောက် ပေးကမ်းတာကို သူမကြိုက်တာတော့ သူလွန်တယ်လို့ ညီမတော့ ထင်ပါတယ်။

ဒါ့မှမဟုတ် ညီမက တစ်ကိုယ်ကောင်းဆန်သွားသလား

ညီမအမှားလား အကြံညဏ်ပေးကြပါအုံးနော်။

ကိုယ့်မိဘပေးတာကတော့ သူ့အဖေ 5ရက်စာ မရှိပါဘူးရှင်။ ညီမဒီလို မပြောကောင်းမှန်းသိပါတယ်🙏

ယောက်ခထီးမလို့ မကောင်းစိတ်နဲ့ ပြောနေတာလည်း မဟုတ်ပါဘူးရှင်

ယောက်ခထီးဆို တစ်လတစ်လ 5သိန်းဆို အနည်းဆုံး ထုတ်ပေးရတယ်ရှင့်

ဒါတောင် အလုပ်ဆို အမျိုးသားတစိယောက်ဘဲ လုပ်နေတာမျိုး မဟုတ်ပါဘူး နှစ်ယောက်အတူတူ နေပူထဲ အလုပ် အတူတူသွား အတူတူလုပ်ရတာပါ။

ကိုယ့်မိဘ တစ်ခါတလေ လေးငါးသောင်းပေးမယ်ဆို မျက်ရည်မျက်ခွက်နဲ့ စကားများရန်ဖစ်ရပါတယ်ရှင့်။

ခုဒီစာကိုရေးနေတာ ညသန်းခေါက်ယံ ရှိနေပါပီ အမျိုးသားက မနက်လက်ဖက်ရည်သောက်ထွက်တာ ခုချိန်ထိ ပြန်မလာသေးပါဘူးရှင့်

သူOnline ပေါ်က အလောင်းကစားလုပ်တာလည်းသိန်းချီနဲ့ လုပ်တော့ ညီမှာ နေပူထဲ ပင်ပန်းသမျှ ကြိုးစားသမျှ ဘားမှ အကျိုးမခံစားရပါဘူးရှင့်။

ကြာလာတော့ ပျော်ရွှင်မှုတွေ မရှိတော့ဘဲ ဝဋ်ကြီးတစ်ခုလို ခံစားနေရလို့ပါရှင့်

ခု ညီမ ထွက်သွားသင့်သလား ?

ညီမ ဒီထက် ရင့်ကျက်အောင်နေပီး ဆက်သည်းခံသင့်လားရှင့် ဆိုတာကို အစ်ကိုတို့ အစ်မတို့ အကြံညဏ်ပေးကြပါအုံးရှင့်








































