ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၇၆

အစ်မတို့ရေ အကြံလေးတောင်းချင်လို့ပါ

ညီမကောင်လေးနဲ့တွဲတာ ၄နှစ်နဲ့ ၂လရှိပါပြီ ညီမတို့ကsex caseမရှိပါဘူး

သူက လက်ထပ်ပြီးမှ ညီမဘဝကို ယူမယ်ပြောပါတယ်

စတွဲတည်းက မိန်းခလေးအရှုပ်အရှင်းမကြားဖူးပါဘူး

ညီမကိုလည်း အစစအရာရာဦးစားပေးပါတယ်

ညီမလိုတာတွေလည်း တက်နိုင်သမျှဖြည့်ဆည်းပေးတယ်

ခုသူက ညီမတို့ လက်ထပ်ရင် ပြည့်ပြည့်စုံစုံနေနိုင်အောင် စင်္ကာပူကို အလုပ်သွားလုပ်တော့မှာပါ

သူငယ်ချင်းတေကပြောတယ် နင်တို့ကြားမှ s*x caseမရှိတော့ နင့်ကောင်လေးကနင့်ကို ဟိုရောက်ရင်မေ့သွားမှာလို့ ပြောကြတယ်

သူက နင့်ဘဝကို မယူတာ တခြားနေရာမှာ ရနေလို့တဲ့ အ့လိုပြောကြတယ်ရှင်🥺

ညီမကတော့ သူ့ကိုယုံပါတယ် ဒါမယ့် s*x caseမရှိတော့ ဟိုရောက်ရင် သူအသစ်တွေ့သွားမှာစိုးလို့ပါ

အ့ကိစ္စမရှိတဲ့ အကိုတို့ရော စိတ်ပြောင်းသွားတက်ကြလားနော်

ညီမကတော့ သူက ငါ့ကိုတန်ဖိုးထားလို့ ငါ့ဘဝကိုမယူသေးတာလို့ပဲ မြင်မိပါတယ်

ခုက ၃/၄နှစ်လောက် ဝေးနေရမှာဆိုတော့ နဲနဲတော့ စိုးရိမ်လို့ပါရှင်🥺












