ညမကိုကျေးဇူးပြု၍စဥ်းစားပေးကြပါအူး
ညမနဲ့ညမကောင်တွဲလာတာ၃နှစ်ကျော်ပါပီး
အနေဝေးနေတဲ့အချိန်မှာ သူ့ရဲ့၃လလောက်ဘဲတွဲခဲ့တဲ့Exနဲ့ပြန်ပက်သက်နေတာပါ
အဲ့exမနဲ့လည်းညမနဲ့ခင်ပါတယ် ညမနဲ့ ညမကောင်လေး၃နှစ်ကျော်တွဲနေတာလည်းသူသိပါတယ်
အခြေနေ ညမကောင်လေးနဲ့ခဏဝေးနေတဲ့ချိန်မှာ exမက ညမကောင်လေးနေတဲ့မြို့ကိုအလုပ်ကိစ္စနဲ့လာရင်းပြန်တွဲနေကြတာ
အဲ့တာကိုညမကသိလို့ ညမကောင်လေးကိုမေးတော့မဟုပါဘူး ဖြေတယ်
အဲ့တာမယုံလို့ အဲ့အမကိုမေးလိုက်တာ ဟုတ်တယ်တွဲနေတာတဲ့
ညမနဲ့ပြတ်ပီးပြောလို့တွဲတာတဲ့ ညမအရမ်းခံစားရပါတယ်
၃နှစ်ကျော်တွဲလာတဲ့သံယောဇဥ်ရော အရူးလုပ်ခံရတာရောဆိုပီး ဒေါသထွက်ထွက်နဲ့ပြောလိုက်တာ သူကညမကိုယူမယ်တဲ့
သူ့ကမြူဆွယ်လိုစိတ်ပါသွားတာပါတဲ့
(exအမကပြောတာတော့သူအလုပ်ကိစ္စနဲ့၁လလုံးအဲ့မြို့မှာ သူနဲ့living togetherအတူနေခဲ့တာတဲ့ )
ညမကောင်လေးမေးတော့မဟုတ်ပါဘူးအတူမနေခဲ့ပါဘူးတဲ့
ညမဘယ်သူ့ကိုယုံရမလည်းမသိဘူး ညမကိုကူစဥ်းစားပေးကြပါအူး
သူ့ကိုမစွန့်လွှတ်နိုင်သလို ခွင့်လွှတ်ပြန်တော့ ဖောက်ပြန်ခဲ့တဲ့ပုံရိမ်ကြီးကမြဲစိုးရိမ်ပီး
ကိုယ့်ကို အမြဲလိမ်မယ်လိုထင်နေခဲ့တာ (စာရှည်သွားရင်တောင်းပန်ပါတယ်🙏)