ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၆၆

ရင်ဖွင့်ချင်လို့ပါ gpထဲက မမတွေရေ အရမ်းလည်း မွမ်းကြပ်ပြီး အရမ်းလည်း ခံစားနေရလို့ပါ

ညီမ အိမ်ထောင်ကျတာ 2023 ခုနှစ်4လပိုင်း သကြန်အတက်နေ့ဆို 5လပြည့်တော့ပါမယ် တနှစ်ခွဲသမီးလေးရိပါတယ်

အိမ်ထောင်ကျပြီးတာနဲ့ တရက်မှ မပျော်ရွှင်ခဲ့ရပါဘူး

သူ့က ဝန်ထမ်းဆိုတော့ သူပြောင်းတဲ့နေရာတိုင်း ညီလိုက်နေရပါတယ်

အရိုက်နှပ်ခံ အ nate စက်ခံ အနှိမ့်ခံ ဘဝနဲ့ နေခဲ့ရတာပါ

မိဘဆင်ပေးတဲ့ လက်ဝတ် လက်စားတွေလည်း သူပဲ ရောင်းစားခဲ့တယ်

ကိုယ်ဝန် တစ်လရှိနေပြီပြောပြတော့ ရန်ဖြစ် ရိုက်နှပ်ပြီးတော့ ထားခဲ့ပါတယ်

သုံးရက်နေမှ အိမ်ပြန်လာတယ် ညီမက ဆယ်တန်းမအောင်ဘူး

သူက ပညာတက် ဘွဲ့ရဆိုပြီး အမြဲလိုလို နှိမ့်ချပြောဆိုခ့ဲရပါတယ် မူးပြီးရိုက်ခံရတာ နေ့တိုင်းပါပဲ

တမင်းတလုတ်စားရဖို့လဲ သူ့မျက်နှာ ကြည့်နေရတယ်

သူ့ကိုဆို ညီမ ခြေသည်း လက်သည်းကအစ အကုန်လိုက်လုပ်ပေးရတယ်မိန်းမလည်း အရမ်းရှူပ်ပါတယ်

ဖုန်းဆက်လည်း ဘယ်တော့မှမကိုင်ဘူး ဖုန်းကိုချချပြစ်တယ်

တခါလည်း ရန်ဖြစ်ပြီးစကားများတာ လည်းပင်းညှစ်တာ ညီမ မေ့တောင်လည်းသွားတယ်

ကလေးနဲ့လည်း အရိုက်ခံရတယ် ညီမ ဘာမှမပြောခဲ့ဘူး သမီးမျက်နှာကြည့်ပြီး ခွင့်လွှတ်ပေးတယ်

ခုဟာက ညီမ မခံနိုင်ဆုံးကတော့ ရည်းစားဟောင်းနဲ့ အမြဲတမ်း ဆက်သွယ်နေတာကိုပဲ

သူ့ရည်းစားဟောင်းကလည်း ကလေးနှစ်ယောက် အမေ နှစ်ခုလပ်

ဒါကို သူက ဘာတွေ မက်မောနေ တာလဲ ညီမ စဥ်းစားမရဘူး ဖြစ်နေတယ်

ညီမတို့ သားအမိနှစ်ယောက်ကိုဆိုလည်း အမြဲတမ်း အိမ်ပေါ်ကနှင်ချတယ်

ညီမလေ ဘယ်လောက်ထိ ဆုံးဖြတ်ချက်ချခဲ့လဲဆို ကိုယ့်ကို thet tay ဖို့ထိ ကြံခံဘူး တယ်

ခုလည်း ရည်းစားဟောင်းနဲ့ ပြန်ဆက်သွယ်နေလို့ အရမ်းစိတ်ညစ်နေရတယ်

ဘာလုပ်လို့လုပ်ရမှန်းလည်းမသိတော့ဘူး စာချေသွား ခွင့်လွှတ်ပေးပါရှင့် ရင့်ဖွင့်ရမယ့်သူ မရှိလို့ပါ









သူက ပညာတက် ဘွဲ့ရဆိုပြီး အမြဲလိုလို နှိမ့်ချပြောဆိုခဲ့ရပါတယ် မူးပြီးရိုက်ခံရတာ နေ့တိုင်းပါပဲ











