အစ်မတို့ ညီမတို့ရေ
ကျမအမျိုးသားလဲဖောက်ပြန်နေတယ်
ကျမကရုပ်ချော ပညာတတ်တစ်ယောက် အမျိုးသားဘက်တစ်မျိုးလုံးနဲ့အဆင်ပြေ အကုန်ချစ်ကြ ကိုယ်ရည်သွေးတာမဟုတ်ပါရှင့်
အမျိုးသားကလဲ ဥစ္စာပေါ ရုပ်ချောပညာတတ်တစ်ယောက်ပါပဲ
အမျိုးသားနဲ့ကအသက်18နှစ်လောက်ထဲကချစ်လာတဲ့ ငယ်ချစ်တွေပေါ့ရှင်
တယောက်နဲ့တယောက်5နှစ်လောက်တွဲ လေ့လာပြီးမှ လက်ထပ်ကြတာပါ
လက်ထပ်ပြီးမှ ငါးပါးမှောက်သွားပါတယ်
မာဆပ်သွားနှိပ်ရင်း မာဆပ်မနဲ့ကြိုက်ကြပါတယ်
အမျိုးသားဘက်ကချမ်းသာပါတယ် ကျမကမချမ်းသာ သာမန်လူတန်းစားပါ
အဲမိန်းမကိုသိသွားတော့ ကောင်းကောင်းမွန်မွန်ပဲ 2ယောက်လုံးကိုရပ်တန်းကရပ်ဖို့ပြောခဲ့တယ်
ကျမက ကလေးတယောက်ရှိနေပြီလေ
ကိုယ့်မိသားစုမပြိုကွဲအောင်ထိန်းသိမ်းမယ်ေပါ့
အဲမိန်းမကကိုယ့်ကိုတောင် မယားငယ်တို့သုံးတဲ့စကားတွေနဲ့ပြောတာပေါ့
ဥပမာ ကိုယ့်လင်ကိုယ်သာနိုင်အောင်ထိန်းပေါ့ ကိုယ့်လင်ကလဲမနိုင်ပါဘူး
မမြင်ဖူး မူးမြစ်ထင်နေပြီ မရတော့ဘူး စိတ်ကမရဘူး
အဲလိုဟာနဲ့ရန်ပြိုင်မဖြစ်ဘူးတွေးထားပေမယ့် မနေနိုင်ဘူးရှင်
ပိုးစိုးပက်စက်တွေပြန်ပြောမိရော အံမယ် ကျမရဲ့ချစ်လှစွာသောခင်ပွန်းက အလုပ်အကြောင်းပြပြီး သွားခိုးတွေ့ရင် ကျမကတန်းသိတာပဲ
သူ့မယားငယ်က တွေ့လား ငါပိုင်တယ်ဆိုတဲ့အထာနဲ့ ကျမသိအောင် သတင်းပို့တော့တာပဲ
ဒါမှကျမက မခံနိုင်ပဲ မြန်မြန်ကွာရှင်းမှာလေ ခုဆိုသူတို့တွဲတာကိုသိတာ 9လလောက်ရှိပြီ
ကလေးတစ်လလောက်မှာသိရတာဆိုတော့လေ
ကိုယ့်အပေါ်ဒီလိုသစ္စာမရှိတဲ့လူကို တုန်နေအောင်ချစ်နေတုန်းပဲရှင်
ကိုယ့်ကိုကိုယ်လဲမုန်းမိပါတယ် ခံစားလိုက်ရတာလဲ အသေအလဲပါပဲ
ကိုယ့်ကလေးလေးကြောင့်အားတင်းထားတယ် အပြင်ပန်းကြည့်ရင် ပျော်စရာမိသားစုလေးပါ
ခုတော့ ဆုံးဖြတ်ထားတယ် သူ့ကိုတရားစွဲမယ် ကျမမှာသက်သေလုံလောက်ပါတယ်
ထောင်က7နှစ်တော့မကျဘူး 3နှစ်လောက်တော့ကျမယ်တဲ့
သူ့မိဘတွေ မောင်နှမတွေရယ် ကလေးမျက်နှာကြောင့်ရယ်တရားမစွဲဖြစ်ရင် သားအမိ2ယောက်စာ နစ်နာကြေးတောင်းပြီး ထွက်သွားတော့မယ်ရှင့်
သူတို့ဘက်က ပိုက်ဆံရှိတော့ လုံလောက်အောင်ပေးနိုင်တဲ့အနေအထားပါ
သူ့မယားငယ်ကတော့ပြောတယ်ရှင့် သူကငွေမမက်ဘူး မေတ္တာစစ်နဲ့ချစ်တာတဲ့
ကျမလဲပြောလိုက်ပါတယ် ဟုတ်တယ်ဟေ့ ငါကငွေမက်လို့ယူခဲ့တာလို့
အမျိုးသားကတော့ မကွာရှင်းေပးဘူးတဲ့ ကျမတို့သားအမိကိုလဲမစွန့်လွှတ်နိုင်ဘူးတဲ့
သူ့ဟာကိုလဲပြတ်ပြီပြောပြီး မပြတ်ကြတာ ကျမအသိဆုံးပါပဲရှင်
နင်စွန့်လွှတ်စရာမလိုဘူး ငါပဲနင့်ကိုစွန့်ပစ်ခဲ့မယ်လို့ပဲ ပြောလိုက်ပါတယ် အကြံလေးနည်းနည်းလောက် ပေးပေးကြပါရှင့်
အစ်မတို့ ညီမတို့ရေ
ကိုယ့်မိသားစုမပြိုကွဲအောင်ထိန်းသိမ်းမယ်ပေါ့
အမျိုးသားကတော့ မကွာရှင်းပေးဘူးတဲ့ ကျမတို့သားအမိကိုလဲမစွန့်လွှတ်နိုင်ဘူးတဲ့