ကျွန်မ ရင်ဖွင့်ချင်လို့ပါ
ညီမ စာလေးကိုလည်း ဖတ်ပီး အကြံလေးပေးပါအုံးနော်
ညီမတို့ အိမ်ထောင်ကျတာ ၄ နှစ်ပါ ၇ လ အရွယ် သားလေး တစ်ယောက်ရှိပါတယ်
ညီမက အသက် ၂၈ အမျိုးသားက ၃၀ ပါ ညီမက ဝန်ထမ်း
သူက အခြားအလုပ်ပါဇာတိကလည်း မတူပါဘူး
သူအလုပ်လုပ်တာကလည်း အဝေးမှာ ထွက်လုပ်တာပါ
အလုပ်နဲ့ဆိုတော့ တစ်နေရာစီနေရတာပါ
အတူတူနေရတာက သူအလုပ်နားတဲ့ ၂ လ ၃ လလောက်ပဲ ညီမဆီ ပြန်လာနေပါတယ်
ဒါတောင် သူ့မိဘဆီသွားလိုက် ညီမဆီ လာလိုက်နဲ့ ၂ လ ၃ လ ကုန်သွားပါတယ်
ညိိီမ အမျိုးသားက အဝေးမှာ အလုပ်သွားလုပ်နေရင်း ညီမ ကိုယ်ဝန် ၃ လ နဲ့တုန်းက သူက ဖောက်ပြန်ပါတယ်
ကောင်မလေးနဲ့ တည်းခိုခန်းသွားအိပ်ပီး ပိုက်ဆံပါ ပေးလိုက်ပါတယ်
ညီမ သိသွားတော့ (အကြောင်းပြချက်က ညီမတို့ ယူပီးတော့ညီမကို အလုပ်ထွက်ခိုင်းပီး သူ့ အိမ်ကို လိုက်နေခိုင်းတာ မလိုက်လို့ ရွဲ့ပီး ဖောက်ပြန်တာလို့ ပြောပါတယ် )
အဲ့ဒါနဲ့ ကွာရှင်းမယ်ပြောပါတယ်
သူက နောက်မလုပ်တော့ပါဘူး ကလေးလည်း ရှိသေးတာ ကလေးမျက်နှာ ကြည့်ပါလို့ ပြောပါတယ်
အဲ့ဒါနဲ့ ဖုန်းထဲက ပြောပီး ဖုန်းထဲမှာပဲ စကားများပီး ညီမလည်း ကလေးလည်း ရတော့မှာမို့ ပြန်လက်ခံပေးလိုက်ပါတယ်
ကလေး မမွေးခင်အထိ ဖုန်းထဲကနေ ပြဿနာတွေ ဖြစ်ရတာ အမျိုးမျိုးပါပဲ
ဒီလိုနဲ့ ညီမ ကလေးမွေးတာပေါ့
သူ့အလုပ်က လည်း နားရတဲ့လရောက်လာတာပေါ့
ညီမ ဆေးရုံမှာ ကလေး ခွဲမွေးနေရတဲ့အချိန် ဆေးရုံလာစောင့်ပီး သူက နောက်တစ်ယောက်နဲ့ အပြန်လှန် စာပို့ပီး ကြည်နူးနေပါတယ်
(ကလေးမွေးစရိတ်တွေကတော့ သူ အကုန် ပြည့်စုံအောင် လုပ်ပေးပါတယ် ၁၅ သိန်းကျော်လောက် ကုန်ပါတယ် )
ကလေး မွေးပီး ၁၅ ရက်လောက်နေတော့အလုပ်နားရတဲ့ လလေးမှာ ညီမနဲ့ကလေးနား မနေပဲ
သူဇာတိ သူ့ မိဘတွေဆီ ပြန်သွားပါတယ်
မပြန်ခင်မှာလည်း စာပို့တဲ့ တစ်ယောက်နဲ့ ပဲ ထပ်ဖောက်ပြန်ပါတယ်
သူပြန်သွားတော့ ညီမမှာ ကလေး လသားလေးနဲ့ ညဘက်အိပ်ရေးတွေပျက် ဒုက္ခတွေရောက်တာပေါ့
ညီမကလေးမွေးလို့ မိဘတွေက လာပီး စောင့်ရှောက်ပေးပါတယ်
ခုထိလည်း မိဘတွေက ကလေးနဲ့ တစ်ယောက်ထဲမို့ လာပီး စောင့်ရှောက်ပေးနေပါတယ်
သူကတော့ ကလေး ၃ လပြည့်မှ ညီမဆီ ပြန်လာတယ် အဲ့လာတဲ့အချိန်လေးကို စာပို့တဲ့ တစ်ယောက်နဲ့
အပြင်သွားတွေ့ပီး တစ်နေကုန် ပျော်ပါးပီး ညနေမှ ပြန်လာပါတယ်
တစ်ဖက်က မိန်းကလေးကလည်း ကလေးတစ်ယောက်အမေ တစ်ခုလပ်ပါ
သူကတော့ အပျိုထင်ပေမဲ့ နောက်မှ ကလေးအမေဆိုတာ သိရတာတဲ့
သူ့ကို ဖုန်းဘေ ပိုက်ဆံ ဖိနပ်ကအစ သူ လိုတာ အဲ့မိန်းမ အကုန်ပေးလို့ သူ ကပ်နေခဲ့တာပါလို့ ပြောပါတယ်
တစ်ဖက်ကလည်း သူ့ကို အိမ်ထောင်သည်မှန်း သိသွားပါတယ်
သိလည်း ဒီက ထပ်ဆက်သွယ်ရင် ဟိုကလည်း လက်ခံပါတယ် သားသား ၃ လပြည့်လို့ ဆိုပီး
အဲ့မိန်းမက အမျိုးသားကို ဖုန်းဘေထည့်ပေးတာ ညီမတောင်သိပါတယ်
အမျိုးသားကတော့ မိန်းမနဲ့ သားသားလေးကိုတော့ ဘယ်တော့မှ ထားမသွားဘူးလို့ ပြောပါတယ်
ညီမ သည်းမခံနိုင်တော့ မိဘတွေရှေ့ မှာ ပြဿနာ ဖြစ်ပါတယ်
စကားများရာထဲမှာ မိဘတွေပါ ပါလာတာပေါ့
ညီမမိဘတွေနဲ့ပါ သူနဲ့ ပြဿနာတွေဖြစ်ကြပါသေးတယ်
ဒီလိုနဲ့ ညီမဆီ ၁လ လောက်နေပီး သူ့မိဘတွေဆီ ထပ်ပီးပြန်သွားပါတယ်
သူအလုပ်သွားခါနီးမှ ညီမဆီ ပြန်လာပီး ခု သူ့ အလုပ်ထဲမှာပါ
ညီမကတော့ သူ့ကို စိတ်ကုန်နေပါပီ လက်လွှတ်လိုက်ချင်ပီ
သူနဲ့ ဆက်ပတ်သက်နေရတာ မပျော်တော့ဘူး
သူအလုပ်လုပ်နေတာကလည်း ညီမနဲ့ သားသားအတွက်ပါလို့ ပြောနေပေမဲ့ ညီမ သူ့ ကို မယုံတော့ဘူး
အတူနေရတဲ့လက နည်းတော့ သူဘာပြောပြော မယုံတော့ဘူး
သူ့ဆီ ညီမ ညဘက်တွေ ဖုန်းခေါ်ရင်တောင် မအားတာက များနေတာ
ညီမက ကွာရှင်းချင်တာ သူက ကွာမပေးပါဘူး
ညီမ ဘယ်လိုလုပ်ရမလဲ အကြံပေးကြပါအုံးနော်
ကြၽန္မ ရင္ဖြင့္ခ်င္လို႔ပါ
ညီမ စာေလးကိုလည္း ဖတ္ပီး အႀကံေလးေပးပါအုံးေနာ္
ညီမတို႔ အိမ္ေထာင္က်တာ ၄ ႏွစ္ပါ ၇ လ အ႐ြယ္ သားေလး တစ္ေယာက္ရွိပါတယ္
ညီမက အသက္ ၂၈ အမ်ိဳးသားက ၃၀ ပါ ညီမက ဝန္ထမ္း
သူက အျခားအလုပ္ပါဇာတိကလည္း မတူပါဘူး
သူအလုပ္လုပ္တာကလည္း အေဝးမွာ ထြက္လုပ္တာပါ
အလုပ္နဲ႔ဆိုေတာ့ တစ္ေနရာစီေနရတာပါ
အတူတူေနရတာက သူအလုပ္နားတဲ့ ၂ လ ၃ လေလာက္ပဲ ညီမဆီ ျပန္လာေနပါတယ္
ဒါေတာင္ သူ႔မိဘဆီသြားလိုက္ ညီမဆီ လာလိုက္နဲ႔ ၂ လ ၃ လ ကုန္သြားပါတယ္
ညိိီမ အမ်ိဳးသားက အေဝးမွာ အလုပ္သြားလုပ္ေနရင္း ညီမ ကိုယ္ဝန္ ၃ လ နဲ႔တုန္းက သူက ေဖာက္ျပန္ပါတယ္
ေကာင္မေလးနဲ႔ တည္းခိုခန္းသြားအိပ္ပီး ပိုက္ဆံပါ ေပးလိုက္ပါတယ္
ညီမ သိသြားေတာ့ (အေၾကာင္းျပခ်က္က ညီမတို႔ ယူပီးေတာ့ညီမကို အလုပ္ထြက္ခိုင္းပီး သူ႔ အိမ္ကို လိုက္ေနခိုင္းတာ မလိုက္လို႔ ႐ြဲ႕ပီး ေဖာက္ျပန္တာလို႔ ေျပာပါတယ္ )
အဲ့ဒါနဲ႔ ကြာရွင္းမယ္ေျပာပါတယ္
သူက ေနာက္မလုပ္ေတာ့ပါဘူး ကေလးလည္း ရွိေသးတာ ကေလးမ်က္ႏွာ ၾကည့္ပါလို႔ ေျပာပါတယ္
အဲ့ဒါနဲ႔ ဖုန္းထဲက ေျပာပီး ဖုန္းထဲမွာပဲ စကားမ်ားပီး ညီမလည္း ကေလးလည္း ရေတာ့မွာမို႔ ျပန္လက္ခံေပးလိုက္ပါတယ္
ကေလး မေမြးခင္အထိ ဖုန္းထဲကေန ျပႆနာေတြ ျဖစ္ရတာ အမ်ိဳးမ်ိဳးပါပဲ
ဒီလိုနဲ႔ ညီမ ကေလးေမြးတာေပါ့
သူ႔အလုပ္က လည္း နားရတဲ့လေရာက္လာတာေပါ့
ညီမ ေဆး႐ုံမွာ ကေလး ခြဲေမြးေနရတဲ့အခ်ိန္ ေဆး႐ုံလာေစာင့္ပီး သူက ေနာက္တစ္ေယာက္နဲ႔ အျပန္လွန္ စာပို႔ပီး ၾကည္ႏူးေနပါတယ္
(ကေလးေမြးစရိတ္ေတြကေတာ့ သူ အကုန္ ျပည့္စုံေအာင္ လုပ္ေပးပါတယ္ ၁၅ သိန္းေက်ာ္ေလာက္ ကုန္ပါတယ္ )
ကေလး ေမြးပီး ၁၅ ရက္ေလာက္ေနေတာ့အလုပ္နားရတဲ့ လေလးမွာ ညီမနဲ႔ကေလးနား မေနပဲ
သူဇာတိ သူ႔ မိဘေတြဆီ ျပန္သြားပါတယ္
မျပန္ခင္မွာလည္း စာပို႔တဲ့ တစ္ေယာက္နဲ႔ ပဲ ထပ္ေဖာက္ျပန္ပါတယ္
သူျပန္သြားေတာ့ ညီမမွာ ကေလး လသားေလးနဲ႔ ညဘက္အိပ္ေရးေတြပ်က္ ဒုကၡေတြေရာက္တာေပါ့
ညီမကေလးေမြးလို႔ မိဘေတြက လာပီး ေစာင့္ေရွာက္ေပးပါတယ္
ခုထိလည္း မိဘေတြက ကေလးနဲ႔ တစ္ေယာက္ထဲမို႔ လာပီး ေစာင့္ေရွာက္ေပးေနပါတယ္
သူကေတာ့ ကေလး ၃ လျပည့္မွ ညီမဆီ ျပန္လာတယ္ အဲ့လာတဲ့အခ်ိန္ေလးကို စာပို႔တဲ့ တစ္ေယာက္နဲ႔
အျပင္သြားေတြ႕ပီး တစ္ေနကုန္ ေပ်ာ္ပါးပီး ညေနမွ ျပန္လာပါတယ္
တစ္ဖက္က မိန္းကေလးကလည္း ကေလးတစ္ေယာက္အေမ တစ္ခုလပ္ပါ
သူကေတာ့ အပ်ိဳထင္ေပမဲ့ ေနာက္မွ ကေလးအေမဆိုတာ သိရတာတဲ့
သူ႔ကို ဖုန္းေဘ ပိုက္ဆံ ဖိနပ္ကအစ သူ လိုတာ အဲ့မိန္းမ အကုန္ေပးလို႔ သူ ကပ္ေနခဲ့တာပါလို႔ ေျပာပါတယ္
တစ္ဖက္ကလည္း သူ႔ကို အိမ္ေထာင္သည္မွန္း သိသြားပါတယ္
သိလည္း ဒီက ထပ္ဆက္သြယ္ရင္ ဟိုကလည္း လက္ခံပါတယ္ သားသား ၃ လျပည့္လို႔ ဆိုပီး
အဲ့မိန္းမက အမ်ိဳးသားကို ဖုန္းေဘထည့္ေပးတာ ညီမေတာင္သိပါတယ္
အမ်ိဳးသားကေတာ့ မိန္းမနဲ႔ သားသားေလးကိုေတာ့ ဘယ္ေတာ့မွ ထားမသြားဘူးလို႔ ေျပာပါတယ္
ညီမ သည္းမခံႏိုင္ေတာ့ မိဘေတြေရွ႕ မွာ ျပႆနာ ျဖစ္ပါတယ္
စကားမ်ားရာထဲမွာ မိဘေတြပါ ပါလာတာေပါ့
ညီမမိဘေတြနဲ႔ပါ သူနဲ႔ ျပႆနာေတြျဖစ္ၾကပါေသးတယ္
ဒီလိုနဲ႔ ညီမဆီ ၁လ ေလာက္ေနပီး သူ႔မိဘေတြဆီ ထပ္ပီးျပန္သြားပါတယ္
သူအလုပ္သြားခါနီးမွ ညီမဆီ ျပန္လာပီး ခု သူ႔ အလုပ္ထဲမွာပါ
ညီမကေတာ့ သူ႔ကို စိတ္ကုန္ေနပါပီ လက္လႊတ္လိုက္ခ်င္ပီ
သူနဲ႔ ဆက္ပတ္သက္ေနရတာ မေပ်ာ္ေတာ့ဘူး
သူအလုပ္လုပ္ေနတာကလည္း ညီမနဲ႔ သားသားအတြက္ပါလို႔ ေျပာေနေပမဲ့ ညီမ သူ႔ ကို မယုံေတာ့ဘူး
အတူေနရတဲ့လက နည္းေတာ့ သူဘာေျပာေျပာ မယုံေတာ့ဘူး
သူ႔ဆီ ညီမ ညဘက္ေတြ ဖုန္းေခၚရင္ေတာင္ မအားတာက မ်ားေနတာ
ညီမက ကြာရွင္းခ်င္တာ သူက ကြာမေပးပါဘူး
ညီမ ဘယ္လိုလုပ္ရမလဲ အႀကံေပးၾကပါအုံးေနာ္