ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၇၄

ညီမနဲ့သူ လမ်းခွဲခဲ့တာတော့ ဒီနှစ်နဲ့ဆို ၄နှစ်ရှိပါပြီရှင့် (အသေးအမွှားကိစ္စလေးကနေ ရန်ဖြစ်ပြီ လမ်းခွဲခဲ့ကြတာပါရှင့် )

လမ်းခွဲခဲ့ပြီ တနှစ်ကျော်လောက်မှ သူ့ဘက်က ပြန်တွဲကြဖို့ လာပြောပါတယ်

ဒါပေမဲ့ညီမ ငြင်းခဲ့ပါတယ် နောက်ပိုင်း ဖုန်းနံပါတ်အသစ်တွေနဲ့ ဖုန်းဆက်လိုက်

ကိုယ့်ဘက်က စကားစပြောရင် ဖုန်းချလိုက် ပြီတော့ message တွေလည်း သူစိမ်းတယောက်လိုမျိူးပို့ပါတယ်

ကိုယ်က သူ့အသံကို ခွေးချီသွားရင်တောင် မှတ်မိတဲ့သူမို့ သူမှန်းသိနေတာပါ

( Message ပို့တဲ့ဖုန်းနံပါတ်ကို သူနဲ့ရော ကိုယ်နဲ့ပါ သူငယ်ချင်းဖြစ်နေတဲ့ တယောက်ကို စုံစမ်းခိုင်းတော့ သူ့နံပါတ်ပါပဲ )

အဲ့လိုမျိူးဖုန်းနံပါတ်စိမ်းတွေနဲ့ ဆက်သွယ်တာ ၂၀၂၁ လောက်ထိပါပဲ

ပြီတော့လေ Facebook ကနေ လာအပ်လိုက်

ညီမဘက်ကလည်း သူ့ကို နှစ်အကြာကြီးတွဲခဲ့တဲ့ သံယောဇဉ်လေးရှိနေတော့ လက်ခံခဲ့ပါတယ်

လပိုင်းကြာရင် သူ့ဘက်က block တာတို့ unfri လုပ်ပြီ ပြီရင် ပြန်ပြန်လာအပ်ပါတယ်

အဲ့တာသူဘာဖြစ်ချင်တာလဲရှင့် ညီမကိုမပြတ်နိုင်တာလား

ဒါမှမဟုတ် ညီမအကြောင်းကို သိချင်နေလို့လား အဲ့လိုတွေလုပ်နေတာ

အကြောင်းဥာဏ်လေးပေးကြပါအုန်းနော်




ကိုယ့်ဘက်က စကားစပြောရင် ဖုန်းချလိုက် ပြီတော့ message တွေလည်း သူစိမ်းတယောက်လိုမျိုးပို့ပါတယ်



အဲ့လိုမျိုးဖုန်းနံပါတ်စိမ်းတွေနဲ့ ဆက်သွယ်တာ ၂၀၂၁ လောက်ထိပါပဲ





