မင်မင်ရေ တင်သင့်မတင်သင့်ကတော့ မင်မင် ဆုံးဖြတ်ပြီး လုပ်ပါနော်။
မိန်းမသားတွေအတွက်ပါ။
smule မှာ ကာရာအိုကေ 🎤 ဆိုလို့ရတာအားလုံးသိမှာပါ။
အဲ့ဒီမှာ အခု live ဆိုလို့ရနေပါတယ်။
live ဆိုလို့ရတယ်ဆိုတာက အဲ့ live room ထဲမှာ လူနှစ်ယောက် တွဲဆိုတာပေါ့နော်။
အဲ့ live room မှာ တခြားသူတွေလဲရှိပါတယ်။
အဲ့လူတွေကတော့ နားထောင်အားပေးတာပေါ့နော်။
ဝါသနာက ဟုတ်ပါတယ် ထားပါတော့။
မိန်းမသားတို့ အမျိုးသားတွေ အဲ့ဒီမှာ အပျို / လူပျို ဟန်ဆောင်ပြီး အတွဲတွေလဲ ရှုပ်ပွ မွထ နေတာပါပဲ။
အဲ့ live တွေက public ရှိသလို private လဲလုပ်လို့ရပါတယ်။
ကိုယ့်လူဝင်လာရင် တခြားလူမမြင်အောင် ပိတ်လိုက်တာမျိုးပေါ့။
အမျိုးသားတို့ အမျိုးသမီးတို့ရေ fb မှာ ငြိမ်နေပြီး smule မှာ ရှုပ်နေတဲ့ သူတွေ အများကြီးမို့ သန့်ရှင်းတဲ့ society ဖြစ်အောင် ကိုယ့်လူကိုယ် သွားစစ်ကြပါလို့။
အကောင်းဆုံးကတော့ ကိုယ့်လူကို သီချင်းဆိုတာ တားမရဘူးဆိုရင် အတွဲပုံ တင်ခိုင်းထားပါ။
အကောင့်တု ဖွင့်ပြီး ဆိုနေရင်တော့ မသိဘူးလေနော်။
တစ်ချို့အကိုကြီးတွေတော့ အရမ်းတော် အရမ်း ကောင်းပါတယ်။
သူတို့အမျိုးသမီးနဲ့ နှစ်ယောက်ပုံလေးတွေ တင်ထားကြတယ်။
သူတို့မှာ အိမ်ထောင်ရှိကြောင်း ကလေးရှိကြောင်းလဲ ပြောတယ်။
တကယ့်အပျို ၊ လူပျိုတွေ အဲ့မှာ တွေ့ပြီး ချစ်ကြိုက်သွားကြရင် တော်ပါသေးတယ်။
ရည်းစားရှိရက်နဲ့ မယားရှိရက်နဲ့ အပျို၊ လူပျို ဟန်ဆောင်နေတာ မကြည့်နိုင်တော့လို့ပါ မင်မင်ရေ။
ကိုယ့်လူကိုယ် လာထိန်းကြပါ မိန်းမသားတို့ရေ
မိန်းမသားတွေအတွက်ပါ။