Hello မင်မင်ရှင့်….
ညီမက ၁၉နှစ် သူက ၃၅နှစ်ပါ. သူနဲ့ညီမက မြို့တစ်မြို့မှာ ဆုံတာပါ.. သူက မန်းလေးက ပါ..
သူနဲ့ချစ်သူတွေ ဖြစ်ပြီးတော့ သူက ညီမ ပုံတွေကို သူ့ Fb accမှာ Official တင်ပါတယ်..
statusတွေလည်း Tag တွဲပြီး အမြဲတင်ပါတယ်…
သူ့သူငယ်ချင်းတွေနဲ့ တွေ့တိုင်းလည်း ညီမကို ခေါ်သွားပါတယ်….
သူ့သူငယ်ချင်တွေကလည်း ညီမကို တော်တော်ခင်ကြပါတယ်….
ညီမရဲ့သူငယ်ချင်းတွေနဲ့လည်း သူခင်အောင် ပေါင်းပါတယ်..
သူ့ အမေနဲ့လည်း ဖုန်းပြောခိုင်းပါတယ်… သူရုံးသွားရင်လည်း တခါတလေ ခေါ်သွားပါတယ်….
သူ့ဆွေမျိုးတွေနဲ့လည်း မိတ်ဆက်ပေးပါတယ်…
ဒါပေမယ့် တရက်ကျတော့ သူ့ Fb cover photoမှာ အစ်မတစ်ယောက် ကလေးနဲ့တွဲရိုက်ထားတဲ့ပုံ တင်ခဲ့တယ်…
ဘယ်သူလဲ မေးတော့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတဲ့..
သူ့အကောင့်ပျက်သွားလို့ ခန ယူသုံးတာပါတဲ့… အဲ့ပုံတင်ပြီး နောက်ရက်ကျတော့ ညီမ ပုံပြန်တင်ပါတယ်….
သူ့Fbမှာ ညီမနဲ့တွဲရိုက်ထားတဲ့ ပုံတွေလည်း တင်ထားပါတယ်…..
သူ့အမေကလည်း လာတင်တောင်းမယ်လို့လည်း ပြောပါတယ်..
ဘယ်လိုထင်လဲ ညီမကို ကူစဥ်းစားပေးပါအုံး.. Move on လုပ်သင့်လား…
စာရေးတာ မဆီလျော်ရင် တောင်းပန်ပါတယ်ရှင့်….
Hello မင်မင်ရှင့်….