ညီမရင်ဖွင့်စာ လေးကို အကြံပြုပေးကြပါအုံးရှင်
ညီမနဲ့ညီမကောင်လေးက တွဲလာတာ ၇ နှစ်လောက်ရှိပါပြီ LSRS တွေပါ
အရင်ကတော့တယောက်ကိုတယောက်တန်ဖိုးထားချစ်ခဲ့ကျတာပါ
နှစ်ဖက်မိဘတွေအသိပေးပြီး ယူဖို့ထိရည်ရွယ်ထားတာပါရှင် ညီမတို့က hs ရှိပါတယ်
အခုပြဿနာတွေမဖြစ်ခင်ထိ အားလုံးအဆင်ပြေချောမွေ့ပါတယ်
ကြင်ကြင်နာနာလဲရှိပါတယ် အခုဖြစ်တဲ့ပြဿနာက ဝေးနေတော့ စိတ်မချသဝန်တိုတာရောသူအလုပ်မရှိတာတွေရော
ပြောပါများတော့ သူ့ယောကျာ်းသိက္ခာစော်ကားလို့ သူမပွေမရှုပ်ပဲ ညီမက သဝန်တိုစွပ်စွဲတာတွေ မခံနိုင်လို့
သူအမှားတွေကျူးလွန်နေတာပါ ညီမကတော့ ခနပဲစိတ်ဆိုးတယ်ထင်ပြီး အဝေးကနေစိတ်ချနေတာ
အခုသူက တခြားကောင်မလေးတွေနဲ့ အပျော်တွဲရင်း s*x ကိစ္စတွေပါရှိလာပါတယ်
အခုအဲတွဲတာတွေနဲ့အဆက်သွယ်ဖြတ်နေတာပါ
သူကအပျော်တွဲတာဆိုတော့ မယူနိုင်ဘူး ညီမပဲသူယူနိုင်တယ်တဲ့
ညီမကတော့မိတ်ဆွေတယောက်အနေနဲ့ အကြံပေးရင်ဆက်သွယ်နေတာပါ
သူကညီမကိုယူချင်တာ ညီမဘက်က သူ့ကို ပြန်တွဲပြီးလက်ထပ်ယူဖို့ စိတ်ထဲမှာ အဆင်မပြေတော့ဘူး
မသတည်ဘူးပဲဆိုပါတော့ရှင် ညီမ ဘယ်လိုလုပ်ရမလဲ
အချိန်ယူပြီး ခွင့်လွှတ်ပြီးပြန်တွဲသင့်လား သူအခြေနေကိုစောင့်ကြည့်သင့်လားရှင်
ညီမစိတ်ထဲမှာလွန်ဆွဲနေတာ ဝေခွဲမရတော့ဘူး
အရင်ကသူအဲလိုစိတ်ဓာတ်မဟုတ်ဘူး
ညီမကိုစိတ်နာလို့ လုပ်တာတဲ့ ညီမကိုကျေးဇူးပြုပြီးအကြံဥာဏ်လေးပေးပါအုံးရှင်