ကျမကလွန်ခဲ့တဲ့လေးနှစ်လောက်က ktvမှာလုပ်ဖူးပါတယ်
မိသားစုအတွက်ပါ အဲ့မှာသူနဲ့တွေ့တယ်
တွေ့တဲ့အချိန်မှာသူက ကျမကိုအဲအထဲကဆွဲထုတ်ပါတယ်
သူပြောတာကသူမှာအိမ်ထောင်ရှိတယ် ဒါပေမဲ့မပေါင်းပါဘူးတဲ့
ကလေးတွေအရှက်ရမှာဆိုးလို့တရားဝင်မကွဲတာရယ်
သူ့မိန်းမသားအိမ်ကင်ဆာဖြစ်နေတာရယ်ကြောင့်အတူမနေပါဘူးတဲ့
သူက ကျမထက်အသက်18နှစ်ကြီးပါတယ် ကျမသူ့ကိုအရမ်းချစ်တယ်
အဲ့ဒါကြောင့်သူပြောသမျှယူံပြီးကျမသူနဲ့ပေါင်းခဲ့တယ်
သူ့မိန်းမကလဲဘာမှမပြောရှာပါဘူး အခုပြသနာက သူက ကျမနောက်မှာထပ်ပြီးဖောက်ပြန်ပါတယ်
ဖောက်ပြန်တဲ့မိန်းမအိမ်ထောင်သည်ကလေးနှစ်ယောက်အမေပါ
လင်ကြီးငုတ်တူတ်ရှိပါတယ် အခုသူတို့ကမပြတ်နိုင်ဘူးငယ်ချစ်တွေတဲ့
ငယ်ငယ်လေးထဲကချစ်ခဲ့တာအခုမှပြန်တွေ့တာပါပဲ
သူ့ကိူဖြတ်ခိုင်းရင်ကျမကိုပါဖြတ်မယ်တဲ့ ကျမဘာဆက်လုပ်သင့်လဲ
ခက်တာကကျမကိုယ်တိုင်ကသူ့ကိုမပြတ်နိုင်ဘူးဖြစ်နေတယ်
ပေါင်းလာတာလဲလေးနှစ်ရှိပါပြီ ကျမအရမ်းခံစားရတယ်
သေမတက်ပဲဘာဆက်လုပ်ရမှန်းလဲမသိတော့ဘူးသေပဲသေခြင်တယ်
သူ့ကိုဖြတ်ခိုင်းရင်ကျမကိုပါဖြတ်မယ်တဲ့ ကျမဘာဆက်လုပ်သင့်လဲ