ညီမက22နှစ်ပြည့်တော့မှာပါကောင်လေးက22နှစ်ပြည့်ပီးပါပီ
ညီမစိတ်ထဲကောင်လေးကိုအမြင် မကြည်လို့ပါ
ညီမကပဲလွန်နေတာလားသူကပဲလွန်နေတာလားသိချင်လို့ပါ
ညီမကောင်လေးက အလုပ်မအားပါဘူး မနက်10လောက်ကနေ ည8လောက်ထိ အလုပ်လုပ်ရပါတယ်
တချို့ရက်တွေဆို မနက်5ကနေည9လောက်ထိလုပ်ရပါတယ်
ညီမကလည်းမနက်7လောက်ကနေ ည8ထိလုပ်ရပါတယ်
နှစ်ယောက်လုံးမအားပါဘူး တပတ်မှာတရက်တော့ပိတ်ပါတယ်
နှစ်ယောက်လုံးက သူကအတွယ်အတာမရှိတယောက်ထဲနေတတ်တဲ့သူမျိုးပါ
သူ့ခေါင်းထဲအမေနဲ့ညီမပဲရှိတယ်လို့ပြောပါတယ် ဒါမဲ့ညီမတို့မရှိလဲသူကအဆင်ပြေတယ်
ပြောပါတယ် အဲ့လိုပြောရင်ညီမကမကြိုက်ပါဘူး
အဲ့ခါကျသူကမင်းတို့မိန်းမတွေကတော်ကီကျွေးပီးလိမ်တဲ့သူတွေမှ သဘောကျတာတဲ့
တကယ်အမှန်တိုင်းပြောရင် မကြိုက်ကြဘူးလို့ပြောပါတယ်ာင်လေးကမနက်ဆိုmorningနေ့လည်ဆိုစားပီးပီးလားဘာညာပို့ပါတယ်
ညအလုပ်ပီးရင်နှစ်ယောက်စကားပြောလိုက်gameဆော့လိုက်လုပ်ပါတယ်
gameကိုသူကအရမ်းကြိုက်ပါတယ် နည်းစနစ်တကျဆော့တယ်
ညီမကတလွဲလုပ်မိရင်သူကဆူပီးဆရာလုပ်ပါတယ် ညီမကဆရာလုပ်တာမကြိုက်ပါဘူးမှားနေရင်တောင်ပြောတာမကြိုက်ပါဘူး
အဲ့တော့ရန်ဖြစ်ပါတယ်ရန်ဖြစ်ရင်ပြတ်တဲ့ထိဖြစ်တာပါပီးရင်တော့ပြန်တည့်ပါတယ်
ဒါမဲ့ညီမစိတ်ထဲမကျေနပ်ပါဘူးပြတ်မယ်ဆိုတာကိုလဲသူကပဲစစပြောတာပါ
ပီးရင်တော့သူကပြနခေါ်ပါတယ်ရန်ဖြစ်လို့မခေါ်ချိန်မှာလဲ
ညီမအကောင့်ကို4နာရီခြားတခါလောက်ဝင်ကြည့်ပါတယ်
သူကရန်ဖြစ်တိုင်းပြတ်မယ်သူ့ထက်သာတဲ့သူကိုရှာ သူကအကောင်းဆုံးလုပ်ပေးနေတာ
မကျေနပ်လဲမတတ်နိုင်ဘူးလို့ပြောပါတယ်
သူကအရက်မသောက်ဆေးလိပ်မသောက်ကွမ်းမစားသလိုတခြားကောင်မလေးတွေနဲ့လဲမပြောပါဘူး
သူလုပ်သမျှကိုလဲစာပို့ပီးပြောပြပါတယ်သူ့ပိတ်ရက်တိုင်းလဲညီမနဲ့ပဲတွေ့ပီးအချိန်ကုန်တာပါ
ခြုံကြည့်ရင်ကောင်းသလိုလိုနဲ့ညီမပေါ်ဂရုမစိုက်ဘူးအချိန်မပေးဘူးခံစားရတယ်
မချစ်ဘူးလို့ခံစားနေရတယ်သူပြောတဲ့စကားတွေကညီမကိုအထိနာစေပါတယ်
ညီမကပဲ sensitive ဖြစ်ပီးလိုက်ခံစားနေတာလားတော့မသိပါဘူး
မကောင်းဘူးလို့ဘယ်အချက်ကိုရှာပြောရမလဲမသိပါဘူး
ဒါမဲ့မကောင်းတော့မကောင်းဘူးဖြစ်နေပါတယ်ညီမကိုသိပ်ဂရုမစိုက်ဘူးခံစားရလို့ပါ
collectionတို့profileတို့မှာညီမပုံတင်ထားပေမဲ့သူကညီမနဲ့ပတ်သတ်တဲ့postသိပ်မတင်ပါဘူ
းအကြာကြီးနေမှတခါလောက်တင်ပါတယ်fbလဲမသုံးပါဘူး
ညီမကကျတင်ချင်ပါတယ်သူအဲ့လိုမတင်တာလဲမချစ်လို့လို့ခံစားရပါတယ်
ညီမဘက်ကလွန်လားသူဘက်ကလွန်နေတာလားသိချင်လို့ပါ